intro.... 🖤

0 1 0
                                    


'ဗုန်း! '

'ခလွမ်း..!'

တွေ့သမျှပစ္စည်းတို့အား ပစ်ပေါက် / ရိုက်ခွဲနေပါသော
ထယ်ယောင်းအနား....အိမ်စေတို့ မည်သူမျှအနားမကပ်ရဲ ။

မတော်လို့ ဝင်ဆွဲမိပါက သူတို့ဘက်ကို
ဒေါသတွေ လှည့်လာမယ်ဆိုတာ သူတို့သိထားပြီးသားအရာတွေပဲ...

''အားးးးး! Fuck!!''

'ဒုန်း!'

အော်ဟစ် ဆဲဆိုကာ ဘေးနံရံဆီသွားပြီး
နံရံအား လက်သီးနဲ့ထိုးနေသော ထယ်ယောင်းရဲ့
ပုံစံဟာ နတ်ဆိုးတစ်ပါးသဖွယ်....

အခန်းဝကနေ တံခါးဘောင်အား မှီရပ်ကာ
ထယ်ယောင်းကို ကြည့်နေသော စွဲမက်ဖွယ်ကောင်းသော သက်လတ်ပိုင်းယောကျာ်းတစ်ဦးသည်
ဒေါသပုန်ထနေသော ကောင်လေးအနား ဖြေးဖြေးချင်းလျှောက်သွားကာ သွေးစတို့စို့နေပြီဖြစ်သော
လက်ဝယ် အုပ်ကိုင်ပြီး အေးစက်စွာပြောလိုက်၏။

''တော်သင့်ပြီ ''

''ဖယ်! ဦးဂျွန် ဖယ်! ''

ကိုင်ထားသော လက်အား ရုန်းကန်ရင်း
ရှောင်ဖယ်သော်ငြား....အားသိပ်မပါ...
.ဟန်ပြသာသာ .....သူကိုယ်တိုင်က ဦးဂျွန်ဆီက
ရသမျှ အပြုအမူသေးသေးလေးက အစ မြတ်နိုးမိတာကြောင့်....

သန်မာကြံ့ခိုင်တဲ့ယောကျ်ားမို့ ဦးဂျွန်နီးနီး သူဟာ
သန်မာသူတစ်ယောက်ပဲ။

''မဆိုးနဲ့ ''

သူ့ပခုံးအား ခပ်ဖွဖွထိတွေ့ကာ ဦးဂျွန်က မျက်နှာချင်းဆိုင်စေပြန်တာမို့ အလိုက်သင့်လေး
လှည့်ပေးလိုက်တော့ ဦးဂျွန်ဆီက အကြည့်စူးစူးကို
သူရလိုက်တယ် ။

'' မကျေနပ်ရင် ကိုယ်နဲ့တည့်ရှင်း....ကိုယ့်ကိုယ်ကို ထိခိုက်မိအောင် မင်းသိပ်လုပ်တယ်....ဒါမင်းကို
ကိုယ်မကြိုက်ဆုံးသောအရာပဲ ''

''ပြောတော့ အလုပ် အစည်းအဝေးရှိလို့ဆို.... ဒါဆိုဘာလို့.....ဘာလို့ ဦးဂျွန်က ဟိုအမနဲ့ ကျွန်တော့်သူငယ်ချင်းကော်ဖီဆိုင်မှာ အတူတူရှိနေရတာလဲ! !ဟမ်! ဟာကွာ... လီးပဲ! !''

ပြောရင်း ပြောရင်း စိတ်ကမထိန်းနိုင်စွာ အကျင့်အတိုင်း အဆဲစကားလုံးတို့က ထွက်လာလေသည်။
ဒါကိုလဲ တည်ကြည်ဖြောင့်မတ်တဲ့ သူ့ယောကျ်ားက မကြိုက်မှန်း သူသိပြီးသား....

You've reached the end of published parts.

⏰ Last updated: May 25, 2023 ⏰

Add this story to your Library to get notified about new parts!

BAD GUYWhere stories live. Discover now