Mafiaကတော်က အဆိပ်ပြင်းတယ် 11

99 7 2
                                    

Unicode

" ဘာ "

" ဟ ဘာလို့လိပ်ခေါင်းထွက်အောင်အော်နေရတာလဲကွ ဒါလေးပြောတာကို အဲ့လောက်အော်ရလား "

" ငါအော်ချင်အော်မှာ မင်းနဲ့ဘာဆိုင်လဲကွာ ငါ
ဆရာဝန်ပါ ငါကိုဆရာဝန်ပြန်မလုပ်စမ်းနဲ့ လဒ
ကောင် "

ကိုးစိတ်တိုတိုနဲ့ဟိုကောင်ငထိုက်ကိုပြန်အော်
လိုက်တယ် ဘယ်နှယ့်ဆော့စရာရှားလို့သရဲအိမ်ထဲ
ဝင်ဆော့မယ်တဲ့ အလကားကိုယ်တွေကြောက်မှန်းသိလို့ နှမပေးကသက်သက်ဂလုံဆန်တာ ဒင်းနေ
နှင့်အုံးပေါ့ အလှည့်ကျမနွဲ့စတန်းဘဲ

" ဘာလဲငါ့ကောင်မင်းကြောက်လို့လား မေန့ညက
မင်းပြောတော့လန့်တာပါဆို အခုရောလန့်လို့လား "

ထိုက်9တို့3ယောက်ကိုနည်းနည်းကလိလိုက်တယ်
ဒီကောင်တွေ လူဆိုးလုပ်နေသလောက် သရဲ
ကြောက်တတ်တာသူတို့အပြင်မရှိဘူး မေန့ညက
အသိဘဲလေ ကဲနည်းနည်းလောက် ကစားကြည့်
လိုက်ရအောင် ငွဲငွဲ

" ငါ ငါကဘာကိစ္စကြောက်ရမှာလဲ လာအခုဘဲ
လက်မှတ်သွားဖြတ်ကြမယ် "

" 9ဖြစ်ပါ့မလားကွ မင်းရောငါတို့2ယောက်ရောသရဲ
သေအောင်ကြောက်တာ မင်းလဲအသိဘဲလေ
တော်ကြာအကြောက်လွန်ပြီး တစ်ခုခုဖြစ်ကုန်ပါအုံးမယ်ကွာ တစ်ခုခုအကြောင်းပြပြီးလစ်ရအောင် "

ဟုတ်တယ်လေ ဒီကောင်9ရော ကိုယ်နဲ့မှိုင်းညို့ရောကသရဲဆိုရင်အရိပ်မပြောနဲ့အသံကြားယုံနဲ့ သတိ
မေ့ချင်နေကြတဲ့ကောင်တွေလေ ဒါကြောင့် ဟို
ကောင်တွေ မကြားအောင်တိုးတိုးနဲ့လှမ်းပြောတာကိုဒီကောင်ကဇွတ်ဝင်မဲ့ပုံ မှိုင်းညို့ကိုလှမ်းကြည့်
တော့လဲ လင်သေမုဆိုးဖိုရုပ်နဲ့ ဒီကောင်လဲကြောက်
နေပုံဘဲ 9ကလဲ မကြောက်ဘူးလားဆိုတော့
မကြောက်ချင်ယုံဆောင်နေပုံ ငါတော့ထွက်သာ
ပြေးလိုက်ချင်တော့တယ်

" မင်းအသာနေပါ ဒါကသရဲအစစ်တွေမဟုတ်ပါဘူး
မကြောက်နဲ့မင်းတို့2ကောင် ငါရှိပါတယ် "

ပြောသာပြောရတာ ကိုးမှာလဲကြောက်လွန်းလို့
့ချွေးပျံချင်နေတာ မနည်းထိန်းထားရတယ် ဟူးးးး

" ကဲ ဒီမှာလက်မှတ်6စောင်ရလာပြီ ဝင်ကြစို့ "

" ငထိုက်မင်းအတော်ဆုံး သွားကြမယ် "

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Where stories live. Discover now