Book 27 Ch 1 - 7

479 33 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 1
ငါနားလည်ပြီ

၀ုန်း ၀ုန်း

ကမ္ဘာငယ်လေးအတွင်း စွမ်းအင်လှိုင်းတွေဟာ သတ်ဖြတ်ခြင်း တာအိုဓားဆီ အရပ်မျက်နှာ အဘက်ဘက်ကနေ စီးဆင်းဝင်ရောက်လာခဲ့ကြပါပြီ။ စကြ၀ဠာ တည်ရှိမှုတောင်မှ မခံနိုင်ပဲ လိမ်တွန့်လာပါတော့တယ်။ မကြာခင်မှာ စကြ၀ဠာ တည်ရှိမှု ပြိုကျပျက်စီးတော့မလိုပါပဲ။

တစ်ချိန်တည်းမှာပဲ သတ်ဖြတ်ခြင်း တာအိုဓားဟာ လေထဲ မျောလွင့်နေပါပြီ။ သူမ မျက်လုံးတွေကို မှိတ်ထားခဲ့ပါတယ်။ သူမရဲ့ဆံပင်ရှည်ဟာ လေနဲ့အတူ လွင့်နေပါပြီ။ သူမ ခန္ဓာကိုယ်ကနေ ဖြာထွက်နေတဲ့ ဓားစိတ်ဆန္ဒဟာ မိုးကောင်းကင်ကို ဖောက်ထွက်သွားတော့မလိုပါပဲ။

နတ်ဘုရားသစ်သီးတွေ စားသောက်ပြီးနောက် နှစ်ပေါင်းသိန်းချီ ရပ်တန့်ခဲ့တဲ့ သူမရဲ့ တန်ခိုးကျင့်စဉ်အခြေခံဟာ ပြန်လည် အသက်ဝင်လာခဲ့ပါပြီ။ ဒါကြောင့်လည်း အစစ်အမှန် နတ်ဘုရားအဆင့်ကို သူမ ချက်ချင်း တက်လိုက်တာပါ။

သတ်ဖြတ်ခြင်း တာအိုဓားရဲ့ ဓားစိတ်ဆန္ဒဟာ အထွတ်အထိပ် အဆင့်ကို ရောက်တဲ့ အခါမှာတော့ စကြ၀ဠာ တည်ရှိမှုဟာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနဲ့အတူ တစ်စစီ ဖြစ်သွားပါတော့တယ်။ များပြားလှတဲ့ စကြ၀ဠာ စွမ်းအင်တွေဟာ သတ်ဖြတ်ခြင်း တာအိုဓားရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားခဲ့ပါပြီ။ သူမရဲ့ အော်ရာအရှိန်အဝါ အရူးအမူး တိုးတက်လာပါတော့တယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကိုတောင် စတင် ကျော်လွန်စ ပြုလာခဲ့ပါပြီ။

“ဂုဏ်ယူပါတယ် မိတ်ဆွေလေးချင်း”

အဘိုးမိုလည်းမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်ပါတော့တယ်။

“တခြား မတော်တဆ ဖြစ်ရပ်တွေ မရှိဘူး ဆိုရင်တော့ ဒီနတ်ဘုရား မှော်ရတနာဟာ အစစ်အမှန် အဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားတော့မှာပါ”

“သူမ နာမည်က သတ်ဖြတ်ခြင်း တာအိုဓားပါ”

ဒါကို ကြားလိုက်ရတော့ ချင်းကျူလည်း လက်ကို နောက်ပစ်လိုက်ပြီး သာမန်ပဲ ပြောလိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now