ထိုနေ့ပြသနာတွေပြီးကတည်းက ဟာရူတိုနဲ့ ဂျွန်ဂယူ နှစ်ဦးစလုံး မျက်နှာချင်းဆိုင် သိပ်မတွေ့ဖြစ်ကြသလို၊ တစ်နေ့လုံး စကားတစ်ခွန်းမှမပြောဖြစ်တဲ့ နေ့မျိုးတောင် ရှိတတ်သေးသည်။
တူနှစ်ယောက်လုံးကို တွန်းအားမပေးချင်ဘူးဆိုတဲ့အတိုင်း ခီရာမီကလဲ ကြားကနေ အလိုက်သင့်လေးသာ နေလေသည်။ဒီနေ့ တနင်္ဂနွေပိတ်ရက်မှာတော့ တိုကျိုမှာ သူငယ်ချင်းတွေနဲ့ တွေ့စုံပွဲလုပ်ဖို့ရှိသည်ဆိုကာ မနက်ကတည်းက ထွက်သွားသည်မို့၊ အိမ်မှာ ညီအစ်ကိုနှစ်ယောက်သာ ကျန်ခဲ့လေသည်။
နေ့လည်ဘက်မှာ ဧည့်ခန်းထဲ ဟာရူတို ကော်ဖီသောက်ရင်း စာဖတ်နေတုံး၊ ဖုန်းပြောရင်းဆင်းလာသည့် ဂျွန်ဂယူ့အသံက နားထဲတိုး၀င်လာသည်။
ဖုန်းပြောနေတာလေးကအစ စိတ်မချစူးစမ်းချင်နေသည့်သူ့မှာ ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး စကားသံတွေစီ အာရုံစိုက်နားထောင်တော့။"ငါ့ကို ဒီနေ့ဖွင့်ပြောမယ်လို့ .. ပြောတာလား"
"ခု သူကရော .. မင်းတို့အိမ်ရောက်နေပြီလား"
"အင်း ပြီးရော .. ခု ထွက်လာတော့မှာ"
ကြားနေရတဲ့ စကားသံတွေကြောင့် ဟာရူတို့ရင်ထဲ မီးဟုန်းဟုန်းတောက်လာကာ လက်ဖျားတွေပါ ဆတ်ဆတ်ခါ တုန်ယင်လာသည်။
ဂျွန်ဂယူက အသက်ပြည့်ပြီးတဲ့အပြင် တက္ကသိုလ် ဒုတိယနှစ်တောင် ရောက်နေပြီမို့၊ ရည်းစားထားတာမျိုးက မထူးဆန်းဘူးဆိုပေမဲ့။ဟင့်အင် မရဘူး။
သူတောင်ချစ်လွန်းလို့ ရင်အုပ်မကွာ အရိပ်တကြည့်ကြည့် ရှိလာခဲ့ရပြီး၊ အထိခိုက်မခံနိုင်လွန်းလို့ မြတ်နိုးလွန်းလို့ ကိုယ့်ရင်ကိုယ်ခွဲနေရတာကို၊ သူများသူစိမ်းနဲ့ကြိုက်တာမျိုး ဘယ်စိတ်နဲ့ ခွင့်ပြုလိုက်လျောရမှာလဲ။ရှုပ်ထွေးပူပန်လာတဲ့ အတွေးနဲ့အတူ နေရာကနေ အမြန်ထသွားလိုက်ရင်း၊ သူ့ကိုကျောပေးလျှက် လှေကားထိပ်နားရပ်နေဆဲ ဂျွန်ဂယူ့ လက်ကောက် ၀တ်တစ်ဖက်ကို ဆွဲဆောင့်လိုက်တော့၊ လက်ထဲက ဖုန်းလေးလွတ်ကျသွားပြီး အလန့်တကြားနဲ့ မော့ကြည့်လာသည်။
YOU ARE READING
𝐓𝐡𝐞 𝐏𝐫𝐞𝐭𝐭𝐢𝐞𝐬𝐭 𝐒𝐩𝐚𝐜𝐞 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝐔𝐬 || 𝗁𝖺𝗋𝗎𝗄𝗒𝗎
Fanfiction𝖶𝖾 𝗍𝖺𝗅𝗄𝖾𝖽 𝖺𝖻𝗈𝗎𝗍 𝖾𝗏𝖾𝗋𝗒𝗍𝗁𝗂𝗇𝗀 𝖾𝗑𝖼𝖾𝗉𝗍 𝘁𝗵𝗲 𝘀𝗽𝗮𝗰𝗲 𝗯𝗲𝘁𝘄𝗲𝗲𝗻 𝘂𝘀.