8 - 14

462 44 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 20
Chapter 8
တပ်မဟာကြီး

လောင်ရှောင်ယုဟာ ကောင်းကင်ဘုံ အင်ပါယာရဲ့ အမွေအနှစ်ကို အောင်အောင်မြင်မြင် ဆက်ခံ ရရှိသွားခြင်းက နတ်ဘုရားအင်းကွက် တွေ့ဆုံပွဲ ပြီးဆုံးသွားချိန်မှာ အများဆုံး ပြောစရာ စကား ဖြစ်သွားတော့မှာပါ။

ဒီတစ်ခေါက် ချူရှောင်နဲ့ မိစ္ဆာသခင်တို့ ကိုယ်တိုင် ပေါ်ထွက်လာခဲ့ခြင်းကလည်း လောင်ရှောင်ယုကြောင့်ပါပဲ။ သူတို့တွေဟာ အပြင်မှာ ထွက်ပေါ်လာခဲပါတယ်။

အစပိုင်းမှာတုန်းက လောင်ရှောင်ယုဟာ နဂါးဖြူမျိုးနွယ်စုရဲ့ မြင့်မြတ်သော မိန်းမပျို ဖြစ်ပြီး မျိုးဆက်သစ်တွေထဲ အစွမ်းအထက်ဆုံး ဖြစ်ပေမယ့်လည်း နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် မဆင်းသက်ရသေးပါဘူး။

သူမ အနေနဲ့ နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် မတက်လှမ်းနိုင်ခဲ့ဘူးဆိုရင် နောင်အချိန် နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ရှိခဲ့မယ် ဆိုရင်တောင်မှ သူမအနေနဲ့ မြင့်မြတ်သောသိုင်းပညာ ခန်းမကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေ ရောက်ရှိမှာမ ဟုတ်တော့ပါဘူး။ မြင့်မြတ်သော သိုင်းပညာ ခန်းမအနေနဲ့ အများဆုံးမှ တိုက်ပွဲတချို့မှာ ရှုံးနိမ့်ပြီး သယံဇာတ တချို့ လက်လွှတ်ဆုံးရှုံးခံလိုက်ရရုံသာ ရှိမှာပါ။

ဒါပေမဲ့ လောင်ရှောင်ယုက အစစ်အမှန် နတ်ဘုရား အဆင့် အမွေအနှစ်ကို ဆက်ခံ ရရှိသွားပြီးချိန်မှာတော့ လုံး၀ ပြောင်းလဲသွားခဲ့ပါပြီ။ နဂါးဖြူ မျိုးနွယ်စုမှာ အစစ်အမှန် နတ်ဘုရားနှစ်ပါး ပေါ်ထွက်လာခဲ့မယ်ဆိုရင် မြင့်မြတ်သော သိုင်းပညာ ခန်းမဟာ ပထမဆုံး ပစ်မှတ်ထား ခြေမှုန်းခြင်း ခံရမှာပါ။

ပြောရရင် အခုအချိန်အထိ နတ်ဘုရားအင်းကွက် စင်မြင့်ပေါ် တက်လှမ်းခဲ့တဲ့ ပါရမီရှင်တိုင်းဟာ အစစ်အမှန် နတ်ဘုရားအဆင့်ကို ခြွင်းချက်မရှိ ရောက်ရှိခဲ့ကြတယ် မဟုတ်လား။

ဒါကြောင့် အခုအချိန်မှာ လောင်ရှောင်ယုဟာ နဂါးဖြူမျိုးနွယ်စုရဲ့ မြင့်မြတ်သော နတ်မိမယ်ဖြစ်ရုံတင် မကတော့ပါဘူး။ လမ်းခရီးမှာ မတော်တဆ ဖြစ်ရပ်ကို မကြုံတွေ့ဘူးဆိုရင် သူမအနေနဲ့ နောက်ထပ် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာမှာပါ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now