Ep 12

1.4K 51 0
                                    


"ကျစ် ခေါင်းတွေအုံလိုက်တာ။သြော သတိရပြီ။မနေ့ညက ဟိုလူကျန်းမာရေးမှူးငါ့ကိုအချိုရည်ဆိုပြီးအရက်တွေကိုလိမ်ပြီးတိုက်တယ်။တောက် ဒီလူကတော့ကွာ!!!----"

မနက်မိုးအတော်လင်းမှ သူအိပ်ရာကထနိုင်လေသည်။မဖြစ်စဘူး ခပ်နောက်နောက်ဖြစ်နေတဲ့ ခေါင်းကြောင့်မနေ့ညကမင်္ဂလာပွဲဂုဏ်ပြုညစာကိုဆေးရုံဝန်ထမ်းတွေအားကျွေးမွေးဂုဏ်ပြုခဲ့ရတာကိုသတိရသွား၏

ကျန်းမာရေးဝန်ထမ် းကိုနန္ဒအိမ်မှာခေါက်ဆွဲကြော်နဲ့ အချိုရည်သုံးဆောင်ခဲ့ကြတာပါလေ။

နေပင်အတော်မြင့်နေပြီ။လက်မှနာရီတီအကြည့်ရောက်တော့ မနက်ခုနစ်နာရီပင်ကျော်နေလေပြီ။ဆေးရုံကိုရှစ်နာရီသာသာမှာသွားရမှာမို့ ကမန်းကတမ်း အိပ်ရာမှထလာခဲ့ပြီး မျက်နှာသစ်သွားတိုက်ကာ မနက်စာကို အထွေအထူးပြင်ဆင်စားသောက်မနေတော့ဘဲ ကော်ဖီနဲ့ ဘီစကစ်စားကာ မနက်စာပြီးစီးစေလိုက်၏

ဆေးရုံးသွားရန်အဝတ်အစားလဲဖို့အခန်းတွင်းဝင်ဖို့စိတ်ကူးမိရင်း စိုးစိုးအားသတိရသွားကာသူမအရိပ်အယောင်ကို မျက်လုံးဝေ့ကာရှာဖွေကြည့်မိလေသည်။

တိတ်ဆိတ်နေတာပဲ။အသံကောလူပါပျောက်နေတယ်။ဒီမိန်းကလေး ဘယ်ပျောက်နေတာပါလိမ့်။အိပ်များနေတုန်းလား။သြော် ငါ့ရှေ့ပေါ်မလာနဲ့လို့ ပြောထားတာပဲ ငါ့မမြင်ကွယ်ရာသူနေနေမှာပေါ့။

ကိုယ့်စကားကို ကိုယ်ပြန်လည်သတိရမိပြီး ခေါင်းခါရမ်းကာအခန်းတွင်းဝင်လာခဲ့လိုက်၏ထိုမိန်းကလေးကို မတွေ့ရပြန်တော့လည်းရင်ထဲမှာတမျိုးပဲ။

အထားအသိုမမှန်တဲ့ တွန့်ကြေနေတဲ့ သူ့အိပ်ရာခင်းတွေဆီအကြည့်ရောက်သွားရင်မျက်မှောင်တွန့်သွားလေတော့၏

ဒါပဲလေ ခဏတာယစ်မူးလိုက်တာနဲ့ အသိတွေလွှတ်ကုန်တော့တာ။တွေ့မယ် ဆေးရုံရောက်မှဆူးငေါက်ပြစ်လိုက်ဦးမယ်။ကျန်းမာရေးမှူးကိုနန္ဒကို စိတ်ထဲ ကြုံးဝါးထားလိုက်ပြီး ဂျူးတီကုတ်ကိုထပ်ဝတ်လိုက်ပြီး ဆေးအိတ်ကိုလက်မှဆွဲယူကာ ကားရှိရာအိမ်ရှေ့ဆီထွက်လာခဲ့တော့၏

မရည်ရွယ်ပေမယ့် ( Completed)Where stories live. Discover now