8 - 14

430 33 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 27
Chapter 8
ဂူသချိုင်းပွင့်ပြီ

“နှစ်ပေါင်း သောင်းချီ ကြာမြင့်သွားခဲ့ပြီ။ နောက်ဆုံးတော့ နတ်ဘုရား ဂူသချိုင်းပွင့်လာပြီပဲ”

“ဘယ်လိုပဲ ဖြစ်ဖြစ် အစစ်အမှန် နတ်ဘုရား အဆင့် အမွေအနှစ်ကိုတော့ ငါတို့ ဒီတစ်ကြိမ် ရမှ ဖြစ်မယ်”

“ဟီး ဟီး အိပ်မက် မက်မနေစမ်းနဲ့။ အစစ်အမှန် နတ်ဘုရားအဆင့် အမွေအနှစ်ကို အဲဒီ ကလန်ကြီးတွေ ဂိုဏ်းကြီးတွေက လက်ဝါးကြီး အုပ်ထားတာ။ ငါတို့လို လေလွင့်တန်ခိုးရှင်တွေကတော့ နောက်ကနေ လိုက်ပြီး ကောက်သင်းကောက်ရုံပဲ တတ်နိုင်တယ်။ မဟုတ်ဘူးဆိုရင် ငါတို့ သေရမှာလေ”

“အဲဒီလိုလား။ နတ်ဘုရား ဂူသချိုင်းက အရမ်းကို ကြီးမား ခမ်းနားလွန်းတယ်။ သူတို့တွေ ဘယ်လိုများ လက်ဝါးကြီးအုပ်မလဲ ဆိုတာ ငါမြင်ချင်သား”

“အမှန်ပဲ။ အမှန်ပဲ”

“…”

လူသူအရောက်အပေါက်နည်းတဲ့ ကုန်းမြေကြီး တစ်ခုမှာ ရာထောင်ချီတဲ့ လေလွင့်တန်ခိုးရှင်တွေ စုဝေးပြီး ဆွေးနွေးတိုင်ပင်နေတာကို တွေ့ရမှာပါ။

ဒါကလည်း နတ်ဘုရား ဂူသချိုင်းက လုံး၀ မပွင့်သေးလို့ပါပဲ။ မဟုတ်ဘူးဆိုရင် သူတို့ အားလုံး ရန်သူတွေ အဖြစ် ပြောင်းလဲသွားကြတော့မှာပါ။

ဒါပေမဲ့ အမျိုးမျိုးသော ဂိုဏ်းအဖွဲ့အစည်းတွေနဲ့ ယှဉ်လိုက်ရင်တော့ လေလွင့် တန်ခိုးရှင်တွေဟာ အများကြီး အားနည်းနေတာတော့ သေချာပါတယ်။

ဒါပေမဲ့ သူတို့တွေက အတွေ့အကြုံ ပိုများပြီး အကြောက်အလန့် ကင်းကြသူတွေပါ။ ဒါကြောင့် အဆင့်တူ တန်ခိုးရှင် နှစ်ဦး တိုက်ခိုက်ကြမယ်ဆိုရင် လေလွင့်တန်ခိုးရှင်တွေကသာ အသက်ရှင်နှုန်း ပိုပြီး မြင့်မားတာ တွေ့ရပါလိမ့်မယ်။ တခါတလေတော့လည်း ဒီလေလွင့် တန်ခိုးရှင်တွေဟာ အဆင့်ပိုမြင့်တဲ့ တန်ခိုးရှင်တွေကိုတောင် ရင်ဆိုင်နိုင်စွမ်း ရှိနေတာ တွေ့ရမှာပါ။

တစ်ချိန်တည်းမှာပဲ ဘယ်သူမှ သတိမထားမိတဲ့ ထောင့်တစ်နေရာမှာ လူငယ်လေး တစ်ဦး ရှိနေပြီး သူ့အကြည်ကို ရုတ်သိမ်းလိုက်ပါပြီ။ သူ့အသွင်က အေးအေးဆေးဆေးပါပဲ။ စစ်သင်္ဘောကြီး ဘယ်ကနေ ပေါ်လာခဲ့တာလဲ ဆိုတာကို သူစဉ်းစားမရ ဖြစ်နေခဲ့ပါတယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now