Nine

1.1K 165 35
                                    

ဖုန်းခေါ်ဆိုမှုကြောင့် လင်းနေတဲ့ဖုန်းမျက်နှာပြင် စိုက်ကြည့်နေတဲ့ မက်သရူးက တစ်ဖက်ကခေါ်နေတဲ့ဖုန်းကို ကိုင်ဖို့တော့ စိတ်ကူးမရှိဘူး။ အခုအချိန်မှာ မက်သရူးက ‌ဆောင်းဟန်ဘင်းနဲ့ စကားပြောဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ မက်သရူးတို့နှစ်ယောက်ရဲ့ မရှင်းလင်းတဲ့ဆက်ဆံရေးကို သေချာပြန်စဉ်းစားဖို့လိုအပ်တယ်လို့ မက်သရူးက တွေးတယ်။ နောက်ပြီး အဲ့ဒီ့အတွက် အချိန်တစ်ခုလည်း လိုအပ်တယ်။

ကျွန်တော်တို့ ခဏလောက် မတွေ့ဘဲနေကြရအောင် ဆိုတဲ့စာတစ်စောင်ပို့ပြီးကတည်း ဆောင်းဟန်ဘင်းနဲ့ မက်သရူးမတွေ့ဖြစ်တာ ဒါက ၆ရက်မြောက်နေ့။ မက်သရူးရဲ့ ခဏဆိုတာကို ဆောင်းဟန်ဘင်းက ဘယ်လိုအဓိပ္ပာယ်ဖွဲ့ပြီး ဘယ်လိုနားလည်လိုက်သလဲ မသိပေမယ့် ထိုမက်ဆေ့ပို့ပြီး နှစ်ရက်လောက်အထိသာ မက်သရူးစကားအတိုင်း ငြိမ်နေပေးပြီး အဲ့ဒီ့နောက်ပိုင်းကတည်းက တွေ့ခွင့်ရဖို့အတွက် ဖုန်းတွေခေါ်၊ စာတွေတောက်လျှောက် ပို့နေတော့တာပဲ။

ဆောင်းဟန်ဘင်းဆိုတာ မက်သရူးမျက်စိရှေ့တင် ရည်းစားတစ်ယောက်ကို လမ်းခွဲပြီး တစ်နေ့တည်းမှာ နောက်ရည်းစားတစ်ယောက်နဲ့ ဒိတ်နေခဲ့တဲ့လူမျိုးပဲ။ ဒါကို မက်သရူးက ဘယ်လိုမျိုးသတ္တိနဲ့များ ဒီလူနဲ့ ချစ်သူရည်းစား ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အထိ တွေးပစ်လိုက်ပါသလဲ။

ဆက်တိုက်မြည်နေခဲ့တဲ့ဖုန်းလေးက တိတ်ဆိတ်သွားပြီး သိပ်မကြာခင်မှာပဲ စာတစ်စောင်ဝင်လာပြန်တယ်။

မနက်ဖြန် ကိုယ့်ရဲ့Graduation Partyတော့ လာပေးမယ်မလား။ ကိုယ်တော့ မက်ရူးကို လွမ်းလွန်းလို့ ရူးတော့မှာပဲကွာ...

ဆောင်းဟန်ဘင်းရဲ့ လွမ်းတယ်ဆိုတဲ့စကားမှာ လှိုက်ခနဲ တစ်ချက်ခုန်ချင်သွားတဲ့ နှလုံးသားကိုတော့ မက်သရူးက လှောင်ရယ်မိတယ်။ အဲ့ဒီ့လွမ်းတယ်ဆိုတာက မက်သရူးကိုရော ဟုတ်ရဲ့လား။ ယုံကြည်ချင်စရာ မကောင်းပေမယ့် ယုံချင်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မက်သရူးက မုန်းပါတယ်။

10 THINGS I HATE ABOUT YOUWhere stories live. Discover now