8 - 14

424 32 3
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 26
Chapter 8
ငါဟာ ကောင်းကင်ဘုံရဲ့ တာအို

“ဒီကနေ ထွက်သွားဖို့ မြန်မြန် စဉ်းစားကြစို့”
ငွေအစောင့်အရှောက်ကြီး အကြံပြုလိုက်ပါပြီ။

“အမှန်ပဲ။ ဒီမှာ ငါတို့ ကြာကြာနေလို့ မဖြစ်ဘူး”
ရွှေအစောင့်အရှောက်ကြီးလည်း ခေါင်းညိတ်လိုက်ပါတော့တယ်။

တခြားလူတွေသာ ဆိုရင်တော့ အစောကြီးကတည်းက ထွက်ပြေးသွားလောက်ပါပြီ။ ဒါပေမဲ့ ချန်တျန်းမင်ဟာ တစ်ချိန်တုန်းက သူတို့နှစ်ဦးကို ကယ်တင်ပေးခဲ့တဲ့အပြင်ကို နှစ်ပေါင်းထောင်ချီ ကောင်းမွန်စွာ ဆက်ဆံခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့ အသက်ကိုစွန့်ပြီး ချန်တျန်းမင်ကို ကယ်တင်ပေးခဲ့တာပါ။

ချန်တျန်းမင်တောင်မှ သူတို့ အသက်စွန့် ကယ်တင်ပေးမယ်လို့ ထင်မထားမိခဲ့ပါဘူး။ ဒါကြောင့် ရင်ထဲ အလွန်ထိသွားခဲ့တာပါ။

“မြို့တော်ရှင်.. အခု လှုပ်ရှားလို့ရသေးလား”

ငွေအစောင့်အရှောက်ကြီးလည်း ချန်တျန်းမင်ကို ကြည့်ပြီး မေးမြန်းလိုက်ပါပြီ။

“မရဘူး”
ချန်တျန်းမင်လည်း သူ့ကျင့်စဉ်ကို အသုံးပြုပြီး လှုပ်ရှားကြည့်ပေမယ့်လည်း ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်လို့ မရသေးကြောင်း တွေ့လိုက်ရပါတော့တယ်။ အခုအခြေအနေအရ ဒီစကြ၀ဠာ အနှောင်အဖွဲ့ကနေ လွတ်မြောက်ဖို့ မပြောနဲ့ မဟာစကြ၀ဠာအဆင့် တန်ခိုးရှင်တောင်မှ သူ့ကို သတ်နိုင်နေပါပြီ။

ရွှေနဲ့ငွေ အစောင့်အရှောက်ကြီးတို့လည်း တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပြီး ချန်တျန်းမင်ကို အားကုန် ဆွဲထုတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ဘာမှ အသုံးမဝင်ခဲ့ပါဘူး။

“တောက်… ဒီလို မိစ္ဆာသားရဲတစ်ကောင်ကောင် ထပ်ပေါ်လာရင်တော့ ပြဿနာပဲ”

မကြာခင်မှာတော့ ရွှေအစောင့်အရှောက်ကြီးရဲ့ ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားခဲ့ပြီး မြေပြင်ပေါ် ဟောဟဲဆိုက် ထိုင်ချလိုက်ရပါပြီ။

တစ်ဖက်မှာတော့ ငွေအစောင့်အရှောက်ကြီးလည်း အားကုန်ပြီး လဲကျသွားပါတော့တယ်။ နှစ်ဦးလုံးက ဒဏ်ရာအပြင်းအထန် ရထားတာကို ဝိညာဉ်စွမ်းအင်တွေ ထပ်သုံးလိုက်သေးတယ် မဟုတ်လား။ ဒီအတွက်ကြောင့် ဒဏ်ရာတွေ ပိုဆိုးလာခဲ့ပါပြီ။ ဒဏ်ရာတွေကို အချိန်မီသာ မကုသနိုင်ဘူးဆိုရင် သူတို့ အခြေခံပါ ထိခိုက်လာတော့မှာပါ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now