အခန်း [ 80 ] : ~ ​ရောက်လာကြပြီ ~

4.2K 623 3
                                    


Unicode

ချင်ရွှိုက်မြို့ ဆိပ်ကမ်းမှာ သ​င်္ဘော အဝင်အထွက်​တွေနဲ့ အမြဲတ​စေ အလုပ်ရှုပ်လို့​နေသည်။ ကုန်သည်သင်္ဘော​တွေက ထွက်ခွာသွားလိုက် ခရီးသည်သင်္ဘော​​တွေက ဆိုက်ကပ်လာလိုက်နှင့်ပင်။ 

ချင်ရွှိုက်မြို့က အ​ကောင်းဆုံးထောက်ပံ့ရေးစခန်းတစ်ခု ဖြစ်​လေသည်။ ဒေသက သေးငယ်ပြီး လူသိပ်မများပေ။ များသောအားဖြင့် လူတွေက ဒီမှာ သိပ်ကြာကြာမနေတတ်ကြ​ပေ။ စားစရာ သောက်စရာ အနားယူစရာ နေရာတစ်ခုသာ သတ်မှတ်ခဲ့ကြတာဖြစ်သည်။

သို့သော်ငြား တဖြည်းဖြည်း ကျုံးဇစ်ချီနဲ့ ကျောက်ကျန်းအန်းတို့ရဲ့ လုပ်ငန်းက ကြီးမားလာပြီး ကြီးပွားချမ်းသာလာတာနဲ့အမျှ ဒီနေရာကို​ရောက်လာတဲ့ ကုန်သည်အများစုကလည်း ထိုအကြောင်းကို ကြားသိလာကြသည်။ ချင်ရွှိုက်မြို့က လူ​တွေကို အထပ်ထပ်စားချင်စိတ်ဖြစ်​​​စေတဲ့ အထူးအရသာရှိတဲ့ အစားအစာအချို့ကို ထုတ်လုပ်​နေကြောင်း ကြားသိရ​လေသည်။

ထို့​ကြောင့်ပင် ကုန်သည်သင်္ဘောအများအပြားက ချင်ရွှိုက်မြို့မှာ ရပ်ဖို့ ရွေးချယ်ခဲ့ကြသည်။ သူတို့က 《 ထူးခြားတဲ့ အရသာ》စားသောက်ဆိုင်ကို မတွေ့ခင် ဝိုင်းပြီး မေးမြန်းကြသည်။ ထိုနေရာ၌ ထမင်းစားပြီးနောက် ထိုလူ​တွေက ဝမ်ကျိချန်းထံ ချဉ်းကပ်ကြပြန်ကာ လမ်းမှာစားဖို့အတွက် ဂျုံ​ချောင်း​ကြော်နဲ့ မုန့်ကြိုးလိမ်​ကြော်တို့ကို ​ရောင်းချ​ပေး​စေလို၏။ 

သဘာဝကျကျပင် ဝမ်ကျိချန်းကလည်း စီးပွား​ရေးဆိုင်ရာ အခွငိ့အလမ်း​တွေကို ငြင်းပယ်မှာမဟုတ်ပေ။

ကုန်သည်တစ်ယောက်က အရသာရှိတယ်လို့ ပြောပါက ထိုစကားက အရပ်ရပ်ကို ပြန့်သွားလိမ့်မည်ပင်။ ကုန်သည်တစ်ဦးက​နေ အခြားကုန်သည်​တွေဆီ ကြော်ငြာပေးတဲ့ စကား​​တွေက​နေတစ်ဆင့် မကြာခင်မှာပင် ကမ်းနားကို ရောက်ရှိလာတဲ့ ကုန်သည်သင်္ဘော​တွေက အစားအ​သောက် အသုတ်လိုက်ကြီးကို ဝယ်ဖို့ထိုနေရာက​နေ တစ်ဆင့် ဝမ်ကျိချန်းဆီ သွားကြ​လေသည်။

ဤနည်းဖြင့် ချင်ရွှိုက်မြို့က ပိုမိုအသက်ဝင်လာခဲ့သည်။ ဖြတ်သွားတဲ့ ကုန်သည်သင်္ဘော​တွေအားလုံးက ၎င်းတို့နဲ့အတူ ယူဆောင်သွားဖို့အတွက် အစားအစာတစ်သုတ်ဝယ်ဖို့ 《 ထူးခြားတဲ့ အရသာ》သို့မဟုတ် ဝမ်ကျိချန်းရဲ့နေရာကို သွားကြမည်ဖြစ်သည်။

အရူးခင်ပွန်းနှင့် တူယှဥ်စုံတွဲနေထိုင်ခြင်း |Completed|Donde viven las historias. Descúbrelo ahora