Book 30 Ch 1 - 7

415 32 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 30
Chapter 1
ဝှက်ဖဲ

"အဆုံးအဖြတ်ကို မသိရသေးဘူးလေ"

လိုသာ ဒေါသထွက်နေပါပြီ။

ဒီလိုသာ ဆက်သွားမယ်ဆိုရင် သူရှုံးနိမ့်ရမယ်ဆိုတာကိုလည်း လိုသာ သိနေခဲ့ပါတယ်။

ပြောရရင် တိုက်ခိုက်ရေးစွမ်းရည်မှာ သူဟာ ချင်းကျူကို လက်ရည်ညီယှဉ်နိုင်နေပါပြီ။ ဒါပေမဲ့ သူ့ခံစစ်အရာမှာတော့ ကမ္ဘာတွေလို ဝေးကွာနေခဲ့ပါတယ်။

အခုအချိန်အထိ ချင်းကျူရဲ့ ခံစစ်ကို သူမချိုးဖျက်နိုင်သေးပါဘူး။ ဒါကြောင့် ဘယ်လိုလုပ်ပြီး အနိုင်ရပါ့မလဲ။

ဒါပေမဲ့ ဒီအချက်ကို လိုသာ လက်ခံဖို့ ခဲယဉ်းနေခဲ့ပါတယ်။

ငါ့ခြေထောက်အောက် အဆင့်တူ တန်ခိုးရှင်တွေ ဝပ်ဆင်းသွားရအောင် နှစ်ပေါင်းသိန်းချီ စောင့်ဆိုင်းခဲ့ရတယ်။ ငါက နင်းခြေခံရဖို့ မဟုတ်ဘူး။

ငါအနိုင်ရဖို့ လိုအပ်ပါတယ်။

လိုသာ စိတ်ထဲကနေ ကြိမ်းဝါးလိုက်ပါပြီ။

စဉ်းစားရင်း သူ့မျက်နှာပိုမို ခက်ထန်လာပါတော့တယ်။

"တကယ်ကြီးလား"

ချင်းကျူကတော့ လိုသာရဲ့ အပြုအမူကို ကြည့်ပြီး မအံ့ဩမိပါဘူး။ ဝိညာဉ်အရက်အိုးကို ထုတ်လိုက်ပြီး သူဖွင့်သောက်လိုက်ပါပြီ။ တစ်ကြိုက်လောက် သောက်ပြီးတာနဲ့ သူပြောလိုက်ပါတော့တယ်။

"အနိုင်ရသူကို ငါတို့ မဆုံးဖြတ်ခင် နတ်ဘုရားလောကက သက်ရှိတွေကို မင်းဘယ်နေရာ ခေါ်သွားလဲဆိုတာတော့ ငါသိထားချင်တယ်"

"အိုး... မင်းတကယ် သိချင်တာလား"

လိုသာ ပြုံးလိုက်ပြီး သူ့ဗိုက်ကို ညွှန်ပြလိုက်ပါပြီ။

"သူတို့အားလုံး ငါ့ဗိုက်ထဲ ရောညက်သွားကြပြီ"

ချင်းကျူ မှင်သက်သွားပါတော့တယ်။
"မင်းက အားလုံးကို စားလိုက်တာလား"

"ဟား ဟား... မဟုတ်ဘူးဆိုရင် သူတို့ကို ငါက ဘာလုပ်ရမှာလဲ"

"သူတို့တွေက အရမ်း အရသာ ရှိတာ"
လိုသာလည်း နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now