Book 20 Ch 1 - 7

461 41 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 20
Chapter 1
တုန်လှုပ်ဖွယ်ကောင်းသော နိမိတ်များ

“အဲဒါက လူသားတစ်ဦးပဲလား။ ဘာတွေ ဖြစ်ကုန်တာလဲ”

“နဂါးဖြူမျိုးနွယ်စုက လူသားတွေကို အမုန်းတီးဆုံးပဲ မဟုတ်ဘူးလား”

“အဲဒီတစ်ယောက်က ဘယ်သူလဲ”

“ငါလည်း မသိဘူး။ သူ့ကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး”

“…”

လောင်ရှောင်ယု ပေါ်ထွက်လာလာချင်းမှာပဲ အားလုံးရဲ့ တခဲနက် အားပေးသံတွေ ပေါ်ထွက်လာခဲ့ပါပြီ။ ချင်းကျူလည်း အားလုံးရဲ့ အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

မတတ်နိုင်ဘူးလေ။ လောင်ရှောင်ယုနံဘေးနားမှာ ရှိနေတဲ့ ချင်းကျူကို သတိမထားမိသူ ဘယ်ရှိပါ့မလဲ။

ပြီးတော့ အရေးအကြီးဆုံးအချက်က သူက လူသားတစ်ဦး ဖြစ်နေခြင်းပါ။

နဂါးဖြူမျိုးနွယ်စုဟာ လူသားတွေကို အမုန်းတီးဆုံး ဖြစ်ပြီး မြင့်မြတ်သော သိုင်းပညာ ခန်းမနဲ့ မကြာမကြာ တိုက်ခိုက်နေတယ်ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ အခုအချိန်မှာ နဂါးဖြူ မျိုးနွယ်စုရဲ့ မြင့်မြတ်သော နတ်မိမယ်က လူသားလူငယ်လေးတစ်ဦးနဲ့ အတူတူ ရှိနေခဲ့တယ်ဆိုတော့ ဘယ်သူက မတုန်လှုပ်ပဲ နေပါတော့မလဲ။

“အဲဒီတစ်ယောက်က ဘယ်နားကနေ ခုန်ထွက်လာခဲ့တာလဲ”

ချူရှောင်လည်း အံ့အားသင့်သွားခဲ့ပါပြီ။

လောင်ကန်နဲ့ အစောပိုင်းအချိန်တုန်းက တိုက်ခိုက်စဉ်မှာ ဝိညာဉ်အာရုံကို အသုံးပြုပြီး ကောင်းကင်ဘုံ ခြူးပျံကို စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ချင်းကျူ တည်ရှိနေမှုကို ဘယ်လိုမှ အာရုံခံလို့ မရခဲ့ပါဘူး။

အမှောင်ထုထဲမှာ မိစ္ဆာသခင်ဟာ စိတ်ဝင်စားမှု ပြည့်နှက်နေတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပါပြီ။

သူတို့တွေက တခါတရံမှသာ အပြင်ထွက်လာကြသလို အမြဲတမ်း ကြားနေအဖြစ်သာ နေကြတဲ့အတွက် မိစ္ဆာမျိုးနွယ်စုဟာ အခုလက်ရှိ ထိပ်တန်းအဖွဲ့အစည်းကြီး ၃ခုထဲမှာ အထူးဆန်းဆုံး အလျှို့ဝှက်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်နေခဲ့ပါတယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now