𝐓𝐡𝐞 𝐏𝐫𝐞𝐭𝐭𝐢𝐞𝐬𝐭 𝐒𝐩𝐚𝐜𝐞

830 81 18
                                    

"ဂျွန်ဂယူ .. ဒါ ဟီနာတဲ့ .. ကိုယ့်ကောင်မလေး"

ကိုကိုနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်ရုံရှိသေး၊ ချက်ချင်းကို မိတ်ဆက်ပေးတော့တာပဲ။

ခက်တာပဲဗျာ။
တီလေးကိုတောင် အသိမပေးသေးပဲနဲ့ ကျွန်တော်နဲ့အရင်ပေးတွေ့သတဲ့။
ကိုကို ရူးများနေပီလား။ ဒါမှမဟုတ် ကျွန်တော့်ကိုပဲ ပိုနာကျင်စေချင်လို့လား။

ဂျွန်ဂယူ စိတ်ရှုပ်ရှုပ်နဲ့ လေပူတစ်ချက်မှုတ်ထုပ်လိုက်ရင်း၊ ကိုကို့ဘေးက မိန်းမကို မျက်မှောင်ကျုံ့ကြည့်လိုက်ကာ။

"ဟုတ်ကဲ့ .. ကျွန်တော်က ဝတာနာဘယ် .. "

" .. ဂျွန်ဂယူ"

သူ့မိတ်ဆက်ပုံအပိုင်းအခြားကို အလိုမကျဟန်နဲ့ ကိုကိုက နှုတ်ခမ်းတွေဖိစေ့ကာ ဆူးစိုက်ကြည့်နေတာမို့၊ ဂျွန်ဂယူ မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

အမြဲတမ်း မရိုးနိုင်အောင် ကြည့်ကောင်းနေတတ်တဲ့ ကိုကိုက ဒီနေ့မှာလဲ ထူးကဲလို့ချောမောနေသယောင်။ ဆံပင်နက်တွေကို အသေချာလှန်ဖြီးထားပြီး ကြွေဖယောင်းလိုပြောင်အိနေသည့် တီရှပ်လက်ရှည်အဖြူကို ရင်ဘတ်ကျယ်သီးအပြည့်စေ့၀တ်ထားတာမို့ ခန့်ညားလှသလို၊ လက်၀တ်အဆင်တန်ဆာတွေကြောင့် ပိုလို့ပင် အရှိန်အဝါကြီးမားနေသေးသည်။

"ကြည့်ရတာ .. ဂျွန်ဂယူလေးက ကျွန်မထက်ငယ်မဲ့ပုံပဲနော် .. မောင်'

"ဟက်"

ဂျွန်ဂယူ မထိန်းချုပ်နိုင်စွာနဲ့ အသံထွက်လို့ မဲ့ရယ်လိုက်မိတော့၊ ထိုမိန်းမက ထူးဆန်းသလို ကြည့်လာသည်။ ကိုကိုကတော့ မျက်ခုံးတွေတွန့်ချိုးကာ စိတ်လျှော့ဟန်နဲ့ အံကြိတ်ထားလျှက်။

"ဟုတ်တယ် ဟီနာ .. ဂယူက ..  မောင့်ထက် ခြောက်နှစ်ငယ်တယ်"

"အင်းပါ .. ဂယူလေး .. အစ်မလဲ နောက်ဆို ဂယူတို့နဲ့ တစ်မိသားစုထဲဖြစ်လာမှာဆိုတော့ .. ကိုယ့်အစ်မလိုပဲ သဘောထားပါနော်"

ခေါင်းစခြေဆုံး ခြုံကြည့်လိုက်ရင် ယဉ်ယဉ်အေးအေးပုံစံရှိနေပေမဲ့၊ ကိုကို့ ကောင်မလေးဖြစ် နေသည်ဆိုတဲ့ အသိနဲ့တင် စိတ်ပျက်ဖို့ကောင်းလိုက်တာများ။
ကိုကို့ကိုတောင် အစ်ကိုလို သဘောမထားနိုင်ပါဘူးဆိုနေ။ သူ့ကိုပါ အစ်မလိုသဘောထားရမတဲ့။
အာရုံပဲ။

 𝐓𝐡𝐞 𝐏𝐫𝐞𝐭𝐭𝐢𝐞𝐬𝐭 𝐒𝐩𝐚𝐜𝐞 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝐔𝐬 || 𝗁𝖺𝗋𝗎𝗄𝗒𝗎 Where stories live. Discover now