Book 26 Ch 1 - 7

468 36 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 26
Chapter 1
ထူးဆန်းသော ကျောက်တုံး

ဆူညံနေတဲ့ လမ်းမအထက် တန်ခိုးရှင်တွေ ဥဒဟို ဖြတ်သန်းသွားလာနေတာ အလွန်ကို စည်ကားလွန်းလှပါတယ်။ ဒီထဲမှာ အားအနည်းဆုံးက မြေကမ္ဘာ သူတော်စင် အဆင့်ကို ရောက်နေကြပြီး အစွမ်းထက်ကြသူတွေကတော့ ကောင်းကင်သူတော်စင် ဒါမှမဟုတ် မဟာသူတော်စင်အဆင့်တွေပါ။

ဒီနေရာသာ ဝိညာဉ်ဗဟိုကမ္ဘာ ဖြစ်မယ်ဆိုရင် ဒီလို မြင်ကွင်းမျိုး မြင်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ မြင့်မြတ်သော လိုကုန်းမြေတိုက်ကြီးမှာတော့ မြင်နေကျ မြင်ကွင်းပါပဲ။

“အစ်ကိုကြီးရှီ… ဒီနေ့ ဘာမိစ္ဆာသားရဲကို အမဲလိုက်ကြမလဲ”

“ဇူးအဘိုးကြီး.. နောက်ဆုံး မင်းပြောခဲ့တာက…”

“…”

“…”

မွန်းလွဲချိန် ဖြစ်နေတာကြောင့်  မြို့ထဲမှာ ပိုပြီး လှုပ်ရှားစည်ကားလာခဲ့ပါတယ်။ တန်ခိုးရှင်တွေဟာ တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့လိုက် လှုပ်ရှားနေကြပါပြီ။ သူတို့တွေဟာ မိစ္ဆာသားရဲ တောအုပ်တောင်တန်းဆီ ပျံသန်းသွားကြပြီး အမဲလိုက်ဖို့ ပြင်ဆင်နေကြပါတော့တယ်။

အားလုံးသိထားကြသလိုပဲ ဘိုးဘေးသူတော်စင် အဆင့် အထက် တန်ခိုးရှင်တွေဟာ အလွန်အန္တရာယ်များပြားတဲ့ စကြ၀ဠာထဲ သွားလာနိုင်နေကြပါပြီ။ ဒါကြောင့် ဘိုးဘေးသူတော်စင် အဆင့်အောက် လေလွင့်တန်ခိုးရှင်တွေဟာ မိစ္ဆာသားရဲတွေကို အမဲလိုက်ရင် အမဲလိုက် ဒါမှမဟုတ် ကောင်းကင်ဘုံ ရတနာတွေကို ရှာဖွေပြီး တန်ခိုးကျင့်စဉ် အဆင့်တက်အောင် ကြိုးစားကြရပါတယ်။

ဒါကြောင့်လည်း ဘယ်နေရာမှာမဆို မိစ္ဆာသားရဲတွေက လူသားတွေကို မုန်းတီးနေခဲ့ကြတာပါ။ ဘယ်သူကများ သူ့တို့ကိုယ် သူတို့ တရားကျင့်ဖို့ ကောင်းကင်ဘုံ ရတနာတွေလို့ သတ်မှတ်ခြင်း ခံလိုမှာလဲ။

ဒါပေမဲ့ အခုအချိန်မှာတော့ ချင်းကျူကို မိစ္ဆာသားရဲတွေ ပိုပြီး မုန်းတီးနေကြပါပြီ။ ချင်းကျူဟာ တရားကျင့်ဖို့အတွက် သူတို့ကို အမဲလိုက်တာ မဟုတ်တော့ပဲ စားကောင်းသောက်ဖွယ်တွေအဖြစ် မြင်ယောင်ပြီး အမဲလိုက်နေခဲ့တာကြောင့်ပါ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now