Part 1 - Meeting with my online sex partner

31K 149 1
                                    

ကျွန်တော့်နာမည်က Alex Cheng,ဗမာနာမည်ကတော့ ရန်လင်း လို့ခေါ်ကြတယ်

ကျွန်တော်က တရုတ်-ဗမာ-အမေရိကန် ကပြားပါ

ပါပါးက တရုတ်-ဗမာဖြစ်ပြီး Mommyက 

အမေရိကန်သူဖြစ်လို့ ကျွန်တော်က အသားတော်တော်ဖြူပြီး လူမျိုးသုံးမျိုးရဲ့ လှပတဲ့အချိုးအစားတို့ပေါင်းစပ်ထားလို့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုးရှိတယ်

ကျွန်တော့်ရဲ့ ထူးခြားတဲ့အချက်ကတော့ 

ကျွန်တော့်mommyလို ပြာလဲ့နေတဲ့ မျက်ဝန်းတွေ ရှိတာပဲ

ကျွန်တော့်ကို မြင်တဲ့သူတိုင်းက မျက်လုံးလှတယ်ဆိုပြီး ချီးကျူးကြတယ်,ကျွန်တော့်မျက်လုံးတွေက ပင်လယ်ပြာကြီးလိုပဲတဲ့

အခု ကျွန်တော်က 18နှစ်ရှိပြီ,16နှစ်လောက်အထိ USမှာနေလာခဲ့ပေမဲ့ mommyဆုံးသွားပြီးတော့ Papaနဲ့အတူတူ မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်

နှစ်တိုင်းနီးပါး ပါပါးနဲ့ မြန်မာနိုင်ငံကို ပြန်နေကြဆိုပေမဲ့ ဒီမှာ နေရမယ်ဆိုတော့ နေသားကျအောင် တော်တော် ကြိုးစားခဲ့ရတယ်

အခုတော့ နေသားကျသွားပါပြီလေ

အိမ်မှာဆို ပါပါးနဲ့ မြန်မာစကားပြောနေကြဆိုတော့ ကျွန်တော့်အတွက် ဘာသာစကားက အခက်အခဲမရှိပါဘူး

mommyရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ "သားလေးကို ပျော်​အောင်ထားပါ"ဆိုတဲ့စကားကြောင့် ပါပါးက ကျွန်တော့်ကို အကုန်လိုက်လျောပေးတယ်

ကျွန်တော် gayဆိုတာကိုလည်း လက်ခံပေးပြီး ကျွန်တော်တွဲသမျှ ကောင်လေးတွေကိုပါ နွေးနွေးထွေးထွေးဆက်ဆံပေးခဲ့တယ်

ကျွန်တော် uniကို USမှာပဲ ဆက်တက်ရမှာဆိုပေမဲ့ မြန်မာနိုင်ငံမှာပဲ high schoolတက်ချင်တယ်ဆိုတဲ့ ကျွန်တော့်ဆန္ဒကို လိုက်လျောပြီး ကျွန်တော့်ကို နာမည်ကြီးprivateကျောင်းတစ်ခုမှာ ထားပေးခဲ့တယ်

ကျွန်တော်က ကျောင်းမှာတော့ နည်းနည်း popularဖြစ်တယ်ဗျ ဟဲဟဲ

ကျောင်းတက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးပေမဲ့ သူငယ်ချင်းတွေလည်း အများကြီးရနေပြီ

Lust and LoveWhere stories live. Discover now