8 - 14

410 31 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 28
Chapter 8
ရန်းကလန်ရဲ့ အစည်းအဝေး

နက်ရှိုင်းလှတဲ့ စကြ၀ဠာ အတွင်းက မထင်မရှား နယ်မြေလေးတစ်ခု။

အလင်းရောင်တွေ တစ်ချက် ဖြာထွက်လာခဲ့ပြီးနောက် ရန်းပိုတျန်း၊ ရန်းယန်တို့တွေ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီနေရာဟာ အေးစက်ပြီး ကြမ်းတမ်းလွန်းပါတယ်။ ဘာဝိညာဉ်ကီစွမ်းအင်မှ ရှိမနေပါဘူး။ ဘယ်တန်ခိုးရှင်ကမှ မချည်းကပ်နိုင်ပါဘူး။

ရွှစ်

ဘာအသက်ဓာတ် အော်ရာအရှိန်အဝါမှ မရှိတာ သေချာတော့မှ ရန်းပိုတျန်း လက်ကိ ယမ်းလိုက်ပါပြီ။ ၀င်္ကပါတစ်ခု ပေါ်ထွက်လာပါတော့တယ်။ သူ့အရှေ့ ရှိနေတဲ့ စကြ၀ဠာဟာ ပြင်းထန်စွာ လိမ်တွန့်လှုပ်ရှားလာခဲ့ပြီး ဆယ်မီတာ ကျယ်ဝန်းတဲ့ လမ်းကြောင်းကို ပေါ်ထွက်လာစေခဲ့ပါပြီ။ ဒီလမ်းကြောင်းကနေ အလွန်ထူးဆန်းတဲ့ ခံစားချက် ပေးစွမ်းနေတာ တွေ့ရမှာပါ။

ရန်းပိုတျန်းလည်း ရန်းယန်တို့ကို ခေါ်ဆောင်ပြီး စကြ၀ဠာ လမ်းကြောင်းထဲ ဝင်ရောက်သွားပါတော့တယ်။ သူတို့အရှေ့မှာ ရှိနေတဲ့ ရှုခင်းတွေ ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာတစ်ခုဆီ ရောက်ရှိသွားခဲ့ကြပါပြီ။

တစ်ချိန်တည်းမှာပဲ စကြ၀ဠာ လမ်းကြောင်းဟာ ဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွားပါတော့တယ်။

ဒီကမ္ဘာကို ရန်းပိုတျန်းက ရန်းကလန်အတွက် တည်ဆောက်ထားခဲ့တာပါ။ ဒီကမ္ဘာဟာ အလွန်ကို ကျယ်ပြောသလို ဝိညာဉ်ကီစွမ်းအင်ဟာလည်း အလွန်ကို ကြွယ်၀လွန်းလှပါတယ်။

နှစ်ပေါင်း သိန်းချီ အချိန်အတွင်း ရန်းပိုတျန်းရဲ့ တန်ခိုးကျင့်စဉ် အဆင့်ဟာ ဆက်လက် တိုးတက်လာနေခဲ့တာပါ။ ဒီကမ္ဘာဟာလည်း သူနဲ့လိုက်ပြီး ဆက်လက် တိုးတက်လာနေခဲ့ပါတယ်။ အခု အချိန်မှာတော့ အရင်အချိန်က ကောင်းကင်ဘုံ နန်းတော်နဲ့ မခြားတော့ပါဘူး။

ဒီအချိန်မှာ ရန်းကလန်ရဲ့ မြင့်မြတ်သော ခန်းမအတွင်း။

ရန်းပိုတျန်းဟာ ရာဇပလ္လင်အထက် ထိုင်ရင်း မြေပြင်မှာ ဒူးထောက်နေတဲ့ လူသုံးဦးကို ငုံ့ကြည့်လိုက်ပါပြီ။ သူဘာတွေ တွေးနေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ သူ့နံဘေးမှာ ရှိသမျှ အကြီးအကဲတိုင်းဟာ အစစ်အမှန် နတ်ဘုရား အဆင့်ကို ရောက်ရှိနေကြပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now