Season 2: Part 48

3.8K 92 8
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 48]

"မြတ်ပန်းသတင်း"

ဟင်..။ ရင်းနှီ့တဲ့ရေမွှေးနံ့နှင့်မှတ်မိနေတဲ့အသံကလူနားရောက်မှအနီးကပ်ခေါ်လိုက်တာဖြစ်လို့ သူမနောက်ကိုလှည့်မကြည့်မိအောင်ကိုယ်ဟန်ကိုခပ်မတ်မတ်ပြင်လိုက်သည်။ သမီးအတွက်ရည်ရွယ်ပြီးရွေးပေးနေတဲ့ ပန်းကလစ်လေးတွေလက်ကကိုင်ထားလက်စကိုအရင်ချပြီးမှ သူမခြေတစ်လှမ်းခွာရပ်ကာသူ့ဘက်လှည့်လိုက်၏။ အလိုမကျသည့်မျက်နှာလေးကစကားစပြောတော့ အမေးဝါကျနှင့်...

"ဘာကိစ္စလဲ"

သူနဲ့နီးကပ်ရမှာကိုသတိကြီးကြီးထားပြီးလှုပ်ရှားနေတဲ့ သတင်းကိုကင်းကသေချာစိုက်ကြည့်ပြီး..

"တစ်နေရာမှာစကားပြောရအောင်"

ဖုန်းဆက်ချိန်းတုန်းကတော့ငြင်းထားပြီး အခုမှမြေသျိုးမိုးပြန်မန္တလေးအထိရောက်ချလာတဲ့သူ့ကို သတင်းဘာမှမမေးတော့ပဲ ရှေ့ကသွားနှင့်သည့်သူခြေလှမ်းအတိုင်းလျှောက်လိုက်သည်။

"ဒီဆိုင်ထိုင်မလား"

ကော်ဖီဆိုင်တစ်ခုရှေ့အရောက် ဘောင်းဘီအိတ်တစ်ဖက်ထဲလက်ထည့်လျှောက်နေသည့်ခပ်နွဲ့နွဲ့ကိုယ်ဟန်ကလှည့်လာပြီးမေးသည်။

"center ထဲမှာမထိုင်ချင်ဘူး..ကျွန်မတို့တခြားနေရာသွားလို့ရမလား"

ကင်းကခေါင်းငြိမ့်ပြကာ သတင်းကိုရှေ့ကလျောက်ဆိုသည့်သဘောနှင့်ကိုယ်တစ်စောင်းရပ်ပြီးလမ်းဖယ်ပေးသည်။ သတင်းကဆိုင်ကယ်ပဲယူလာတဲ့သူမို့သူ့ကားနှင့်ပဲဦးပိန်ဘက်မောင်းခိုင်းလိုက်တော့ ကင်းကကားမောင်းနေရင်းသတင်းမျက်နှာလေးကိုငဲ့ကြည့်ကာ...

"ခုနကရွေးနေတာကလေးပန်တဲ့ဆံကုတ်မို့လား..ဘယ်ကလေးကိုလက်ဆောင်ပေးမလို့လဲ"

သတင်းဘယ်လိုဖြေမှာလဲသိချင်လို့ သူစကားလမ်းကြောင်းစလိုက်တာဖြစ်သည်။

"ကလစ်ပါ..အသိတစ်ယောက်ရဲ့ကလေးအတွက်"

"ဪ..ဟိုတစ်ခါတွေ့တဲ့ကလေးမလေးလား"

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now