Book 31 Ch 1 - 7

478 36 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 31
Chapter 1
လောင်ရှောင်ယု နားမလည်နိုင်အောင် ဖြစ်နေခြင်း

ပြောရရင် ကောင်းကင်ဘုံ အင်ပါယာဟာ လောင်ရှောင်ယုရဲ့ ဆရာပါပဲ။ ကောင်းကင်ဘုံ အင်ပါယာရဲ့ အမွေအနှစ်ကြောင့်သာ မဟုတ်ဘူးဆိုရင် လောင်ရှောင်ယုအနေနဲ့ အချိန်တိုအတွင်း မဟာစကြ၀ဠာ အဆင့်ရှစ်ကို ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။

ကောင်းကင်ဘုံ အင်ပါယာဟာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပြီး ဖြစ်ပေမယ့်လည်း နတ်ဘုရားအင်းကွက် စင်မြင့်မှာ ရှိနေတုန်းက အသွင်နဲ့ ဘာမှ မပြောင်းလဲခဲ့ပါဘူး။

ဒါကြောင့် လောင်ရှောင်ယု အနေနဲ့ သူ့ကို မှတ်မိနေခဲ့တာပါ။

အလားတူပဲ လောင်ရှောင်ယုဟာ ဝတ်စုံနက်ကို ဝတ်ဆင်ထားပေမယ့်လည်း ကောင်းကင်ဘုံ အင်ပါယာရဲ့ အကြည့်အောက်ကနေ ရှောင်ရှားနိုင်ခြင်း မရှိခဲ့ပါဘူး။

“ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”
ကောင်းကင်ဘုံ အင်ပါယာလည်း အံ့ဩနေခဲ့ပါတယ်။ လောင်ရှောင်ယုက သူ့ကို ဆရာလို့ ခေါ်လိုက်တာကိုတော့ မအံ့ဩမိပါဘူး။

“ကောင်းကင်ဘုံ နန်းတော် ပြန်လည် ပေါ်ထွက်လာတယ်လို့ သတင်းကြားလို့ပါ။ အဲဒါကြောင့် ဟုတ်မဟုတ် လာကြည့်တာပါ ဆရာ”

လောင်ရှောင်ယု အမှန်အတိုင်း ပြောလိုက်ပါပြီ။

“အော်.. ငါသဘောပေါက်ပြီ”

ကောင်းကင်ဘုံ အင်ပါယာလည်း ခဏလောက် စဉ်းစားလိုက်ပြီး မျက်ခုံးပင့်ရင်း အဝေးကို လှမ်းမျှော်ကြည့်လိုက်ပါပြီ။ ရောက်ရှိလာတဲ့ တန်ခိုးရှင်တွေ ဖြည်းဖြည်းချင်း ဆုတ်ခွာထွက်သွားတာကို မြင်နေခဲ့ရပါတယ်။

သူတို့တွေက လောင်ရှောင်ယုနဲ့ ရည်ရွယ်ချက်ချင်း တူကြသူတွေပါ။ ဒါပေမဲ့ ကောင်းကင်ဘုံ အင်ပါယာရဲ့ ကျင့်စဉ်ကို ဆက်ခံထားခြင်း မရှိတာကြောင့် အတားအဆီးကို ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့ကြပါဘူး။

ပြောစရာတစ်ခုပဲ ရှိတာက လောင်ရှောင်ယုကို ယန့်ရှီထက် ကောင်းကင်ဘုံ အင်ပါယာ ပိုသဘောကျခဲ့ပါတယ်။ ပြောရရင် လောင်ရှောင်ယုဟာ နတ်ဘုရားသားရဲမျိုးဆက်ဖြစ်ပြီး အလွန်ကို မျိုးဆက်သွေး သန့်စင်သူပါ။ အရေးအကြီးဆုံးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက နဂါးဖြူမျိုးနွယ်စုဟာ ကောင်းကင်ဘုံ နန်းတော်ရဲ့လက်အောက်ခံ အင်အားစုကြီးတစ်ခု ဖြစ်နေခဲ့တာပါပဲ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now