Book 22 Ch 1 - 7

491 43 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 22
Chapter 1
ဖောက်ခွဲသတ်သေခြင်း

ခလွမ်

မှန်ကွဲတစ်ချပ်လိုပဲ စကြ၀ဠာတစ်ခုလုံး ရုတ်တရက်တစ်စီ ဖြစ်သွားခဲ့ပါပြီ။ ခပ်ပေါ့ပေါ့ အသံတစ်ခုနဲ့အတူ ဝတ်စုံနက်ဝတ် အဘိုးအို ဖြည်းဖြည်းချင်း ပြုတ်ကျလာပါတော့တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ဟာ အပိုင်းပိုင်း အစစ ဖြစ်နေပြီး စိတ်ဝိညာဉ်ကလည်း ပျက်စီးသွားခဲ့ပါပြီ။

အကြွင်းမဲ့ တိတ်ဆိတ်ခြင်း ကြီးစိုးသွားပါတော့တယ်။

အဝေးမှာတော့ အစောင့်အရှောက် ၃၀ ကျော်ဟာ တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါပြီ။ သူတို့ အိပ်မက် မက်နေတာပဲလား။

အကြီးအကဲဖန်းက သေဆုံးသွားပြီလား။

အဲဒါက နတ်ဘုရား ဘုရင်အဆင့် တန်ခိုးရှင်တစ်ဦးလေ။

“ညီလေး”

ဝတ်စုံဖြူဝတ် အဘိုးအိုလည်း အော်ဟစ်ပြေးလွှားလာပြီး ဝတ်စုံနက်ဝတ် အဘိုးအိုရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို ပွေ့ဖက်လိုက်ပါတော့တယ်။ သူ့မျက်ရည်တွေ စီးကျလာခဲ့ပါပြီ။

သူတို့ နှစ်ဦးဟာ ညီအစ်ကိုတွေ ဖြစ်နေကြရုံတင် မကပဲ လေ့ကျင့်ထားတဲ့ ကျင့်စဉ်ဟာလည်း တစ်ဦးနဲ့တစ်ဦး လိုက်လျောညီထွေမှု ရှိနေခဲ့ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး တစ်ခါမှ မခွဲခွာဖြစ်ခဲ့ပါဘူး။ ဝတ်စုံနက်ဝတ် အဘိုးအိုကို ချင်းကျူက တစ်ချက်တည်းနဲ့ သေအောင် သတ်နိုင်လိမ့်မယ်လို့ ဝတ်စုံဖြူဝတ် အဘိုးအို လုံး၀ ထင်မထားမိခဲ့ပါဘူး။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး”

ဝတ်စုံဖြူဝတ် အဘိုးအိုလည်း ဒေါသတကြီး အော်ဟစ်လိုက်ပါပြီ။

သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေပြီး ဝတ်စုံနက်ဝတ် အဘိုးအိုကို ကယ်တင်ကြည့်ဖို့ ကြိုးစားလိုက်ပါသေးတယ်။ ဒါပေမဲ့ ဝတ်စုံနက်ဝတ် အဘိုးအိုရဲ့ စိတ်ဝိညာဉ် ပျက်စီးလွင့်ပြယ်သွားပြီ ဖြစ်လို့ အသု့းမဝင်တော့ပါဘူး။

“အား.. မင်းကိုငါသတ်မယ်”

ဝတ်စုံဖြူဝတ် အဘိုးအိုလည်း ချက်ချင်းပဲ လက်ကို မြှောက်လိုက်ပါပြီ။ သူ့မျက်လုံးတွေ နီရဲနေပါတော့တယ်။ ချင်းကျူကို သူစိုက်ကြည့်လိုက်ပြီး စိတ်လွတ်သွားသလိုပါပဲ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now