8 - 14

541 46 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 17
Chapter 8

၀ုန်း

ရွှမ်းရီတောင်တန်းဂိုဏ်းတစ်ခုလုံး တုန်ခါသွားခဲ့ပါပြီ။ အနက်ရောင်မီးခိုးလုံးကြီးတွေ တောင်ထိပ်ကနေ တလိမ့်လိမ့်တက်လာပါတော့တယ်။ ဒီမြင်ကွင်းက အလွန်ကို ကြောက်မက်ဖွယ် ကောင်းနေတာကြောင့် မြင်နေရသူ အားလုံး သွေးပျက်တုန်လှုပ်သွားကြမှာပါ။

“ဘာတွေ ဖြစ်နေတာလဲ”

“ကြည့်စမ်း.. အနက်ရောင်မီးခိုးလုံးတွေက အရမ်းကို ကြောက်ဖို့ ကောင်းတာပဲ”

“အဆိပ်ဘုရင်တစ်ယောက်ယောက် အနားဝန်းကျင်မှာ ရှိနေပြီလား”

“…”

ရွှမ်းရီတောင်တန်းဂိုဏ်းထဲ လတ်တလောမှ ဝင်လာကြတဲ့ တပည့်အများအပြားလည်း ကြောက်လန့်တကြား အော်ဟစ်ပြီး ၀ရုန်းသုန်းကား ဖြစ်နေကြပါပြီ။ မြေကျင်းရှိရင် သူတို့ ဝင်ပြေးပုန်းကြတော့မယ့်ပုံပါပဲ။

လွန်ခဲ့တဲ့ နှစ်ဝက်ကျော်လောက်ကတည်းက ဂိုဏ်းထဲ ရောက်ရှိခဲ့တဲ့ တပည့်တွေကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြပေးလိုက်ကြပါပြီ။

“မကြောက်ကြပါနဲ့။ ဂိုဏ်းချုပ်က ကျင့်စဉ်အသစ်ကို လေ့ကျင့်နေတာပါ”

“အော်”

“ဟင်… ဒါကြောင့်လည်း ဂိုဏ်းချုပ်ဟာ ဒဏ္ဍာရီလာ မူလတာအို သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပေါ့။ သူက အရမ်းကို အစွမ်းထက်တာပဲ”

“ဂိုဏ်းချုပ်ကြီး ဖြစ်ထိုက်ပါပေတယ်။ ငါတို့တွေ ဂိုဏ်းချုပ်ကို ဘယ်လိုမှ လိုက်မှီနိုင်မှာ မဟုတ်ပါဘူးလေ”

“…”

ပကျူး ပကျူး ပကျူး
ကျီးကန်း တစ်ကောင် ဖြတ်ပျံသွား။

ပြောရရင် နှစ်စဉ်လိုလို ဒီလို အဖြစ်အပျက်တွေ ဖြစ်ပျက်နေတာ ဖြစ်ပြီး ဒီနှစ်မှာတော့ အကြိမ်ရေ ပိုစိပ်လာတယ် ဆိုရပါလိမ့်မယ်။

“ဟူး.. ငါ မအောင်မြင်သွားပြန်ဘူး”

ပိုင်ရီလည်း သက်ပြင်းချလိုက်ပြီး စိတ်ပျက်စွာ ရေရွတ်လိုက်ပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now