Book 23 Ch 1 - 7

486 31 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 23
Chapter 1
ကောင်းကင်ဘုံ ဂိတ်တံခါး

၀ုန်း ၀ုန်း

မီးလျှံတွေ လောင်ကျွမ်းနေသလို အပူချိန်ကလည်း အလွန်ကို မြင့်မားနေပါတော့တယ်။ ဆီစက်အနည်းငယ် ဝေကျလာပြီးနောက် တရှဲရှဲ မြည်သံတွေ ပေါ်ထွက်လာခဲ့ပါပြီ။

ချင်းကျူလည်း ကျောက်တုံးပြာလေးအထက် ထိုင်ရင်း လက်ကို မြှောက်လိုက်ပါတော့တယ်။ လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ပိုင်းဖြတ်ထားတဲ့ အသားကင် အတုံးအများအပြားဟာ ရှီတျန်း၊ ယန့်ရှီနဲ့ အဝေးမှာ ရှိနေတဲ့ ဟက်စကီကြီးတို့ဆီ ပျံသန်းသွားခဲ့ကြပါပြီ။ နောက်ဆုံးတော့ သူ့အတွက် အသားတုံးတွေ ထည့်လိုက်ပါတော့တယ်။

လောင်ဇူအီကတော့ အရိုးထဲထိအောင် မာနကြီးနေတဲ့အတွက် အဆင့်နိမ့် မိစ္ဆာသားရဲတွေရဲ့ အသားကို လက်ခံလိုစိတ် မရှိခဲ့ပါဘူး။ ပြီးတော့ ပြန်ရောက်လာချိန်ကစလို လောင်ဇူအီတစ်ယောက် တရားပဲ ကျင့်နေခဲ့ပါတယ်။ ဒါကြောင့်သူ့ကို ချင်းကျူ အရေးစိုက်မနေခဲ့ပါဘူး။

“မွှေးလိုက်တာ”

ယန့်ရှီလည်း ချီးကျူးလိုက်ပါပြီ။

ယန့်ရှီတစ်ယောက် မူလတာအို သူတော်စင်အဆင့် မိစ္ဆာသားရဲ အသားကို မစားရတာ အချိန်တော်တော်လေး ကြာသွားခဲ့ပြီ မဟုတ်လား။

ရှီတျန်းဟာ မူလတာအို သူတော်စင်သာ ဖြစ်နေပေမယ့်လည်း သူယူလာခဲ့တဲ့ မိစ္ဆာသားရဲ အသားက မူလတာအို သူတော်စင်အဆင့်သာ ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေဟာ ထိခိုက်မှု မရှိခဲ့ပါဘူး။ မိစ္ဆာသားရဲကို တစ်ချက်တည်းနဲ့ သေအောင်သတ်ခဲ့ပုံရပါတယ်။

ဒါကြောင့်လည်း ငရဲကိုးထပ် နန်းဆောင်က မြင့်မြတ်သော သားတော်ကို သူသတ်နိုင်ခဲ့တာ မထူးဆန်းတော့ပါဘူး။

ရှီတျန်းရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင် ယန့်ရှီကလွဲလို့ အဆင့်တူ တန်ခိုးရှင်အားလုံးနီးပါးကို အနိုင်ယူလို့ ရနေပါပြီ။

ယန့်ရှီဟာ ကောင်းကင်ဘုံ အင်ပါယာရဲ့ အမွေအနှစ်ကို ရရှိထားပြီး နောင်ကျရင် နတ်ဘုရာတစ်ပိုင်းအဆင့်ကို ရောက်ကိုရောက်မှာပါ။ တစ်နည်းဆိုရရင်တော့ ရှီတျန်းမှာ ဘာဆိုဘာမှ ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ သူ့ပါရမီအစွမ်းက ဘယ်လောက်တောင်မှ ကြောက်စရာကောင်းနေပြီလဲ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now