အပိုင်း-၈

3.1K 19 0
                                    

ပြဿနာက ဆေးရုံတက်နေတဲ့ကျနော့်အဘိုးဆေးရုံကနေကောင်းလို.ဆင်းရမယ့်နေ.မနက် မှာစတာဗျို.။ မေ့ တစ်ယောက်ညဂျူတီကတစ်ယောက်ထဲပြန်သွားပီ။
ကျနော်ကဟိုကောင်ကဗျာဆရာကို ဒီနေ.အဘိုးဆေးရုံဆင်းမှာမို.ဒီကောင့်ဂျစ်ကားလေးယူပီးလာကြိုဖို.မှာထားတယ်။ ဘွားလေးမေရယ်ကျနော်ရယ်ပစ္စည်းလေးဘာလေးသိမ်းပီးဆရာဝန်ကြီး ရောင်းလှည့်ပီးရင်ဆင်းလို.ရပီဆိုပီးပြင်ဆင်နေကြတာပေါ့။ မနက်ခင်း ၉ နာရီလောက်ကြတော့ဆရာဝန်ကြီးရောက်လာပီ..
ဦး‌ အောင်ထွန်းဆင်းလို.ရပါပီ..နောင်ကိုဆင်ခြင်ဖို.ဘာညာတွေ..ကျနော့်အဘိုးလည်း
ဟုတ်ကဲ့ဆရာကြီးကျနော်တော်တော်အသိတရားရပါပီဘာညာတေ ွပြန်ပြောနေတုံး.. ဆရာဝန်ကြီး ဘေးကပါလာတဲ့လက်ထောက်ဆရာဝန်မကဘွားလေးမေအနားမှာကပ်ပီး ပြုံးပြုံးရွှင်ရွှင်နဲ.စကားတွေတိုးတိုး တိုးတိုးပြောရင်းကျနော့်ကိုလှမ်းလှမ်းကြည့်နေတော့ကျနော်လည်းဘာရယ်မဟုတ်သေချာပြန်ကြည့်မိတယ်။
ဘုရားဘုရား!! ဂျူတီကုတ်အဖြူ၊ထမီအနက်ရောင်နဲ.ဆံပင်တွေကိုသေချာထုံးထားတဲ့ဆရာဝန်မဟာ....
...ဟိုရေတွင်းနားမှာကျနော်နဲ.ဖြစ်ခဲ့တဲ့မိန်းမပါလား!!
အမြဲတမ်းတင်းမာနေတတ်တဲ့သူ.မျက်နာက ခုတော့ချိုပြုံးလို.ပါလားဗျာ။ နေပါဦး..ဒီဆရာဝန်မက ဘာကိစ္စတစ်လလုံးလုံးဆေးရုံမှာရှိမနေပဲ..ကျနော့်ကိုထမင်းဟင်းတွေချက်ကျွေးနေခဲ့တာလဲခုဘွားလေးမေကော..အဲ့ဒီဆရာဝန်မကော..ကျနော့်ကိုကြည့်ပီးဘာတွေတပြုံးပြုံးပြောနေကြတာလဲမသိဘူး။
ကျနော်တော်တော်လေးရင်ထိတ်နေပီ။ ပီးတော့.. ကျနော်ပြဿနာကြီးကြီးမားမား
တစ်ခုကိုမကြာခင်ရင်ဆိုင်ရတော့မယ်ဆိုတာရင်ထဲမှာအလိုလိုသိနေသလိုပဲဗျာ။
ဆးရုံအောက်ကိုအားလုံးဆင်းလာကြတော့အဲ့ဒီ မိန်းမပါလိုက်လာတယ်ဗျ။
ကျနော်ကတော့အမှန်တိုင်းဝန်ခံရရင်တော်တော်လေး ခြောက်ခြားနေပီ။
စိတ်လည်းတော်တော်ရှုပ်ထွေးစပြုလာကိုပွေ.တင်ရင်း ဟိုဆရာဝန် မ ကိုတချက်လောက်လှမ်းကြည့်လိုက်တော့အောက်နှုတ်ခမ်းကိုသွားလေးနဲ.ဆတ်ကနဲကိုက်၊မချိုမချဉ်လေးလုပ်ပြနေတယ်
။ ဖူးးးးးးးး!!
ကျနော်တော့ရင်မောနေပီဗျာ။
ချယ်ရီလေး..အရီးမေတို.သွားပီကွယ်.. ညနေမှနင့်မောင်ကိုအကြိုလွှတ်လိုက်မယ်နော်..
ဘွားလေးမေလှမ်းအော်တာကို.. ဟုတ်..အရီး.. ဆို.အဲ့ဒီဆရာဝန်မကလှမ်းပြောရင်း ပြုံးရယ်လို.လက်ပြပီး ကျန်ခဲ့တယ်။
အိမ်ရောက်တော့အဘိုးကိုအတက်အဆင်းခက်မှာ စိုးလို. အိမ်အောက်ထပ်ဧည့်ခန်းနဲ.
ကပ်လျှက်အခန်းမှာ နေရာချထားပေးလိုက်တယ်။ ဟိုလိုလူမမာကြီးမဟုတ်တော့ပေမယ့်အားတော့သိပ်မရှိ သေးဘူးဆိုတော့သက်တောင့်သက်သာလေးရှိအောင်စီစဉ်ပေးရတာပေါ့လေ။ အားလုံးပီးသွားတော့မှ
ကျနော့်သူငယ်ချင်းလည်းပြန်သွားတယ်
။ အဘိုးကိုအခန်းထဲကပြူတင်းပေါက်တေအလင်း ရောင်ကောင်းကောင်းရအောင်ဖွင့်ထားပေးခဲ့ပီး စာအုပ်၃-၄အုပ်ဖတ်ဖို.ချထားပေးခဲ့ပီးမီးဖိုချောင်ဖက်ကိုဗိုက်ဆာလာတာနဲ. မနက်စာတစ်ခုခုစားမယ်ဆိုပီးထွက်လာခဲ့တယ်။ဘွားလေးမေတစ်ယောက်ကော်ဖီလေးဖျော်...ကျနော်ကြိုက်တဲ့အုန်းထမင်းနှမ်းထောင်းလေးပြင်ပီးစောင့်နေတယ်
။မြေးလေး.. ရော့မြေးအကြိုက်အုန်းထမင်း.. ကော် ဖီခါးခါးလေးကောပါတယ်..စားနော်သား... ဆိုပီးကျနော်အားရပါးရစားနေတာကိုပြုံးပီးသဘောတွေကျနေတယ်။
ဖိုးထွန်းအိမ်ပြန်မလာတာခုတလောကြာနေပီတဲ့.. ချယ်ရီလေး
ကထမင်းဟင်းတွေချက်ပီးနေ.တိုင်းစောင့်နေတာတဲ့ဟုတ်လားမြေးရဲ. ကျနော်..သူငယ်ချင်းအိမ်သွား သွားလည်နေတာနဲ.အိမ်မပြန်ဖြစ်တာပါ ဘွားလေးမေ!!
ချယ်ရီကဆေးရုံမှာ ပီးခဲ့တဲ့၂လလောက်ကပြဿနာတစ်ခုဖြစ်လို. ခွင့်တင်ပီးအိမ်
မှာနားနေတာလေ မြေးရဲ. စိတ်နည်းနည်းထိခိုက်သွားတာဆိုလားကွယ်.. လူနာကတော့မဖိတ်မစင်သွားပေမယ့်သူ.အမှားကြောင့်ဒီလိုဖြစ်ရတယ်ဆိုပီးချယ်ရီ.ခမျာတော်တော်စိတ်မကောင်းဖြစ်သွားရှာတာကွယ့်..
ခုမှသူလည်းရယ်ရယ်ပြုံးပြုံးပြန်ဖြစ်လာတာ...  သြော်..ဟုတ်ဘွားလေး!! (ဒါကြောင့်သူ.မျက်နာက ခက်ထန်သလိုလိုဖြစ်နေခဲ့တာကိုးလို.ခုမှသဘောပေါက်တော့တယ်)
မြေးက ချယ်ရီ.ကိုမမှတ်မိဘူးဆို..ဟုတ်လားကွယ့်
ဗျာ!!
ဟဲ့.. အဲ့ဒီချယ်ရီဆိုတဲ့ဆရာဝန်မလေးက မြေးသူငယ်ချင်း ပုံ.ပုံ.လေကွယ်..ဖိုးထွန်း
ကျနော်မျိုချနေတဲ့အုန်းထမင်းတွေလည်ချောင်းမှာတစ်ဆို.ဆို.ကြီးဖြစ်သွားပီဗျာ။ ကျနော် မှင်တက်ပီးဘာမှလည်းဆက်မပြောနိုင်တော့ဘူး။ ဘွားလေးမေကိုငေးကြည့်နေမိတယ်။ ဘွားလေးမေ
ကတော့ဘာမှမသိရှာဘူးဗျာ။ တပြုံးပြုံးနဲ.စကားတွေဆက်ပြောနေတယ်... .... ...ဘွားမေရဲ.တူမလေ မြေးရ..ငါမြေးလေးဆိုးပေနေတယ်ဆို!!
ဘွားမေတူမလေးနဲ.ဆိုသားမိဘတေကမြန်မြန်ပေးစားချင်တယ်လို.ဖုန်းဆက်တယ်ကွယ့်
ချယ်ရီ.ကိုသားမိဘတွေကလည်း သဘောကျပီးသား.. ဘွားမေတူမလေးကိုလည်း
နည်းနည်းစကားလမ်းကြောင်းကြည့်တော့သားကိုသဘောကျပုံရတယ်ကွယ့်.. .... ...
ပုံ.ပုံ.ကငယ်ငယ်ကထဲကငထွန်းငထွန်းနဲ.ခုထိမမေ့ရှာဘူးလေ.. သားအံ့သြနေတာလား..ညနေဆေးရုံကပုံ.ပုံ.ပြန်လာရင်သားသွားကြိုနော်ဟုတ်ပီလား... .... ...
ကျနော်ဘာဆက်ပြောရမှန်းမသိလို.စားလက်စမနက်စာကိုမြန်မြန်လက်စသတ်လိုက်ရင်းပူလာလို.ရေချိုးတော့မယ်ဆိုပီး အကြောင်းပြရင်း ရေတွင်းဖက်ကိုထွက်လာခဲ့တယ်။
ကျနော့်ခေါင်းတေ မီးတောက်တော့မတတ်
ပူလောင်နေပီဗျာ။ ရေအေးအေး၃-
၄ပုံးလောက်ခေါငးကနေလောင်းချလိုက်
ပီး ဘာတွေဖြစ်ကုန် ပီလဲလို.တွေးကြည့်နေမိတယ် ။ ချယ်ရီ၊ပုံ.ပုံ.
မျက်လုံးကိုစုံမှိတ်ပီးပြန်တွေးကြည့်နေမိတယ်။
ကျနော့်ငယ်ဘဝ.. ... ....
အိပ်ယာကနေမနက်စောစောနိုးလာရင်.. အသားညိုညိုဆံပင်ရှည်ရှည်နဲ.ကောင်မလေးတစ်ယောက် ကျနော့်အိပ်ယာဘေးမှာရောက်ရောက်နေတတ်တာမှတ်မိတယ်
။ ကျနော့်ထက်၂နှစ်လောက်
ကြီးတဲ့ပုံ.ပုံ.ဆိုတဲ့ကောင်မလေး။ အိမ်နားက မူလတန်းကျောင်းကိုတူတူသွားရင်
ကျနော့်လွယ်အိတ်ကလေးကိုအတင်းဆွဲယူပီး ပုံ.ပုံ.သယ်ပေးမယ်ဆိုပီးအတင်းလုတတ်တဲ့ကောင်မလေး။ ကလေး၂ယောက်အိမ်ခြံအနောက်က ရေကန်မှာရေတူတူချိုးရင်
မေမေစပ်ထားပေးတဲ့တရော်ကင်မွန်းခေါင်းလျှော်ရည်ကိုလက်ခုပ်လေးနဲ.ခပ်ခပ်
ပီးကျနော့်ကိုခေါင်းလျှော်ပေးတတ်တဲ့ကောင်မလေး။ ကျနော်အနိုင်ကျင့်သမျှ ငိုမဲ့မဲ့နဲ.ငထွန်းလေးက ပုံ.ကိုအရမ်းနိုင်စားပေးတယ်ဆိုပီး သည်းခံတတ်တဲ့ကောင်မလေး။ ဘွားမေနဲ.အဘိုးလေးတို.ဘွားမေရဲ.ဇာတိကိုအပီးပြောင်းတော့မယ်ဆိုတော့
ငထွန်းလေးရေ တာ့တာ... ငါပြန်လာရင်နင့်အတွက်ပူစီပေါင်းတေ ၅ပန်းကန်ပြားလောက်ယူလာမယ်နော်လို. အော်ရင်းမြင်းလှည်းလေးပေါ် ငိုရင်းပါသွားတဲ့ကောင်မလေး။ ကျနော်
တော်တော်အသက်အရွယ်ရလာတဲ့အထိ
ပူစီပေါင်း၅ပန်းကန်ပြားဆိုတဲ့ငိုသံပါပါအော်သံကလေးကို အမှတ်ရနေခဲ့ဖူးတယ်ဗျာ။ ကျနော် မှားသွားပီဗျာ။ ကျနော်ဟာခွေးထက်တောင်မိုက်ခဲ့ပါလားနော်။
သူကျနော်အိပ်နေရင်လာလာရပ်ကြည့်နေခဲ့တာ ဖောက်ပြန်တာမှမဟုတ်ပဲ.. ဟိုးငယ်ငယ်ကလိုကျနော်မထသေးရင်လာလာစိုက်ကြည့်နေရှာတာပါလား။ ကျနော့်ကိုငေးငေးကြည့်နေခဲ့တာဟာငယ်ငယ်က ကောင်လေးဆိုတဲ့သံယောဇဉ်နဲ.ပေါ့။ ဒါဆိုရေတွင်းမှာတုံးက ကိစ္စ ဆိုတာ သူ.စိတ်ထဲမှာငယ်ငယ်ကလိုကျနော့်ကိုခေါင်းလျှော်ပေးဖို. .. ... ..... ဟားးးးးးးးးးးးးးးးး !!! သွားပီဗျ။
မှားကုန် ပီ။ ကျနော်ထင်သလိုမဟုတ်ဘူး။ ကျနော်ဟာသက်သက်မဲ့ထင်တစ်လုံးနဲ.နိုင့်ထက်စီးနင်းလုပ်ခဲ့တာပေါ့? ကဲ..ကျနော်ဘာဆက်လုပ်ရတော့မလဲဗျာ။ရေချိုးပီးတော့အိ
ပ်ယာပေါ်မှာခွေခေါက်ရင်း စီးကရက်တွေတစ်လိပ်ပီးတစ်လိပ်ဖွာနေမိတယ်။
စိတ်မကောင်းတာတွေ၊နောင်တရတာတွေ၊ဘာဆက်လုပ်ရမှန်းမသိတာတွေနဲ.ဘယ်လိုမှနေလို.ထိုင်လို.မရတော့ဘူးဗျာ။ ညနေစောင်းတော့ဘွားမေက မြေးမင့်ဆရာဝန်မလေးကိုသွားကြိုတော့လို.ပြောလာတာနဲ. စက်ဘီးလေးနင်းပီးဆေးရုံဖက်ကိုထွက်လာခဲ့မိတယ်။လောလောဆယ်... ကျနော့်ငယ်ငယ်က
သူငယ်ချင်းကိုဘယ်လိုမျက်နာချင်းဆိုင်ရမလဲ တွေးလို.တောင်မရဘူးဗျာ.. ... ... ... ... ...
ဆေးရုံထဲရောက်သွားတော့ညနေစောင်းနေပီဗျ။ ဆင်ဝင်အောက်က အုတ်ခုံနားမှာစက်ဘီးကိုဒေါက်ထောက်ပီးထောင်ထားလိုက်တယ်။ ထိုင်ရမလိုထရမလိုဂနာမငြိမ်ဖြစ်နေတယ်ဗျာ။ ကျနော့်ညာဖက်လက်ချောင်းတွေစိတ်လှုပ်ရှားလို.တုန်နေတာတော်တော်လေးသိသာနေတယ်။ သက်ပြင်းကြိတ်ချလိုက်ရင်းကျနော်ဝတ်ထားတဲ့AR>>တံဆိပ်တရုတ်စပို.ရှပ်အပြာရောင်နုနုလေးနဲ.ဂျင်းပန်အနက်ရောင်ကိုဆွဲဆန်.လိုက်ဆွဲမလိုက်လုပ်နေမိတယ်ဆေးရုံထဲဝင်ပီးသွားခေါ်ရမှာလား၊ ဒီနေရာမှာပဲစောင့်နေရမလား..ဘာလုပ်ရမှန်းမသိတော့ဘူး။ ကြံရာမရဖြစ်ပီးအုတ်ခံလေးပေါ်တက်ပီးဆောင့်ကြောင့်ထိုင်ရင်းခေါင်းကုတ်ဖင်ကုတ်ဖြစ်နေတုံး. .. သံမံတလင်းနဲ.ပိနပ်နပ်ရှပ်တိုက်လို.ထွက်လာတဲ့အသံကြားရတယ်။ လူတစ်ယောက်အပြင်ကိုထွက်လာတာ။ ကျနော်ရုတ်တရက်လှမ်းမကြည့်ရဲလို.ခေါင်း ငုံ.နေမိတယ်။ ခြေသံရပ်သွားတော့မှမရဲတရဲ.. မော့ကြည့်လိုက်တော့.. ... ...
ဒေါက်တာမလေး ချယ်ရီဒါမှမဟုတ်ကျနော့်ငယ်ငယ်ကသူငယ်ချင်း ပုံ.ပုံ. ဂျူတီကုတ်ဖြူဖြူလေးကိုလက်ဖျံပေါ်ခေါက်ပီးတင်ထားတယ်၊မနက်ကလိုဆံထုံးနဲ.မဟုတ်တော့ပဲ ဆံပင်အရှည်ကြီးကိုထုံးစံအတိုင်းအရှေ.ဖက်ကို ချထားပီးလက်ကိုင်ပဝါဖြူဖြူလေးနဲ.စည်းနှောင်ထားလို.၊
အဖြူရောင်အခံမှာပန်းပွင့်ဝါဝါလေးတွေပါတဲ့ဘလောက်စ်လက်ပြတ်ကလေးနဲ.ထမီအနက်ရောင်ကလေးကိုပိပိပြားပြားလေးဝတ်ထားတယ်။
သွယ်လျလျကိုယ်လုံးကလေးနဲ.အရပ်မြင့်မြင့်ဆိုတော့ကြည့်ကောင်းလွန်းနေတယ်ဗျာ။ တခါကတင်းလွန်းလှတဲ့မျက်နာလေးက ခုမချိုမချဥ်ပြုံးတုံ.တုံ.လေး၊ နှုတ်ခမ်းဖူးဖူးလေးက စိုလက်လက်ဖြစ်နေတာစိတ်ယားစရာလေး(ခုမှနှုတ်ခမ်းနီဆိုးလာမှန်းသိသာနေတယ်)၊ လေညှင်းလေးကဆေးရုံအရှေ.က ပန်းခင်းလေးကိုတိုးခတ်ရင်းဖြတ်တိုက်လာတော့ဆရာဝန်မလေးရဲ.ခပ်ဖြောင့်ဖြောင့်ဆံနွယ်ရှည်တွေက လွှင့်ပါနေတာကိုလက်ကလေးနဲ.ထိန်းထားရင်းကျနော့်ကိုပြုံးပြနေရှာတယ်။အုတ်ခုံလေးပေါ်ကနေကျနော်ဖျတ်ကနဲခုန်ဆင်းလိုက်ရင်း ဆရာဝန်မလေးကို
လက်၅ချောင်းထောင်ပြလိုက်ရင်းခပ်တည်တည်မေးဆတ်ပြလိုက်တယ်။
ဟိုးငယ်ငယ်က မြင်းလှည်းလေးပေါ်ကနေငိုရင်း အော်သွားတဲ့ပူစီပေါင်း၅ပန်းကန်ပြားဆိုတာသူသတိရသေးလားလို.စမ်းလိုက်တာလေ။ ချက်ချင်းမျက်လုံးညိုညိုလေးတွေက အုံ.မှိုင်းသွားပီး
မျက်ရည်တွေဝဲတက်လာတာကိုမျက်နာချင်းဆိုင်ရပ်နေတဲ့ကျနော်မြင်လိုက်ရတယ်ဗျာ။ ဘုရားရေ!!
သူမမေ့သေးဘူးပေါ့.. နှစ်ပေါင်းများစွာကြာခဲ့တာတောင်ခုထိငယ်ငယ်ကကောင်မလေးလို
စိတ်ထိခိုက်လွယ်နေသေးသတဲ့လားကွယ်
။ ကျနော်ကိုယ်တိုင်လည်း စိတ်ထိခိုက်နေပီဗျာ။ကျနော့်ကိုမျက်နာလွှဲပီး ဟိုးအဝေးကိုငေး ရင်းမျက်တောင်တွေကိုပုတ်ခတ်
ပုတ်ခတ်လှုပ်နေရှာတယ်။
အခြေနေကိုထိန်းတဲ့သဘောနဲ.ကျနော်သူ.လက်ထဲက အိတ်အနက်ကလေးကိုဆွဲယူပီစက်ဘီးဒေါက်ကိုဖြုတ်ရင်း စက်ဘီးကယ်ရီယာပေါ်တက်ဖို. လက်ဟန်ခြေဟန်နဲ.ပြလိုက်တယ်။ စွေ.ကနဲတင်ပလွှဲလေးဘေးတိုက်တက်ထိုင်ပီးတာနဲ.ကျနော်စက်ဘီးကိုနင်းထွက်ခဲ့တယ်။
ဆေးရုံအပြင်ဖက်ရောက်သွားတာနဲ.အနောက်ကနေ ကျနော့်ခါးကိုသူ.ညာဖက်လက်နဲ.သိုင်းဖက်ရင်း
ကျနော့်ကျောကို မျက်နာလာအပ်ထားတယ်။ ကျနော်စက်ဘးကီိုကမ်းနားလမ်းဖက်ကို ဦးတည်ပီးနင်းနေမိတယ်။ ကျနော့်ရင်ဘတ်ထဲမှာ
ပြောစရာစကားတွေအပြည့်ဒါပေမယ့်ခုထိပြောလို.မထွက်သေးဘူး။ ကမ်းနားလမ်း မြစ်ကမ်းပါးအမြင့်ကြီးနှုတ်ခမ်းပေါ်မှာရှိတဲ့မန်ကျည်းဖျော်ရည်ရောင်းတဲ့ခုံပုပုလေးတေနဲ.ဆိုင်တစ်ဆိုင်အရှေ.ရောက် မှစက်ဘီးကိုရပ်လိုက်တယ်။ အစွန်အကျဆုံး
စားပွဲပြာပြာလေးတစ်ခုမှာထိုင်လိုက်ရင်း.. ... မန်ကျည်းဖျော်ရည်၂ခွက်လို.လှမ်းမှာလိုက်တယ်။  မြစ်ကမ်းပါးထနောင်းပင်အောက်
မှာ လေအေးအေးလေးတွေတိုက်နေတယ်။
ငါးကြင်းကွက်ဖန်ခွက်ကြီးထဲကမန်ကျည်းဖျော်ရည်ချိုချိုကိုမော့ချလိုက်ပီးကျနော့်အိပ်ကပ်ထဲကစီးကရက်တစ်လိပ်ထုတ် ပီးဖွာရင်း အရှေ.မှာထိုင်နေတဲ့ဆရာဝန်မလေးကို စိုက်ကြည့်နေမိတယ်။ သူကလည်းဖျော်ရည်မော့လိုက်ကျနော့်ကိုစူးရဲရဲလေးပြန်စိုက်ကြည့်လိုက်နဲ. စိတ်လှုပ်ရှားနေမှန်းတော်
တော်လေးသိသာနေတာပေါ့။ ဂျူးလိယက်ဆီဇာ၊မတ်ခ်အန်တိုနီတို. ကိုရူးအောင်ဖမ်းစားခဲ့တဲ့အီဂျစ်ပြေကအလှဘုရင်မ ကလီယိုပက်ထရာ ဆိုတာတခြားသူမဖြစ်နိုင်ဘူး..ခုကျနော့်ရှေ.မှာတောင့်တောင့်လေးထိုင်ရင်းရီဝေေ၀လေးကျနော့်ကိုငေးနေတဲ့ဟော့ဒီဆရာဝန်မလေးပဲဖြစ်မယ်ဗျာ။
ချယ်ရီ..(အဲ) ပုံ.ပုံ.!!
ရှင်!! 
ကျနော်ရုတ်တရက်ခေါ်လိုက်တော့အလန်.တကြားလေး ကျနော့်ကိုငေးနေရာကပြန်ဖြေတယ်။
ဘယ်မှာလဲ ငါ့အတွက်
ပူစီပေါင်း၅ပန်းကန်ပြား?
အာကွာ..
နင့်ပူစီပေါင်းကိုငါမျှော်ခဲ့တာ အနှစ်၂၀လောက်ကြာသွားတယ်ဟာ.. ..
တော်ပါဟာ.. ကျောင်းတက်တုံးက ပုံ.လာရှာတယ်နော်..ဖိုးထွန်းလေးကသာမေ့နေတာ ဟွန်း!!
ဟင်.. တကယ်လား?
အင်း.. ဖိုးထွန်းလေးကနာမည်ကြီးလေ.. ဖဲတအားရိုက်.. ဂစ်တာတီးတာနာမည်ကြီး..
စာမေးပွဲတွေတဖုန်းဖုန်းကျ ..ဟုတ်လား?
ဟမ်! (အဲ့ဒါတွေတကယ်ဗျ)
ပုံ. ကတစ်ရက်
မှမမေ့ခဲ့ပါဘူးနော်.. ဖိုးထွန်းလေးကသာပြန်တွေ.တော့လုံးဝမမှတ်မိတာ.. ...
အော.. ငါသိတဲ့သူငယ်ချင်းက ရုပ်ဆိုးဆိုး မဲတူမလေးကိုး .. ခုလိုချောချောလှလှဒေါက်တာချယ်ရီမှန်းဘယ်လိုမှတ်မိမလဲ..
ကျနော်အဲ့လိုပြုံးစစနဲ.ပြောလိုက်တော့မျက်နာလေးကရှက်သွေးဖြာ သွားပီး ရှက်စနိုးပုံစီးလေးနဲ. အောက်နှုတ်ခမ်းကိုကိုက်ပီးခေါင်းငုံ.သွားပြန်ရောဗျ။ ကျနော်သူ.ဟန်ပန်ကလေးကိုကြည်ကြည်နူးနူးနဲ.ငေးကြည့်နေရင်း ဟိုးရေတွင်းနားမှာ သူ.ကိုအနိုင့်အထက်လုပ်ခဲ့မိတာသတိရသွားတယ်။
ကျနော်တော်တော်စိတ်ထိခိုက်တယ်ဗျာ။ ယုန်သူငယ်မကလေးလိုဖြူစင်ပီးတသက်လုံးကျနော့်ကိုမမေ့နိုင်ရှာတဲ့သူ.အပေါ်အဲ့ဒီလိုလုပ်ခဲ့မိတာ ယူကြုံးမရဖြစ်မိတာအမှန်ပါ။
ပုံ.ပုံ. ငါလေ..ဟို..ဟို..ရေတွင်းမှာလေ.. ...အဲ့ဒါ... ငါ... ငါ
တော်ပီဟာ.. မပြောနဲ.တော့ (မျက်လုံးစုံမှိတ် ပီး အော်ရှာတယ်)
ငါနင် မှန်းမသိလို. ငါ.. .. လေ.. ကျနော်ဘာဆက်ပြောရမှန်း မသိလို.သူ.ကိုအသနားခံတဲ့အကြည့်နဲ.ကြောင်ငေးနေမိတယ်။
၂ယောက်လုံးဘာစကားမှဆက်မပြောဖြစ်တော့ဘူး။ တိတ်ဆိတ်သွားတယ်
။ ၁မိနစ်...၃မိနစ်...၅မိနစ်
ကျနော်တို.ထိုင်နေတဲ့အပေါ်က ထနောင်းရွက်တွေကိုလေတိုးသံတရှဲရှဲကလွှဲပီး
ဘာသံမှမကြားရလောက်အောင်တိတ်ဆိတ်နေပီ။
..... .... .... .... .... .... ... .... ........
..... ... .... ..... ... .... .... .... .........
.... ..... .... .... ... ... ... ... ... ... .....
... .... ... ... ... .... .... ... .... ... .... ..
အရီးမေ ကငါ့ကိုပြောတယ်..နင်နဲ.ငါ့ကိုပေးစားမလို.တဲ့.. ... ...
ကျနော့်ကိုမော့ကြည့်ပီးတုန်ယင်နေတဲ့လေသံနဲ.တိုးတိုးပြောပီးခေါင်းလေးပြန်ငုံ.သွာတယ်
။ ခဏငြိမ်သွားပီးဆရာဝန်မလေး မတ်တပ်ရပ်ဆတ်ကနဲရပ်လိုက်တော့ကျနော်လန်.ပီးမော့ကြည့်မိတော့..အံတင်းတင်းကြိတ်
ပီး..တော်တော်အားတင်းထားတဲ့လေသံနဲ.ကျနော့်ကိုလှမ်းပြောတယ်.. ငထွန်း..နင်ကငယ်ငယ်ကအတိုင်းပဲ ဘာမှမပြောင်းလဲဘူး ... ငါ့ကိုနိုင်စားပေးတယ်..  နင်ငါ့ကို‌ေရှာင်နေတော့..ငါအရမ်းဝမ်းနည်းတယ်သိလား... ရေတွင်းမှာဖြစ်တဲ့ကိစ္စငါလေ..ငါ..
နင့်ကိုစိတ်မဆိုးပါဘူးဟာ..
ငါမှတသက်လုံးနင့်ကို မေ့မရခဲ့တာဟာ... ...
အဲ့လိုဆက်တိုက်ပြောပီး လှစ်ကနဲသမင်မလေး လိုထွက်ပြေးသွားရှာတယ်
။ အအေးဖိုးရှင်းပီးကျနော်ထလိုက်သွားတော့စက်ဘီးလေးဘေးမှာ ခေါင်းငုံ.ပီးတုန်တုန်ယင်ယင်နဲ.ရပ်ရင်းခေါင်းကို
အတင်းငုံ.ထားတယ်။ ဆရာဝန်မလေး ကိုတင်ပီး စက်ဘီးလေးကိုနင်းရင်း ထွက်လာခဲ့တော့ ကျနော့်ရင်ဘတ်ထဲမှာ လှိုက်ဖိုနေရင်း သက်ပြင်းတေခိုးချနေမိတယ်ဗျာ။

(ဖတ်လို့ကောင်းရင်လည်း reviews လေးပေးကြပါဦး)

ကျွန်တော်နဲ့သူနာပြုမလေးWhere stories live. Discover now