အပိုင်း (၆၄)

878 106 0
                                    

အပိုင်း (၆၄)

တက္ကသိုလ်ဒုတိယနှစ် ဝင်ရောက်ပြီးနောက်မှာတော့ အချိန်တွေက တော်တော်လေးမြန်ဆန်တဲ့ အရှိန်အဟုန်နှုန်းဖြင့် ရွေ့လျားသွားလိုက်ကာ မကြာမီ နှစ်ကုန်တောင် ရောက်တော့မည်ဖြစ်သည်။

ကျီရှောင်အုံး သူမရဲ့နောက်ဆုံးအတတ်ပညာအတန်း ပြီးဆုံးလိုက်ချိန်မှာတော့ သူမ စာသင်ခန်းထဲကနေ ထွက်လာလိုက်ပြီး လုချီချန်း၏ဖခင်ထံမှ ဖုန်းခေါ်တာကို ဖြေလိုက်ခဲ့တယ်။

မစ္စတာကျီနှင့် မစ္စကျီတို့က တစ်လခွဲခန့်ကြာအောင် အနားယူခဲ့ကြပြီး နောက်ထပ် ခြောက်လကြာမြင့်တဲ့ ဥရောပသို့ ခရီးထွက်ရန် စီစဉ်ထားခဲ့ကြပါတယ်။ သူတို့က တစ်ပတ်အလိုတွင် ဗီဇာရခဲ့ပြီး နောက်တစ်နေ့တွင် ဖင်လန်နိုင်ငံသို့ သွားလိုက်ခဲ့တာဖြစ်တယ်။

မထွက်သွားကြခင်မှာ သူတို့တွေက သူတို့သူငယ်ချင်းဟောင်းတွေအား သူတို့သမီးဖြစ်သူကို စောင့်ရှောက်ပေးဖို့ အပ်နှံလိုက်ခဲ့ကြပါတယ်။

ဒီနေ့ကနေစပြီး ကျောင်းပိတ်ရက်ဖြစ်တော့တာမို့ မစ္စတာလုက လုချီချန်းကို ကြိုပြီးတော့ ကျီရှောင်အုံးကိုလည်း သွားကြိုလိုက်ခဲ့တယ်။

လုချီချန်းနဲ့ ကျီရှောင်အုံးတို့က တစ်မြို့တည်းမှာ ကောလိပ်တက်ခဲ့တာဖြစ်ပေမဲ့ သူက တောင်ဘက်တွင်ရှိပြီး သူမကတော့ မြောက်ဘက်တွင် ရှိနေတာဖြစ်တယ်။ တက္ကသိုလ်နှစ်ခုက တော်တော်ကွာဝေးတာပဲဖြစ်၏။

ကျီရှောင်အုံးက ဖုန်းချလိုက်ပြီး မစ္စတာလုအား အချိန်အကြာကြီး စောင့်ခိုင်းရမှာ အားနာနေခဲ့တယ်။ သူမအဆောင်ကို ပြန်ရောက်လိုက်ချိန် သူမရဲ့အထုပ်အပိုးတွေကို မြန်မြန်လေးထုပ်ပိုးပြီးလိုက်ပြီး ကျောင်းတံခါးပေါက်ဆီသို့ သွားလိုက်ခဲ့ပါတယ်။

ကားထဲတွင်တော့ ကျီရှောင်အုံး သူ့ကို ပြောလိုက်ခဲ့တယ် "ကျေးဇူးတင်ပါတယ် ဦးလေး အလုပ်ရှုပ်စေမိပါပြီ"

မစ္စတာလုက ပြုံးလိုက်ပြီး ပြောလိုက်တယ် "အရမ်း ယဉ်ကျေးနေပါပြီ သမီးအဖေနဲ့အမေမှ အနားမှာမရှိတာ။ ဒီနေ့က အားလပ်ရက်ကစတဲ့ရက်ဆိုတော့ လမ်းမှာ ကားတွေ အရမ်းကျပ်နေမှာ။ တကယ်လို့ သမီးကိုသာ တစ်ယောက်တည်း အိမ်ပြန်ခွင့်ပေးလိုက်ရင် ဦးလေး စိတ်ဘယ်ချထားနိုင်ပါ့မလဲ"

ကြင်နာတတ်တဲ့ သားရဲကောင်လေး [Myanmar Translation- Completed✓]Where stories live. Discover now