8 - 14

449 34 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 23
Chapter 8
နတ်ဘုရားသတ်ဖြတ်ခြင်း

ချက်ချင်းဆိုသလိုပဲ အင်အားနှစ်ခုဟာ မီတာထောင်ချီကို ချက်ချင်းဖြတ်ကျော်ပြီး ရင်ဆိုင်တွေ့သွားခဲ့ပါပြီ။

ချွမ်

တစ်ခုခု ကျိုးကြေသွားတဲ့ အသံနဲ့အတူ မိုးနဲ့မြေ အနည်းငယ် တုန်လှုပ်သွားပါတော့တယ်။ ပြီးတာနဲ့ ဓားအလင်းဟာ ဝိညာဉ်စွမ်းအင်တွေကို ဖြတ်ပိုင်းသွားခဲ့ပြီး အဖျက်စွမ်းအင်တွေကို သယ်ဆောင်ရင်း ရင်တျန်းရှင်းဆီ တည့်တည့်မတ်မတ် ပျံသန်းဝင်ရောက်လာခဲ့ပါပြီ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ရင်တျန်းရှင်း တုန်လှုပ်အံ့ဩနေပါတော့တယ်။ သူ့မျက်လုံးကိုတောင် မယုံကြည်ဝံ့တော့ပါဘူး။

ဒါက သူ့ရဲ့ အင်အားအပြည့် တိုက်ခိုက်မှုပါ။ ဒါကိုတောင် အလွယ်တကူ ရှင်းလင်းနိုင်ခဲ့တယ်လား။

ရင်တျန်းရှင်းလည်း စဉ်းစားမနေတော့ပဲ ကမ္ဘာငယ်လေးရဲ့ ဥပဒေသစွမ်းအင်တွေကို လှည့်ပတ်စီးဆင်းစေလိုက်ပြီး သူ့အရှေ့မှာ အကာအကွယ် ဒိုင်းတစ်ခု ဖန်တီးလိုက်ပါပြီ။ ဓားအလင်းကို ရင်ဆိုင်ဖို့ သူကြိုးစားလိုက်ပါတော့တယ်။

ဒါပေမဲ့ ဓားအလင်းရဲ့ အစွမ်းကိုရင်တျန်းရှင်း လုံး၀ လျှော့တွက်မိသွားခဲ့ပါပြီ။ သူ့အကာအကွယ်ဟာ တစ်စက္ကန့်တောင် မခံပဲ ဓားအလင်းကြောင့် တစ်စစီ ကွဲကြေသွားပါတော့တယ်။

သေရေး ရှင်ရေး အရေးကြီးချိန်မှာ သူ့အနေနဲ့ နောက်ဆုတ်လို့ မရတော့ကြောင်း ရင်တျန်းရှင်း နားလည်သွားခဲ့ပါပြီ။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကို အမြန်ဆုံး ရှောင်တိမ်းဖို့ ကြိုးစားလိုက်ပါတော့တယ်။

ရွှပ်

ဓားအလင်း ဖြတ်သန်းသွားခဲ့ပြီး တောက်ပတဲ့ ရွှေရောင် နတ်ဘုရားသွေးတွေကို သယ်ဆောင်ရင်း မိုးကုတ်စက်၀ိုင်းတစ်ဖက်မှာ လျှင်မြန်စွာ ပျောက်ကွယ်သွားပါတော့တယ်။

အားလုံး သိထားသလိုပဲ ကောင်းကင်သူတော်စင် အဆင့်ကို ရောက်ချိန် သွေးမျိုးဆက်ကို ပြောင်းလဲနိုင်နေပြီ မဟုတ်လား။ အစစ်အမှန် နတ်ဘုရားအဆင့်ဆို ဆိုဖွယ်ရာမရှိတော့ပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now