Starting

1.1K 39 3
                                    

မပိုင်ဆိုင်ရလည်းဖြစ်တယ်ဆိုတာ
မပိုင်ဆိုင်ဖူးသေးတဲ့လူတွေ ပြောတဲ့စကား။

____________________

လိုက်ကာစအညိုရောင်တို့ဟာ လေအသွေ့တွင် လွင့်ပျံနေပြီး အမှောင်ယံ ကြီးစိုးတဲ့ညတစ်ည ဖြစ်လေရာ ကြယ်စဉ်တန်းတို့နှင့် လမင်းကြီးဟာ တိမ်မည်းများနောက်သို့ ပုန်းလျှိုကွယ်ဝှက်နေတော့သည်။

ညအိပ်မီး ဝါကျင်ကျင်တစ်လုံးကိုသာ မှိန်ဖျော့ဖျော့ထွန်းထားသော အိပ်ခန်းငယ်လေးဟာ တိတ်ဆိတ်လျက်... အညိုရောင် မွေ့ရာခင်းကြီးပေါ်တွင် အိပ်စက်လှဲလှောင်းနေသော ပုံရိပ်ငယ်လေးတစ်ခုလည်း ရှိလေသည်။

တစ်ဖက်သို့လှည်ကာ ကိုယ်တခြမ်းစောင်းအနေအထားဖြင့် အိပ်စက်နေသော ထိုပုံရိပ်လေး၏ ဘေးဘက်တစ်နေရာဟာ အိခနဲကျသွားပြီးနောက် ခေါင်းအုံးလေးဟာလည်း လူတစ်ယောက်လှဲလှောင်းလိုက်သလို အိကျသွားပြန်သည်။

ခါးတစ်လျှောက်လျှို၀င်ကာ သိုင်းဖက်လာတဲ့ လက်တစ်ဖက်ထံမှ အေးစက်စက်အထိအတွေ့ကြောင့် အအိပ်စက်သော ထိုလူသား၏ မျက်၀န်းများမှာ ချက်ချင်းပင် ပွင့်ဟလာခဲ့သည်။

ရှောင်းကျန့် မိမိ၏ခါးတစ်နေရာမှ အေးစက်စက်အထိအတွေ့ကြောင့် အိပ်‌နေရာမှ အလန့်တကြား ကုန်းထရင်း ဘေးတစ်ဖက်သို့ ကြည့်လေရာ မည်သူမှရှိမနေ။

အိမ်မက်ဟူ၍ ထင်ယောင်ထင်မှားဖြစ်ရအောင်လည်း အသေအချာမြင်တွေ့လိုက်ရသည့် လက်တစ်ဖက်ဟာ အိမ်မက်မဟုတ်ကြောင်း အသိပေးနေသလို။

လေတိုက်၍ တကျွီကျွီမြည်နေသော ပြတင်းတံခါးရွက်ထံမှအသံတို့ဟာ တိတ်ဆိတ်နေသော ပတ်၀န်းကျင်နှင့် ပလဲပနံသင့်စွာ ခြောက်ခြားဖွယ်အတိ။

လေတွင် လွင့်၀ဲနေသော လိုက်ကာစတို့အား စု၍ချည်နှောင်လိုက်ကာ ပြတင်းတံခါးအားလည်း ပိတ်လိုက်တော့သည်။

အိမ်မက်လို တကယ်လို ဝိုးတဝါးအသိဉာဏ်ကြောင့် စားပွဲပေါ်တင်ထားသော ရေဗူးအား ယူ၍ တစ်ငုံမော့သောက်ချိန်

မတ်တပ်ရပ်နေသော ထိုပုံရိပ်လေးဟာ ညအိပ်မီးအဝါရောင်အောက်တွင် ဝိုးတိုးဝါးတား ပုံရိပ် ထင်ဟပ်နေသည်။

WHO AM I ?Where stories live. Discover now