Book 19 Ch 1 - 7

424 35 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 19
Chapter 1

လေထုတည်ရှိမှု စုတ်ပြဲသွားခဲ့ပါပြီ။ လောင်ချိန်တစ်ယောက် မီတာရာပေါင်းများစွာကို တဒင်္ဂအတွင်း ဖြတ်ကျော်ပြီး လောင်အော်အရှေ့ ပေါ်ထွက်လာပါတော့တယ်။ လောင်ချိန်ရဲ့ ပါးစပ်ကနေ အဖြူရောင် မီးလျှံတွေကို မှုတ်ထုတ်လိုက်ပါပြီ။

တဒင်္ဂအတွင်း ပတ်ဝန်းကျင် အပူချိန်ဟာ ပြင်းထန်စွာ မြင့်တက်လာခဲ့ပြီး မီးလျှံတွေ ဖုံးလွှမ်းလာပါတော့တယ်။ ငါးကီလိုမီတာ ဝန်းကျင်အတွင်းက ပန်းပွင့်တွေ သစ်ပင်တွေ အားလုံး အပူလှိုင်းကြောင့် ပြာကျသွားခဲ့ကြပါပြီ။ စကြ၀ဠာ တည်ရှိမှုတောင်မှ ဒီအပူချိန်ကို မခံနိုင်ပဲ အနည်းငယ် လိမ်တွန့်လာပါတော့တယ်။

“လောင်ချိန်… ငါ့ကို အဆိုးမဆိုနဲ့တော့”

လောင်အော်လည်း ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ အဆုံးအစမဲ့ ဝိညာဉ်စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ကနေ ဖြာထွက်လာခဲ့ပြီး အဖြူရောင် မီးလျှံတွေကို ခုခံထားလိုက်ပါပြီ။

“ဟမ့်.. မပြီးသေးဘူးကွ”

လောင်ချိန်တစ်ယောက် အေးအေးဆေးဆေး ရှိနေခဲ့ပါတယ်။ လောင်အော်က သူ့သိုင်းကွက်ကို ခုခံနိုင်လို့လည်း အံ့အားသင့်ပုံ မရပါဘူး။ သူအရှေ့ကိုတစ်လှမ်းတိုးလိုက်ပါပြီ။ သူ့ညာဘက်လက်ဟာ လက်သည်းရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လောင်အော်ကို ကုတ်ချလိုက်ပါတော့တယ်။

“မင်းကို ငါက ကြောက်ရမှာလား”

ဩဇာအာဏာ ကြီးမားလွန်းတဲ့ လောင်ချိန်ရဲ့တိုက်ခိုက်မှုကြောင့် လောင်အော်လည်း နောက်ဆုတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ပြန်လည် တိုက်ခိုက်လိုက်ပါပြီ။

၀ုန်း

ဝိညာဉ်စွမ်းအင် နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိသွားတာကြောင့် မြေပြင် တုန်လှုပ်သွားခဲ့ပါပြီ။ ကောင်းကင်ယံတခွင်လုံး ဖုန်မှုန့်တွေ ကျောက်စကျောက်နတွေ လွင့်စဉ်နေပါတော့တယ်။ မကြာခင်မှာတော့ တခြား နဂါးဖြူမျိုးနွယ် တန်ခိုးရှင်တွေလည်း တိုက်ပွဲကို အာရုံစိုက်မိလာခဲ့ကြပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now