8 - 14

497 37 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 22
Chapter 8
ကျန်တာ ငါ့တာဝန် ထားလိုက်

၀ုန်း

စကြ၀ဠာ အတွင်း အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်နှစ်ခု ရင်ဆိုင်မိပြီး စွမ်းအင်လှိုင်းတွေ ဖြာထွက်လာခဲ့ပါပြီ။

ဝိညာဉ်စွမ်းအင်တွေ ဖြတ်သန်းသွားရာ နေရာတိုင်းက မရေမတွက်နိုင်အောင်များပြားလှတဲ့ ဥက္ကာခဲတွေဟာ တစ်စစီ ကွဲကြေသွားကြပါတော့တယ်။

ဒီအချိန်မှာတော့ လောင်ဇူအီတစ်ယောက် ဘိုးဘေးသူတော်စင် နောက်ပိုင်းအဆင့် လူသားတန်ခိုးရှင် တစ်ဦးနဲ့ ရင်ဆိုင်တိုက်ခိုက်နေတာကို တွေ့လိုက်ရပါပြီ။ နဂါးဖြူ မျိုးနွယ်စုရဲ့ ခန္ဓာကိုယ် အစွမ်းနဲ့ ကျင့်စဉ်ကို အသုံးပြုထားတာကြောင့် လောင်ဇူအီ နည်းနည်းလေးမှ အရေးမနိမ့်ခဲ့ပါဘူး။

ဒါပေမဲ့လည်း နှစ်ဦးအကြား ကွာခြားမှု ရှိနေဆဲပါ။ ဒါပေမဲ့ အခုအချိန်အထိတော့ တစ်ယောက်ကိုတစ်ယောက် ဘာမှ မလုပ်နိုင်သေးပါဘူး။

အဝေးမှာတော့ နောက်ထပ် ဘိုးဘေးသူတာ်စင်တစ်ဦးဟာ လက်နှစ်ဖက်ကို ရင်ဘတ်အရှေ့ ယှက်ထားရင်း နှာခေါင်းရှုံ့လိုက်ပါပြီ။

“အစ်ကိုတော်ကျောင်း.. ဒီတစ်ယောက်ကို သိုင်းကွက်ဆယ်ကွက်အတွင်း အနိုင်ယူနိုင်မယ်ဆို… အခု သိုင်းကွက်တစ်ရာကျော်နေပြီ မဟုတ်လား”

“ဟမ့်.. ပေါက်ကရတွေ ပြောမနေနဲ့။ သူက အရွယ်ရောက်ပြီး နဂါးတစ်ကောင်ပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်ပါ့မလဲ”

အစ်ကိုတော် ကျောင်းဆိုသူက အေးစက်စွာ ပြောလိုက်ပါပြီ။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို အကန့်အသတ်အထိ ထုတ်သုံးပြီး ဖြစ်ပေမယ့်လည်း လောင်ဇူအီကို အနိုင်မရသေးပါဘူး။

သူ့နာမည်ကတော့ ကျောင်းကျင်းပါ။ ဒီနေရာကို ဖြတ်သန်းသွားချိန်မှာ နတ်ဘုရားလောကရဲ့ စွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာတာကို ခံစားမိလိုက်တာကြောင့် မိတ်ဆွေနဲ့အတူ လာကြည့်ဖြစ်ခဲ့တာပါပဲ။

လူသားတန်ခိုးရှင်တွေရဲ့ မျက်လုံးထဲမှာတော့ နဂါးဖြူတွေဟာ ထိပ်တန်းအဆင့် မှော်ရတနာတွေ ဖြစ်နေကြပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now