Book 28 Ch 1 - 7

429 35 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 28
Chapter 1
ငါနိုင်သွားပြီလား

တောင်ပိုင်းနယ်မြေကြီး၊ ရွှမ်းရီတောင်တန်း။

လေပြေအေး ဖြတ်သန်း တိုက်ခတ်လာနေပါပြီ။ မြက်ပင်တွေ သစ်ရွက်တွေဟာ ကခုန်နေကြပါတော့တယ်။

ကျန်းဂျိချန်တစ်ယောက် ခြံဝန်း အပြင်ဘက်မှာ သုန်မှုန်စွာရပ်နေပြီး အေးစက်စွာ ပြောလိုက်ပါပြီ။

“အထဲမှာ မင်းရှိနေတာ ငါသိတယ်။ ထွက်လာခဲ့”

အချိန်ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီးနောက် ၂ မီတာ မြင့်မားတဲ့ ၀၀ဖိုင့်ဖိုင့် ဖားပြုတ်ကြီးတစ်ကောင် အပြင်ကို လမ်းလျှောက်ထွက်ခဲ့ပါပြီ။ သူ့လျှာကြီးဟာ ကိုယ်အရှေ့မှာ တွဲလောင်းကျနေခဲ့ပါတယ်။ သူက ကျန်းဂျိချန်ကို ကြည့်လိုက်ပြီး
“မင်းက ဘယ်သူလဲ”

ကျန်းဂျိချန်
“…”

ဘာဖြစ်သွားတာလဲ။ တမ်က သူ့ကို ဘယ်သူဆိုတာ မေ့သွားပြီလား။

ဒါက စော်ကားခံရတာပဲလေ။

ကျန်းဂျိချန် အနေနဲ့ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ။ ချက်ချင်းပဲ အေးစက်စွာ လှမ်းပြောလိုက်ပါပြီ။
“မင်းကို ငါ စိန်ခေါ်ဖို့ ရောက်လာတာပဲ”

တမ် မှင်သက်သွားပါတော့တယ်။

“ဘာဖြစ်လို့လဲ”

ကျန်းဂျိချန် ဘယ်သူဆိုတာကို သူတကယ်ပဲ မေ့သွားခဲ့ပါပြီ။

“မင်းကို လက်စားချေဖို့ပဲ”

ကျန်းဂျိချန် အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်ပါတော့တယ်။

“ကဲ .. ပါးစပ်ပိတ်လိုက်တော့။ ဒါကို မြည်းလိုက်”

စကား မဆုံးခင်မှာ ကျန်းဂျိချန် ခန္ဓာကိုယ်ကနေ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေ ဖြာထွက်လာခဲ့ပါပြီ။ ပြီးတာနဲ့ သူဟာ အရိပ်များစွာအဖြစ် ပြောင်းလဲသွားခဲ့ပြီး တမ်ဆီ ဝင်ရောက်သွားပါတော့တယ်။ သူဟာ အလွန်ကို မြန်ဆန်တာကြောင့် သာမန် မျက်စိနဲ့ မြင်ရဖို့တောင် မလွယ်တော့ပါဘူး။

သာမန် အခြေအနေမျိုးမှာတော့ နှစ်ဝက်အတွင်း ဆက်တိုက် အဆင့်တက်နိုင်ခဲ့ပြီး ဝမ်ရှင်းသူတော်စင် အစောပိုင်းအဆင့်ကနေ နောက်ပိုင်အဆင့်အထိ ရောက်လာခဲ့တာကြောင့် ကျန်းဂျိချန်ပဲ အနိုင်ရမှာ သေချာပါတယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now