၂၈

1.5K 279 3
                                    


အပိုင်း ၂၈

ဟူရင်းက သူမကို မင်သက်အောင်လုပ်နိုင်သည်ဆိုလျှင် ဖေးရွှီကမူ တစ်ချက်ကြည့်ရုံဖြင့် အံ့အားသင့်စေသောအမျိုးသားဟုဆိုရပေမည်။ သူ၏စိတ်နေသဘောထားနှင့် ရုပ်ရည်သွင်ပြင်က စိတ်ကူးယဉ်အချစ်ဝတ္ထုများတွင် ရှိတတ်သော အမျိုးသားဇာတ်လိုက်များနှင့် ကိုက်ညီသည်။
တကယ်ကို အမျိုးသမီးသတ်ဖြတ်သူပဲ။

“ဟယ်လို ငါက ဖေးရွှီပါ”
တစ်ဖက်သူကပြောသည်။

အား အရမ်းကိုဆွဲဆောင်မှုပြင်းတာပဲ။

ကျိုင်ရှင်းချန်က အရာအားလုံးကို ဘေးဘက်မှ ကြည့်နေခြင်းဖြစ်သည်။ ကျင်းကျန်းရဲ့အမျိုးသားဇာတ်လိုက်ဆိုတဲ့အတိုင်းပဲ အမျိုးသမီးစနိုက်ပါပဲ။

အမျိုးသမီးကို အဓိကထားသောဝတ္တုများထဲမှ အဓိကအမျိုးသားဇာတ်လိုက်များ အတွက်ကမူ အမျိုးသမီးများ၏ချစ်ခင်စိတ်ကို အလိုလိုရရှိစေသော အရာရာကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ပုံမှန်အားဖြင့် မိန်းကလေးများက တစ်ဖက်သူ၏အိမ်တွင် နေထိုင်သောပုံစံမျိုးများကို မသိလောက်ချေ။ သို့မဟုတ် ဟော့ချန်းကဲ့သို့ ဆွဲဆောင်မှုအလွန်ပြင်းထန်သောသူ သို့မဟုတ် ရန်ကျစ်လိုမျိုး ညင်သာသိမ်မွေ့သူကဲ့သို့ တစ်ပြိုင်တည်းတွင်ပင် ဟော့သည့်အမျိုးသားမျိုးကို မမြင်ဖူးသောအတွက်ကြောင့်လည်း ဖြစ်နိုင်သေးသည်။

သို့သော် ရေခဲတုံးများက နွေးထွေးမှုအတွက် မကောင်းချေ။

လျှိုစစ်က ရုတ်တရက် အနည်းငယ်ရှက်သွားပြီးနောက် သူမ၏ဆံပင်ကို နားအနားသို့သပ်တင်လိုက်သည်။

“ဟယ်လို ငါက ယန်ကျစ်ရဲ့ညီမဝမ်းကွဲလျှိုစစ်ပါ”

လျှိုစစ်က ဖေးရွှီကိုသာ တစ်ချိန်လုံးကြည့်နေသည်။ သူမ၏မျက်ဝန်းက သူ့ထံတွင် ကပ်ညှိနေသည့်အလားဖြစ်နေသည်။ သူ၏ဝမ်းကွဲအစ်ကို၏စိတ်အခြေအနေက မကောင်းကြောင်း သတိပင်မထားမိချေ။

ဟူရင်းနှင့်ကျိုင်ရှင်းချန်တို့က တစ်ချိန်လုံး လေထုကိုတက်ကြွအောင် လုပ်ပေးနေသည်။ သူတို့က လျှိုစစ်နှင့်တစ်ချိန်လုံးစကားပြောပြီး သည်ညစာစားပွဲတစ်ခုလုံး၏ လေထုအခြေအနေကို ထိန်းသိမ်းထားသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now