8 - 14

534 41 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 18
Chapter 8
စကြ၀ဠာ တည်ရှိမှု အဆင့်များ

လောင်ရှောင်ယု ရှင်ပြမှုကြောင့် မြင်မြတ်သော သိုင်းပညာ ခန်းမကို ချင်းကျူနဲ့ လောင်ကျန်းတို့ အမြန်ဆုံး နားလည်လာခဲ့ကြပါပြီ။

မြင့်မြတ်သော သိုင်းပညာ ခန်းမဟာ တခြား အဖွဲ့အစည်းတွေလိုမျိုး ကမ္ဘာတစ်ခုခုမှာ အခြေချနေတာ မဟုတ်ပဲ စကြ၀ဠာ ဟင်းလင်းပြင်ထဲမှာ တည်ရှိနေခဲ့တာပါ။

ရှီယင်ကတော့ သာမန် အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ပုံရပြီး သူ့ထက် ပိုပြီး အစွမ်းထက်တဲ့ အဆင့်မြင့် တန်ခိုးရှင်တွေလည်း မြင့်မြတ်သော သိုင်းပညာ ခန်းမမှာ ရှိနေပါသေးတယ်။ မြင့်မြတ်သော သိုင်းပညာ ခန်းမဟာ အလွန်ကို အင်အားကြီးမားလှတဲ့ အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပြီး လောကတစ်ခု တစ်ခုကိုတောင် အလွယ်ကလေး ဖျက်ဆီးနိုင်စွမ်း ရှိကြောင်းလည်း သိလာရပါပြီ။

ဘာဖြစ်လို့ သူတို့တွေက နဂါးဖြူ မျိုးနွယ်စုနဲ့ ရန်သူ ဖြစ်နေတာလဲ ဆိုတာကတော့ တရားကျင့်ကြံခြင်း ဆိုင်ရာ ရတနာတွေကို ယှဉ်ပြိုင် လုယူနေရတာကြောင့်ပါ။ ရွှမ်းရီတောင်တန်းဂိုဏ်းနဲ့ ကြယ်တာရာဂိတ်ဂိုဏ်းတို့ တစ်ချိန်တုန်းက သယံဇာတတွေ လုနေကြသလိုမျိုးပါပဲ။

ဒါပေမဲ့ သူတို့ အဆင့်မှာတော့ လိုအပ်တဲ့ ရတနာတွေဟာ သာမန် အဖွဲ့အစည်းတစ်ခု လိုအပ်နေတဲ့ ရတနာတွေလိုမျိုး မဟုတ်တော့ပါဘူး။ ဒါကြောင့် လောကကြီး တစ်ခု တစ်ခုကို သိမ်းပိုက်ဖို့ အတွက် သူတို့နှစ်ဖွဲ့ မကြာမကြာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တန်ခိုးရှင် အများအပြားရဲ့ မျက်လုံးထဲမှာ နဂါးမျိုးနွယ်စုဟာ သယံဇာတ အများအပြား ပိုင်ဆိုင်ထားတယ်လို့ မြင်နေကြပါတယ်။ အထူးသဖြင့် သွေးအမြုတေပါ။ သွေးအမြုတေတွေဟာ အလွန်ကို အဖိုးထိုက်တန်ပြီး တန်ခိုးကျင့်စဉ် အခြေခံကို တိုးတက်စေရုံတင် မကပဲ ခန္ဓာကိုယ်နဲ့ ပါရမီအစွမ်းကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။

တစ်ချိန်တုန်းက သက်တမ်းကုန်ဆုံးလုလု ဖြစ်နေတဲ့ မြင့်မြတ်သော သိုင်းပညာ ခန်းမက အဆင့်မြင့် တန်ခိုးရှင် တစ်ဦးဟာ နဂါးဖြူ မျိုးနွယ်ရဲ့ အကြီးအကဲတစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ အဆိုပါ အဆင့်မြင့် တန်ခိုးရှင်ဟာ နဂါးဖြူမျိုးနွယ် အကြီးအကဲရဲ့ အသွေးနဲ့အသားကို ဆေးအဖြစ် သွန့်စင်သွန်းလောင်းပြီး အရိုးတွေကို လက်နက်အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အဆိုပါ အကြီးအကဲရဲ့ အစွမ်းဟာ အဆများစွာ တိုးတက်လာခဲ့ပြီး အဆင့်တူ တန်ခိုးရှင်တွေ အကြားမှာ ပြိုင်ဘက်ကင်းသူ ဖြစ်လာပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now