Book 24 Ch 1 - 7

478 31 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 24
Chapter 1
အမှုန့်ချေ

“အတူတူ ပူးပေါင်းတိုက်ခိုက်ပြီး သူ့ကို သတ်ကြစို့”

ခန့်ညားတဲ့ လူကြီးလည်း ဒေါသတကြီး ကောင်းကင်ယံအထက် ပျံတက်သွားခဲ့ပါပြီ။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်စီးဆင်းစေလိုက်ပြီး လက်စွပ်ထဲကနေ လက်နက်ကို ထုတ်ယူလိုက်ပါတော့တယ်။ ရှောင်ဒန်ကို သူတိုက်ခိုက်လိုက်ပါပြီ။

ခန့်ညားတဲ့ လူကြီးအသွင်အရ အလွန်အားနည်းနေပုံ ရပေမယ့်လည်း သူ့လက်နက်ဟာ အလွန်ကြီးမားလှတဲ့ ဆေးပေါင်းအိုးကြီးတစ်လုံး ဖြစ်နေခဲ့ပါတယ်။ ဆေးပေါင်းအိုးကြီးဟာ ခြောက်မီတာ မြင့်မားပြီး ကီလိုဂရမ်ပေါင်း ၅ သောင်း လေးလံနေတာ တွေ့ရမှာပါ။

ဝိညာဉ်စွမ်းအင်နဲ့ အသက်သွင်းလိုက်ပြီးနောက်ပိုင်း ဆေးပေါင်းအိုးကြီးဆီကနေ အနက်ရောင် အလင်းတွေ ဖြာထွက်လာခဲ့ပါပြီ။ နေရောင်ကို ဖုံးကွယ်ထားတဲ့ အရိပ်ကြီးတစ်ခု ကျဆင်းလာပါတော့တယ်။

ဆေးပေါင်းအိုးကြီးက ထိမှန်လုလု ဖြစ်နေပေမယ့် ရှောင်ဒန် မရှောင်ရှားခဲ့ပါဘူး။ လှံရှည်နဲ့ ဆေးပေါင်းအိုးကြီးကို အံ့မခန်း ထောင့်တစ်နေရာကနေ ထိုးချလိုက်ပါပြီ။

ဒုန်း

ကျယ်လောင်တဲ့ မြည်ဟည်းသံကြီးနဲ့အတူ ဆေးပေါင်းအိုးကြီး လေထဲ ရပ်တန့်သွားပါတော့တယ်။ ပြီးတာနဲ့ ခန့်ညားတဲ့ လူကြီးဆီ ပြန်လည် လွင့်စဉ်သွားခဲ့ပါပြီ။

“ဟင်”

ခန့်ညားတဲ့ လူကြီး တုန်လှုပ်သွားပါတော့တယ်။ ဒီတိုက်ခိုက်မှုကို ရှောင်ဒန်က ချေဖျက်နိုင်ခဲ့ပေမယ့်လည်း ဒီလိုမျိုး သာမန်လောက်နဲ့ ချေဖျက်နိုင်လိမ့်မယ်လို့တော့ မထင်ထားမိခဲ့ပါဘူး။

ခန့်ညားတဲ့ လူကြီးဟာ ဘာမှ စဉ်းစားမနေတော့ပဲ ဆေးပေါင်းအိုးကြီးကို အသည်းအသန် ထိန်းချုပ်ရင်း မထိခိုက်စေဖို့ ရှောင်တိမ်းလိုက်ရပါပြီ။

တစ်ချိန်တည်းမှာပဲ ပိန်ပိန်ပါးပါး လူကြီးနဲ့ ဆံပင်နီ လူငယ်လေးတို့ ရှောင်ဒန်ကို ပြိုင်တူ တိုက်ခိုက်လိုက်ကြပါတော့တယ်။ အခုအချိန်မှာတော့ သူတို့တွေ အရေးမစိုက်တော့ပါဘူး။ ရှောင်ဒန်ကို အရင်ဆုံး သတ်ဖြတ်ဖို့ လိုအပ်နေပြီ မဟုတ်လား။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now