Book 25 Ch 1 - 7

439 35 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 25
Chapter 1
ဖိတ်ကြားချက်

“လက်ထောက်ဂိုဏ်းချုပ်”

၀ူရှီ ဝမ်းသာသွားခဲ့ပါပြီ။ အစတုန်းကတော့ အစစ်အမှန် နတ်ဘုရားတချို့ကိုသာ ဂိုဏ်းက စေလွှတ်လိုက်မယ်လို့ ထင်ထားမိခဲ့ပါတယ်။ လက်ထောက်ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“၀ူရှီ.. ဘာတွေဖြစ်နေတာလဲ”
ခေါင်းဆောင်ဖြစ်သူ ဝတ်စုံနက်ဝတ် လူကြီးက အေးစက်စွာ မေးမြန်းလိုက်ပါတော့တယ်။

“လက်ထောက်ဂိုဏ်းချုပ်”

၀ူရှီတစ်ယောက် ဘာမှ စဉ်းစားမနေတော့ပဲ အဖြစ်အပျက်အသေးစိတ်ကို ရှင်းပြလိုက်ပါပြီ။ ချင်းကျူက သူ့ကို ထိန်းချုပ်ထားနိုင်တာကြောင့် နတ်ဘုရားဘုရင် ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ကိုပါ ထည့်ပြောခဲ့ပါတယ်။

ဒီအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ ငတုံးဆိုတာ မရှိသလောက် နည်းသွားပါပြီ။ ဒါကြောင့် ၀ူရှီအနေနဲ့ မီးလောင်ရာလေပင့် ဖြစ်အောင် ဖုံးကွယ်မထားဝံ့တော့ပါဘူး။

စစ်ကူတွေ ရောက်လာတဲ့ အချိန်အထိ စစ်ကူ တကယ်ရောက်လာ မရောက်လာ ဆိုတာကို ၀ူရှီ တပ်အပ် မပြောဝံ့ပါဘူး။ အင်မော်တယ် နတ်ဘုရားဂိုဏ်းဟာ သူတို့ရဲ့ ဂိုဏ်းသားတွေကို အထိမခံ ကာကွယ်ပေးတဲ့ တခြား ဂိုဏ်းတွေနဲ့ မတူတဲ့အတွက်ကြောင့်ပါ။

၀ူရှီရဲ့ ရာထူးအဆင့်အတန်းနဲ့တောင်မှ သတိလက်လွတ် ဖြစ်သွားရင် အချိန်မရွေး သစ္စာဖောက်ခြင်းခံလိုက်ရနိုင်ပါတယ်။

“ငါနားလည်ပြီ”

၀ူရှီရဲ့ ရှင်းပြမှုကို နားထောင်ပြီးနောက် လက်ထောက်ဂိုဏ်းချုပ်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ချင်းကျူကို လှမ်းကြည့်လိုက်ပါပြီ။

“ဒီညီလေးက ဘယ်ကနေ ရောက်လာခဲ့တာလဲ မသိဘူး”

“ငါက မင်းကို ဘာဖြစ်လို့ ပြောပြရမှာလဲ”
ချင်းကျူကတော့ မဖြေပဲ ပြန်လည်မေးမြန်းလိုက်ပါတော့တယ်။

လက်ထောက်ဂိုဏ်းချုပ်
“…”

“သတ္တိကောင်းလှချည်လား”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now