Book 18 Ch 1 - 7

554 41 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 18
Chapter 1
လူငယ်လေး.. မင်းပိုပြီး အစွမ်းမထက်ချင်ဘူးလား

ကျန်းဂျိချန်က ချင်းကျူထက် အသက်ပိုကြီးပေမယ့်လည်း နှစ်ဦးလုံးက ရင်းနှီးနေကြပြီး မကြာမကြာလည်း အရက်အတူတူ သောက်ဖူးခဲ့ပါတယ်။

အခု ကျန်းဂျိချန်တစ်ယောက် ပျောက်သွားပြီဆိုတော့ ချင်းကျူအနေနဲ့ ဂရုမစိုက်ပဲ မနေနိုင်ပါဘူး။

ဒါပေမဲ့ ချင်းကျူ ဘယ်လိုပဲ ရှာဖွေပါစေ ဘာကိုမှ ရှာမတွေ့တာကြောင့် အလွန်ကို အံ့ဩဖို့ ကောင်းနေပါပြီ။

ဆယ်မိနစ်လောက် အကြာမှာတော့ ချင်းကျူလည်း ဝိညာဉ်အာရုံကို ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်ရင်း တွေးနေမိပါတော့တယ်။

တစ်ခုသေချာတာကတော့ ဒီနေရာမှာ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း ၀င်္ကပါကော စကြ၀ဠာ ဂိတ်တံခါးတွေကော ရှိမနေခြင်းပါ။ မဟုတ်ဘူးဆိုရင် ချင်းကျူ အနေနဲ့ သေချာပေါက်ကို ရှာတွေ့ပါလိမ့်မယ်။

ဒါဆို ပြဿနာက ဘာလဲ။

အခုလို အခြေအနေမျိုးကို ချင်းကျူတစ်ခါမှ မကြုံဖူးသေးပါဘူး။

“ထားလိုက်ပါ။ ငါပဲ အထဲဝင်ကြည့်လိုက်တော့မယ်”

ဆုံးဖြတ်ပြီးသွားတာနဲ့ ချင်းကျူလည်း လှိုဏ်ဂူအပြင်ဘက်ကို ပျံသန်းရောက်ရှိလာခဲ့ပါပြီ။

လှိုဏ်ဂူ အ၀ဟာ ၃ မီတလောက် မြင့်ပြီး နှစ်မီတာလောက် ကျယ်ပါတယ်။ အထဲမှာ မှောင်မိုက်နေတာကြောင့် ဘာဆိုဘာမှကို မမြင်ရပါဘူး။ ဒီလှိုဏ်ဂူဟာ ကျယ်လွန်းတယ်လို့ မဆိုနိုင်ပေမယ့်လည်း လူဆယ်ဦးကျော်လောက်တော့ အေးအေးဆေးဆေး နေထိုင်လို့ရပါတယ်။

ပြောရရင် အခုပဲ ဝိညာဉ်အာရုံကို အသုံးပြုပြီး လှိုဏ်ဂူကို ချင်းကျူ စစ်ဆေးပြီးပါပြီ။ ဘာထူးခြားမှုမှကို သူရှာမတွေ့ပေမဲ့လည်း အထဲ ကိုယ်တိုင်ဝင်ကြည့်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။

ဖျောက်

လက်ဖျောက်တီးလိုက်တာနဲ့အတူ ရွှေရောင်အလင်းတွေ လှိုဏ်ဂူထဲ တောက်ပလာခဲ့ပြီး အမှောင်ထု လွင့်ပြယ်သွားခဲ့ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now