6th 1 day or Day 1

727 48 8
                                    

*ကျန့်ကော*

ပတ်၀န်းကျင်တစ်ခွင်က မှောင်မည်းကာ နေရာ‌ဒေသကို မမြင်ရသော်လည်း သူ့မြင်ကွင်းထဲတွင် မြင်နေရသည်က ၀မ်ရိပေါ်ကိုသာဖြစ်သည်။

*ရိပေါ်လားဟင်?*

ရှောင်းကျန့်ဟာ ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးသွားသော်လည်း ၀မ်ရိပေါ်နှင့် နီးမလာသောကြောင့် စိတ်အလိုမကျမှုလေး ဖြစ်ပေါ်သွားကာ ထပ်မံ၍ ခြေလှမ်းကျဲကျဲ လှမ်းလိုက်တော့သည်။

သို့သော် သူပိုလှမ်းလေ ပိုဝေးလေဖြစ်လာသည်ကြောင့် အစက မကျေနပ်မှုလေးကနေ စိုးရိမ်စိတ်တို့ဖြစ်တည်လာရကာ...

*ရိပေါ်...မင်းငါ့ဆီလာခဲ့*

*.....*

တစ်ဖက်က ပြန်မပြောသောအခါ

*မင်းမလာရင် ငါလာခဲ့မှာမို့ အဲ့နားမှာပဲစောင့်နေ*

ထို့နောက် ခြေလှမ်း၄လှမ်းလောက်ထပ်လှမ်းလိုက်ရာ ပို၍ဝေးသွားသည်ကြောင့် နောက်တစ်လှမ်းပင် ထပ်မလှမ်းရဲလောက်အောင် နေရာတွင်ပင် ရပ်တန့်လိုက်ပြီး ၀မ်းနည်း စိုးရိမ်စိတ်တို့ဖြစ်တည်လာကာ

*ရိပေါ်...ငါမင်းဆီ လာလို့မရဘူး။ ငါတစ်လှမ်းတိုးလေ မင်းနဲ့ပိုဝေးသွားလေဖြစ်နေတယ်*

*.....*

*ရိပေါ်....ငါ့ဆီလျှောက်လာခဲ့ပေးပါလားဟင်*

ရိပေါ်က တစ်ခွန်းမှပြန်မပြောသည့်အခါ ရှောင်းကျန့်အသံလေးတို့ဟာ တုန်ရီချင်လာပြီး ချက်ချင်းငိုချမိတော့မလို....

*ရိပေါ်.....ငါ့ကိုမစပါနဲ့။ ငါ...ငါကြောက်လာပြီမို့....ငါ့ဆီလာခဲ့ပါတော့။*

သူဘယ်လိုပြောပြော ထိုအတိုင်းသာရှိနေသည့် ရိပေါ်ဟာ သူ့အမြင်အာရုံတွင် တဖြည်းဖြည်း ဝေဝါးလာပြီးနောက်....

*ရိပေါ်!!*

ထိုအရာသည် အိမ်မက်သာဖြစ်တော့သည်။ မျက်လုံးဖွင့်ကာ ထထိုင်မိစဉ် အနည်းငယ်မောဟိုက်နေသည့်လူလိုဖြစ်ကာ ချွေးစေးတို့ကလည်း ပြန်နေသည်။

ရှောင်းကျန့်အော်သံကြောင့် နိုးသွားပုံရသည့် ၀မ်ရိပေါ်က ရှောင်းကျန့်ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲဆွဲသွင်းကာ

You've reached the end of published parts.

⏰ Last updated: May 27, 2023 ⏰

Add this story to your Library to get notified about new parts!

WHO AM I ?Where stories live. Discover now