Book 21 Ch 1 - 7

489 36 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 21
Chapter 1
အိမ်အပြန်ခရီး

မျက်စိတမှိတ် အချိန်အတွင်း နေ့ရက်တစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ။ လငွေယုန်ဟာ အိပ်စက်သွားခဲ့ပြီး ရွှေကျီးကန်းဖြစ်တဲ့ နေမင်း ဆင်းသက်လာခဲ့ပါပြီ။

ခြံဝန်းအတွင်း ဝိညာဉ်ကီတွေဟာ မြူခိုးတွေလို ဝေ့ဆိုင်းနေပါတယ်။ အမျိုးမျိုးသော ငှက်တွေ၊ သားရဲတွေ တောအုပ်အတွင်း အင်အားအပြည့်နဲ့ သွားလာနေကြပါပြီ။

ချင်းကျူလည်း မျက်လုံးကို ဖွင့်လိုက်ပြီး ပျင်းရိစွာ အညောင်းဆန့်လိုက်ပါတော့တယ်။ အခန်းထဲကနေ ရီဝေဝေနဲ့ အပြင်ကို လမ်းလျှောက်ထွက်လာခဲ့ပါပြီ။

နေရောင်ခြည်ဟာ သူ့ခန္ဓာကိုယ်ပေါ် ဖြာကျနေပြီး ပြီးပြည့်စုံတဲ့ ကျက်သရေ အသွင်ကြောင့် သူဟာ ပြီးပြည့်စုံသော ယောက်ျားကောင်းတစ်ဦး အသွင် ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။

“ဆရာ… နှိုးပြီလား”

အဝေးမှာတော့ ယန့်ရှီတစ်ယောက် သစ်သီးတစ်လုံးကို ဖက်ထားပြီး စားသောက်နေခဲ့ပါတယ်။ သူမရဲ့ ပါးနှစ်ဖက်ဟာ ဟမ်းစတားလေး တစ်ကောင်ရဲ့ ပါးလေးတွေလို ဖောင်းဖောင်းလေး ဖြစ်နေပါပြီ။

“အေး”

ချင်းကျူလည်း လှမ်းသတိပေးလိုက်ပါပြီ။

“အဆင်သင့် လုပ်ထားတော့။ ငါတို့ သွားကြတော့မယ်”

“ဟုတ်ကဲ့ ဆရာ”

ယန့်ရှီလည်း ခဏလောက် စဉ်းစားလိုက်ပြီး အနောက်မှာရှိတဲ့ သစ်တော်သီးပင်က သစ်သီးတချို့ကို ခူးယူလိုက်ပါတော့တယ်။ ပြီးတာနဲ့ သစ်သီးတွေကို ပွေ့ပိုက်ပြီး ချင်းကျူရဲ့ ပုံခုံးအထက် ပျော်ရွှင်စွာ ဆင်းသက်လာခဲ့ပါပြီ။

ချင်းကျူလည်း ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပါတော့တယ်။ သူမက ဘယ်နေရာရောက်ရောက် အစားစားတာ မရပ်တော့ဘူးလား။

စဉ်းစားရင်း ချင်းကျူလည်း လက်ညှိုးကို တစ်ချက် လှုပ်ရှားလိုက်ပါပြီ။ လက်စွပ်တစ်ကွင်း ပေါ်ထွက်လာပါတော့တယ်။

“ဒါက မင်းအတွက်”

“အဲဒါက ဘာလဲ”
ယန့်ရှီလည်း နားမလည်နိုင်စွာ လှမ်းမေးလိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now