Ep 1

5.4K 124 22
                                    

၀မ်ရိပေါ်ဟာ အသည်းကွဲနေပါတယ်။
အသည်းကွဲနေပါတယ်။ အသည်းကွဲနေပါတယ်

ဟုတ်ပါတယ်။ ၂နှစ်ကျော်တွဲခဲ့တဲ့ချစ်သူက
၀မ်ရိပေါ်အား အသည်းခွဲခဲ့ခြင်းဖြစ်ပါတယ်။

ဖြစ်ပုံက တခြားတော့မဟုတ်...ချစ်သူသက်တမ်းတစ်လျှောက် လက်ကိုင်၊ ခါးဖက်ရုံကလွဲလို့ တုတ်တုတ်မလှုပ်သည့် ၀မ်ရိပေါ်ကြောင့်ပါဘဲ။

Valentine's Day လိုနေ့မျိုးတွင်
ချစ်သူရည်းစားအများစုက လည်ပတ်ပြီးလျှင်
အိမ်မပြန်တတ်ကြဘဲ အတွဲများကြား
ဟိုဒင်းဟိုဟွာ ကိစ္စများ ရှိကြပါသည့်တိုင်
၀မ်ရိပေါ်ဟာတော့ ချစ်သူကိုယ်တိုင်က
အခန်းငှားကာ နှစ်ဦးသားအတွက် ကြည်နူးစရာ
အချိန်ကောင်းလေးတွေ ကျော်ဖြတ်ချင်ခဲ့တာတောင်
Five stars အဆင့်ရှိသည့် hotelတွင်
အခန်းခဈေးကြီးသည်ဆိုကာ အတူတကွ ညစာ
စားသောက်ပြီးတာနှင့် အခန်းပြန်အပ်ကာ ကျသင့်ငွေကို ပေးချေခဲ့သောကြောင့်ပါဘဲ။

*ရိပေါ်...ဒီအတိုင်းဆို မင်းနဲ့မနဲ့ မဖြစ်တော့ဘူး။*

*မ....ဘာကိုပြောချင်တာလဲ?*

*မ....ရှင်းရှင်းဘဲ ပြောတော့မယ်။ မ.....က ကလပ်တဲ့မိန်းကလေးမျိုးမဟုတ်ပေမယ့် တစ်ခါတစ်လေကျ ကိုယ့်ချစ်သူကိုပေးချင်တဲ့အချိန်၊ ကိုယ်တိုင်ကလိုအပ်လာတဲ့အချိန်တွေ ရှိတယ်*

ထိုမိန်းကလေးဟာ ဆက်ပြောလာခဲ့သည်။

*မင်းက တုံးတာလား အ'တာလားတော့ မလည်း မပြောတတ်တော့ဘူး။ မဘက်ကနေ ဘယ်လောက်လမ်းခင်းပေးပေး၊ မြောင်းဖောက်ပေးပေး မင်းက ဘယ်တော့မှ စီးမလာဘူး။ အဲ့တာတွေက တဖြည်းဖြည်းကြာလာတော့ မ စိတ်ပျက်လာပြီ။*

*ဟာ.....မကလည်း ကျွန်တော်က မ ကို...*

*တော်တော်....မဘဲဆက်ပြောမယ်။ မင်းအဲ့လောက် စောင့်ထိန်းချင်နေရင် တောထွက်ပြီးသာ သာသနာပြု‌နေလိုက်တော့။ မကတော့ မင်းကိုဆက်သည်းမခံနိုင်တော့ဘူး။ မင်းနဲ့မရဲ့ဇာတ်လမ်း ဒီမှာတင်ပြတ်ပြီ*

ထိုသို့ဖြင့် IT ကျောင်းသားလေးဟာ ချစ်သူကဖြတ်၍ အသည်းကွဲခဲ့ခြင်းဖြစ်သည်။

___________

*ဟီး......မင်းဘဲစဉ်းစားကြည့်စမ်းပါကွာ*

You've reached the end of published parts.

⏰ Last updated: May 31, 2023 ⏰

Add this story to your Library to get notified about new parts!

Network ERROR 🚨 (Short Story)Where stories live. Discover now