8 - 14

422 37 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 25
Chapter 8
ကမ္ဘာဖျက်လက်သီး

အင်မော်တယ် နတ်ဘုရားဂိုဏ်း၊ ပင်မခန်းမကြီး။

ကွမ်စီနဲ့ တခြား နတ်ဘုရားဘုရင်အထက်အဆင့် တန်ခိုးရှင် ၃ ဦးတို့ တစ်ဖက်တစ်ချက်မှာ တည်ကြည်လေးနက်စွာ ရပ်နေကြပါပြီ။ သူတို့အနေနဲ့ အသက်တောင် ပြင်းပြင်း မရှူဝံ့ကြတော့ပါဘူး။

ကွေမိန်လည်း ခေါင်းငုံ့ပြီးမြေပြင်မှာ ဒူးထောက်နေခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ စိတ်ဝိညာဉ် ဆုံးရှုံးထားရသလိုပါပဲ။ အရင်တုန်းကလိုလည်း မမောက်မာနိုင်တော့ပါဘူး။

သူနဲ့ မျက်နှာချင်းဆိုင်မှာတော့ ချင်းကျူတစ်ယောက် ရာဇပလ္လင်ထက် ထိုင်ပြီး လက်ထဲ အရက်တစ်အိုး ကိုင်ထားခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ တော်တော်ကို သက်တောင့်သက်သာ အေးအေးလူလူ ရှိနေတာကို တွေ့ရမှာပါ။ အချိန်မရွေး ချင်းကျူ အိပ်မောကျတော့မလိုပါပဲ။

ဒီလို လူငယ်လေးက နတ်ဘုရားဘုရင်အဆင့်ထက် ကျော်လွန်သွားပြီ ဖြစ်တဲ့ ကွေမိန်ကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတာကတော့ မယုံချင်စရာ ကောင်းနေခဲ့ပါတယ်။ ပြီးတော့ ကောင်းကင်ဘုံ အလွန်ကိုလည်း သူကယ်တင်ခဲ့တယ် မဟုတ်လား။

“ပြောစမ်း… ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ”
ချင်းကျူလည်း ဝိညာဉ်အရက်အိုးကို တစ်ကြိုက်မော့သောက်လိုက်ပြီး သာမန်ပဲ လှမ်းမေးလိုက်ပါပြီ။

အချိန်တော်တော်ကြာ နှုတ်ဆိတ်နေပြီးနောက် ကွေမိန်လည်း အံကို တင်းတင်းကြိတ်လိုက်ပြီး ကြိုးစားအားယူ ပြောလိုက်ပါတော့တယ်။

“ပုံမှန် မဟုတ်မှုကို ကျွန်တော် အာရုံရခဲ့တာကြောင့် ဒိုင်မန်းရှင်း ၀င်္ကပါကို စောစော အသက်သွင်းပြီး ဆင်းသက်လာခဲ့တာပါ။ ဒါကြောင့် ဒိုင်မန်းရှင်း ၀င်္ကပါက တည်ငြိမ်မှု မရှိတော့ပါဘူး။ သူ့အတွက် အချိန်တစ်နာရီပဲ ရခဲ့ပါတယ်”

အခုအချိန်မှာတော့ ကွေမိန်လည်း ချင်းကျူကို သေချာ အကဲခတ်လိုက်ပြီး စကားဆက်လိုက်ပါပြီ။

“နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအင်တွေကိုပါ မခံနိုင်ခဲ့ပဲ ၀င်္ကပါဟာ ထင်ထားတာထက် စောပြီး ပြိုကျသွားခဲ့ပါတယ်”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now