ကိုကြီးရင်ထဲက ရေပြာအိုင်လေး
အပိုင်း(၆)
"အချစ်သည် ကိုကြီးဖြစ်သည်"
ခြံထဲမှာ အလှစိုက်ထားတဲ့ ပန်းပင်လေးတွေက ရောင်စုံ၊ပုံစံစုံ၊ရနံ့စုံ စီရရီပွင့်ဖူးနေကြသည်။
ပန်းဥယာဉ်ကြားထဲက ကွန်ကရစ်လူသွားလမ်းလေးအတိုင်း ဝှီးချဲလေးကို ကိုကြီးက တွန်းလာသည်။
ဝှီးချဲပေါ်က ကူရာသည် အသားဖြူဖြူဥဥလေးနှင့် သေးသေးသွယ်သွယ် နှင့် သိုးမွေးထည် သစ်ခွစိမ်းရောင်လေးဝတ်ကာ ပါးဖောင်းဖောင်း ၊နုတ်ခမ်းနီတာရဲလေးနဲ့ ချစ်စရာကောင်းလှသည်။
ကိုကြီးနဲ့အတူရှိနေတာဆိုတော့ ခြေထောက်ဒဏ်ရာကြောင့် လမ်းမလျှောက်နိုင်ဖြစ်ကာ ဝှီးချဲကြီး စီးနေရသည့် အဖြစ်ကိုပင် မေ့လျော့ကာ ပြံးပျော် ကြည်နူးကာ စကားတွေ ရွှန်းရွှန်းဝေအောင် ပြောနေတော့သည်။
ပြောစရာ စကားစ ကုန်သွားလျှင် ခြံထဲက ပန်းတချို့ကို လက်ညှိုးထိုးကာ "ဘာပန်းလဲ?" ဟု ကိုကြီးကို အမေးမြန်းထူတော့သည်။
ကိုကြီးကလည်း ကူရာမေးသမျှ စိတ်ရှည်၊လက်ရှည်၊ထွေကာလီကာ၊စီကာပတ်ကုံးနှင့် ဖွဲ့ကာနွဲ့ကာ စုံစုံလင်လင်ေဖြတော့သည်။
ခြံထဲကို ဝှီးချဲလေးနှင့် အမြဲလိုက်ပို့ပေးနေသည်မှာ ဒီနေ့တရက်တည်းလည်းမဟုတ်။နေ့စဉ်ရက်ဆက်ပင်ဖြစ်သည်။
ကူရာ အိပ်ရာကနိုးလျှင် ကိုကြီးကပွေ့ချီကာ ရေချိုးခန်းသို့ပို့ပေးသည်။
ကူရာ သန့်ရှင်းရေးလုပ်၊အပေါ့အလေးသွား၊ရေမိုးချိုးပြီးလာရင်လည်း ပွေ့ချီပြီး သယ်ထုတ်လာတတ်သည်။
ပြီးလျှင် အဝတ်အစားပင်လဲပေးလိုက်သေးသည်။
အေပရွန်ကြီးဝတ်ကာ မနက်စာပြင်ပြီး နေ့တိုင်းလိုလို ကူရာနှင့်အတူမနက်စာစားသည်။ပြီးတာနဲ့ အခုလို ခြံထဲလိုက်ပို့စမြဲ စကားတွေပြောကြသည်။ကူရာမေးတာတွေကို ကြိုးစားပြီးတော့ ဖြေစမြဲ။ ခုံတန်းလျားလေးပေါ်ရောက်လျှင် ကူရာ့ခေါင်းကို သူ့ပခုံးပေါ်တင်ပြီး စာဖတ်ပြသည်။
ပြီးမှ အိမ်ထဲကိုအတူဝင်လာကာ ရုပ်ရှင်ကြည့်သည်။နေ့လယ်စာကို အဒေါ်ကြီးလက်ရာ အိမ်မှာစားချင်စားသည် မဟုတ်ရင်လည်း အပြင်မှာသွားစားကြသည်။
ညနေဘက်ဆို လေညင်းခံလို့ကောင်းတဲ့တနေရာရာကို ကိုကြီးက ကားမောင်းပို့သည်။
တခါတလေလည်း ညဘက်တွေ မှာ ကူရာသီချင်းဆိုနေကျ ဘားကို လိုက်ပို့တတ်သည်။ထိုရက်္မျိုးတွင် ကိုကြီးရီ က ဒီအိုကိုပါ ခေါ်လာပေးတတ်သည်။
တခါတလေလည်း ကူရာ့ကျောင်းက သူငယ်ချင်းတွေ အိမ်သို့ လာတတ်သည်။သူတို့က ကူရာ့အတွက် ကျောင်းသင်ခန်းစာတွေ လုပ်လာပေးကြသည်မဟုတ်လား။
ကူရာ့သူငယ်ချင်းတွေလာလျှင် ကိုကြီးက စားစရာတွေ အလျှံပယ် မှာကျွေးတတ်သည်။
ကူရာ့ မေမေနှင့်ဖေဖေတို့ကမူ အလုပ်ရှုပ်နေတာသာများသဖြင့် တပတ်ကို တခါလောက်တော့ ကူရာ့ကို လာကြည့်တတ်သည်။အလုပ်ရှုပ်နေတယ်ဆိုတာထက် ကိုကြီးလီရန်နှင့်ဆို ကူရာ့ကိုစိတ်ချလက်ချ လွှတ်ပေးထားလို့ရတာလည်း ပါသည်။
တဖြည်းဖြည်းနဲ့ ကူရာ သက်သာလာပြီး နားရက်ပြည့်လာတဲ့အခါ လမ်းလျှောက်နိုင်အောင်ပင်ခြေထောက်ကိုပြန်ကျင့်ယူရသည်။
တကယ်တမ်းတော့ ဒီရက်တွေအတွင်းမှာ လမ်းပြန်လျှောက်နိုင်ပါ့မလား?မော်တော်ဆိုင်ကယ် ပြန်မှ စီးနိုင်ပါ့မလား?သူအရမ်းကြိုက်တဲ့ မော်တော်ဆိုင်ကယ်စီးတာကို အပြီးတိုင်စွန့်လွှတ်ရတော့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ နဲ့ ကူရာ့မှာ ပူပန်နေရသည်။
ကိုကြီးက တချိန်လုံးလိုလို(အလုပ်ကိုပင် မသွားပဲ)အဖော်ပြုပေးနေလို့သာ စိတ်ဓာတ်ကျတာတွေ၊ပူပန်မှုတွေကို အလွယ်တကူ ဖြတ်ကျော်လာနိုင်တာဖြစ်သည်။
ကိုကြီးအကြောင်းတွေးမိပြီးတော့ ဘေးမှာ အိပ်နေတဲ့ ကိုကြီးကို လှည့်ကြည့်လိုက်တော့ မရှိ။"ကူရာတရေးနိုးလာတာလား ဘာလုပ်ချင်လို့လည်း ကူရာ"
အသံကြားရာဘက်ကို လှည့်ကြည့်တော့ စားပွဲမှာ ကွန်ပျူတာတလုံးနှင့် အလုပ်လုပ်နေသော ကိုကြီးကို တွေ့ရသည်။
ကူရာ့အတွက် Work from home လုပ်နေသည့် ကာလတလျှောက်လုံးတွင် ကူရာအိပ်ပျော်သွားချိန်မျိုးမှ ကိုကြီးမှာ အလုပ်လုပ်ရသည်မှာ နေ့စဉ်ပင်ဖြစ်သည်။တခါတလေ Zoomနှင့်ပင် meeting လုပ်ရတတ်သည်။"ကူရာ ဘာမှ မလုပ်ချင်ပါဘူး ဒီအတိုင်းနိုးလာတာပါ"
အရင်လိုဝှီးချဲနဲ့မဟုတ်တော့ ခပ်နှေးနှေးပေမယ့် လမ်းလျှောက်နိုင်လာပြီဖြစ်တာကြောင့် ကိုကြီးအနားကိုလျှောက်သွားလိုက်သည်။
ဘာကြောင့်မှန်းမသိ သူ့ဆီလျှောက်လာနေသော ကူရာ့ကြောင့် လီရန်ဝမ် ဒီအတိုင်းလေးငေးကြည့်နေမိသည်။သူ့ဆီရောက်တော့ ကူရာက သူ့နံဘေးမှာ ဝင်ထိုင်ပြီး သူ့ပခုံးလေးကိုလာမှီသည်။
ဖြစ်ချင်တော့ Zoom နဲ့ meetingလုပ်နေတဲ့အချိန်မို့ ပခုံးမှာလာမှီလိုက်တဲ့ ကူရာ့မျက်နှာပါ screen မှာပေါ်လာတဲ့အခါ အတူတူအစည်းအဝေးလုပ်နေသည့် တဖက်က ဝန်ထမ်းတွေ မျက်နှာေတွပြုံးစိစိဖြစ်ကုန်ကြသည်။
သူတို့တွေပြုံးစိစိဖြစ်ကုန်တာကို ကူရာကလည်း ပြန်မြင်ရသည် ကူရာလည်း ရှက်ပေမယ့် ရယ်ချင်စိတ်ကပိုများသဖြင့် ပြုံးစိစိ နှင့်ပင် ကိုကြီးပခုံးကိုဆက္မှီထားလိုက်သည်။
အကုန်လုံး ပြုံးစိစိဖြစ်သွားတာကို လီရန်ဝမ် မြင်သည်။ကူရာ့ကိုလည်း နှင်မထုတ်ရက်။ဒီအခြေအနေေလးအတိုင်းကို ကြည်နူးပြီး မာန်ပင်တက်ချင်လာရသည်။
တရေးနိုးတာတောင် သူ့အနားလာကပ်နေသည့် သူ့ကောင်လေးမျိုး သူ့မှာပဲရှိသည်မဟုတ်လား။အစည်းအဝေးလုပ်နေရင်း ပြုံးဖြီးနေသည့် သူဌေးမျိုး မြင်ဖူးကြရဲ့လား အဲ့ဒါကိုကြီး လီရန်ပါပဲဗျာ........လို့ ဘေးကနေငေးကြည့်နေရင်း ကူရာ ကြည်ကြည်နူးနူးလေးတွေ စိတ်ထဲကနေ ပြောနေမိသည်။
အချစ်သည်.......".ကိုကြီး"ဖြစ်သည်။
#ThinnThinnSuHlaing
6:53 AM
#CutiePie
YOU ARE READING
ကိုကြီး ရင်ထဲက ရေပြာအိုင်လေး(complete)
Fanfictionfan fiction ပုံစံလေး ရေးထားတာပါ။ နုကူရာနှင့် ကိုကြီး လီရန်တို့၏ စီးရီးလေးရဲ့ နောက်ဆက်တွဲ ပုံစံ လိုမျိုးလေး ရေးထားတာပါ။