8 - 14

506 40 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 21
Chapter 8
အပြင်လောက ကောင်းကင်ဘုံ နန်းတော်

“တိုက်ခိုက်ကြ။ နဂါးဖြူမျိုးနွယ်စုရဲ့ မြင့်မြတ်သော နတ်မိမယ်ကို သတ်ကြ”

မြင့်မြတ်သော သိုင်းပညာ ခန်းမက များပြားလှတဲ့ တန်ခိုးရှင်တွေဟာ လောင်ရှောင်ယုဆီကို ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာထားနဲ့ ပျံသန်းလာနေကြပါပြီ။ သူတို့တွေဟာ ဒိန်ခဲကို တွေ့လိုက်ရတဲ့ ကြွက်တွေလိုပဲ ရူးသွပ်နေကြပါတော့တယ်။

ဒီအချိန်မှာ လောင်ရှောင်ယုတစ်ယောက်တည်းကိုသာ သူတို့ မျက်စိထဲ မြင်နေကြပြီး ချင်းကျူကို လုံး၀ လျစ်လျူရှုထားခဲ့ကြတာပါ။

မျက်စိတမှိတ် အချိန်အတွင်း ရှေ့တန်းမှာ ရှိနေတဲ့ တန်ခိုးရှင် တစ်ဦးဟာ ကီလိုမီတာ ၅၀ ကို ဖြတ်သန်းပြီးသွားခဲ့ပါပြီ။ သူ့ရဲ့ လက်နက်ကို ဝှေ့ယမ်းပြီး အရှေ့မှာ ရှိနေတဲ့ လောင်ရှောင်ယုကို တိုက်ခိုက်လိုက်ပါတော့တယ်။

အဆုံးအစမဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ စာဖွဲ့လို့မရအောင် ပြင်းထန်တဲ့ လေဖိအားဟာ ကမ္ဘာငယ်လေးတစ်ခုကို ပျက်စီးသွားစေဖို့ လုံလောက်နေပြီ မဟုတ်လား။

လက်နက်ဟာ လောင်ရှောင်ယုကို ထိမှန်လုလု အချိန်မှာ မြင့်မြတ်သော သိုင်းပညာ ခန်းမက တန်ခိုးရှင်ဟာ လောင်ရှောင်ယု အော်ဟစ်တော့မယ့် အသွင်ကို မြင်ယောင်နေပါပြီ။ သူချက်ချင်း အော်ပြောလိုက်ပါတော့တယ်။

“ဆုလာဘ်က ငါ့အတွက်ပဲ”

ဒီအချိန်မှာ လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လာပါတော့တယ်။

၀ုန်း

ကြိတ်ဆုံလောက် အရွယ်အစားရှိတဲ့ ကြီးမားလှတဲ့ ပုဆိန်ကြီးဟာ လက်ညှိုကို ပိုင်းချလိုက်ပါပြီ။ တန်ခိုးရှင် မျှော်လင့်ထားတဲ့ မြင်ကွင်းမျိုးကို မမြင်တွေ့ခဲ့ရပါဘူး။ အဲဒီအစား သတ္ထုချင်း ထိတွေ့တဲ့ နားကွဲမတတ် ကျယ်လောင်တဲ့ အသံကြီး ပေါ်ထွက်လာပါတော့တယ်။

ချက်ချင်းဆိုသလိုပဲ စာဖွဲ့လို့မရနိုင်တဲ့ တန်ပြန်အင်အား ထွက်ပေါ်လာခဲ့ပါပြီ။ မြင့်မြတ်သော သိုင်းပညာ ခန်းမက တန်ခိုးရှင် မလှုပ်ရှားနိုင်ခင်မှာပဲ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး အနောက်ကို လွင့်စဉ်းသွားပါတော့တယ်။ သူ့ရဲ့ ပုဆိန်ကြီးဟာလည်း တခွင်ခွင်နဲ့ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now