8 - 14

368 34 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 29
Chapter 8

၀ုန်း ၀ုန်း

ပထမဆုံး ဖြစ်ပေါ်လာတဲ့ စကြ၀ဠာလှိုင်းနဲ့ ယှဉ်လိုက်ရင် ဒုတိယမြောက် စကြ၀ဠာလှိုင်းဟာ ပိုပြီး ကြောက်မက်ဖွယ် ကောင်းနေခဲ့ပါတယ်။ စကြ၀ဠာတည်ရှိမှုတောင်မှ ရင်ဆိုင်နိုင်စွမ်း မရှိပဲ တစ်ခုပြီးတစ်ခု ဆက်တိုက် ပြိုကျပျက်စီးလာခဲ့ပါပြီ။ စကြ၀ဠာ ကျင်းနက်ကြီးတွေဟာ မိုးနဲ့မြေကို ဝါးမျိုဖို့ ကြိုးစားလာတာကို ရင်ဆိုင်ကြုံတွေ့နေရသလိုမျိုးပါပဲ။

“ဘာတွေဖြစ်ကုန်တာလဲ”

“အဲဒါက ဘာလဲ”

“အကာအကွယ်ကို ဆင့်ခေါ်ကြ”

ပင်မသင်္ဘောကြီး နှစ်စင်းလည်း စဉ်းစားဖို့ အချိန်မရပဲ အကာအကွယ်တွေကို ချက်ချင်း ဆင့်ခေါ်လိုက်ကြပါပြီ။

၀ုန်း ၀ုန်း၏

နောက်တဒင်္ဂမှာတော့ စကြ၀ဠာလှိုင်းတွေဟာ အကာအကွယ်အလွှာတွေအပေါ်ကို ပြင်းထန်စွာ ကျဆင်းလာပါတော့တယ်။ စွမ်းအင်လှိုင်းတွေ ဖြာထွက်လာခဲ့ပါပြီ။ အစတုန်းကတော့ မပျက်စီးနိုင်ဘူး ထင်ရတဲ့ အကာအကွယ် အလွှာတွေဟာ ပြင်းထန်စွာ တုန်လှုပ်လာကြပါတော့တယ်။ ပြောရရင် အချိန်မရွေး ပြိုကျပျက်စီးသွားတော့မလိုပါပဲ။

ဒါကို တွေ့လိုက်ရတော့ စွန်း၀ူခုန်းနဲ့ အဘိုးအိုတို့ မျက်မှောင်ကြုတ်လိုက်မိကြပါပြီ။ သူတို့ မျက်နှာတွေအထက်က တုန်လှုပ်မှုကို ဘယ်လိုမှ ဖုံးကွယ်လို့ မရတော့ပါဘူး။

ပင်မသင်္ဘောကြီးတွေရဲ့ အကာအကွယ် အလွှာတွေဟာ မရေမတွက်နိုင်အောင် များပြားတဲ့ မှော်သင်္ကေတတွေနဲ့ ပေါင်းစည်းဖွဲ့စည်းထားတာပါ။ နတ်ဘုရားဘုရင် အဆင့် တန်ခိုးရှင်တွေတောင် ဖျက်ဆီးဖို့ မလွယ်ကူပါဘူး။ ဒါတောင်မှ စကြ၀ဠာ စွမ်းအင်လှိုင်းကြောင့် ပျက်စီးလုလု ဖြစ်သွားခဲ့ပါပြီ။ တစ်နည်းဆိုရရင်တော့ စကြ၀ဠာလှိုင်းဟာ နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်တစ်ဦးဆီကနေ အရင်းပြု စတင်လာမှာ သေချာနေပြီ မဟုတ်လား။

“တောက်.. ဘာတွေ ဖြစ်ကုန်တာလဲ”

စွန်း၀ူခုန်းလည်း အံကို တင်းတင်းကြိတ်လိုက်ပြီး သွားရောက် စစ်ဆေးကြည့်ဖို့ ဟန်ပြင်လိုက်ပါပြီ။ ဒါပေမဲ့ ဒီအချိန်မှာပဲ တတိယမြောက် စကြ၀ဠာလှိုင်းတစ်ခု ထပ်မံ ပေါ်ထွက်လာပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now