E

105 7 2
                                    

ကျွန်တော့်စကားကြောင့် သူက ကျွန်တော်ကို မျက်လုံး အဝိုင်းသားနဲ့ ကြည့်လာသည်။ သေချာကြည့်မယ်ဆိုရင် ထိုအညိုရောင် မျက်လုံးလှလှလေးတွေထဲမှာ မျက်ရည်စ တချို့ကပ်ညိနေသည်။ကျွန်တော် ထိုမျက်ရည်စလေးတွေကို လက်နှစ်ဖက်နဲ့ သုတ်ဖယ် ပေးမိတော့ သူ့ကိုယ်လေးက ကျွန်တော့်ကို မှီတွယ်လာသည်။

"ငါ ငါ လည်း မင်းကို ချစ်တယ်"

Hyung ဆီကနေ အဖြေရပြီးသည်နှင့် ဘာကိုမှ မစဉ်းစားတော့ဘဲ hyung ရဲ့ သေးသွယ်သွယ် ခါးလေးက‌ို ဆွဲယူပြီး နက်နက်ရှိုင်းရှိုင်း နှင့် မြတ်နိုးစွာ နမ်းရှိုက်မိသည်။

Hyung ဘက်က ပြန် တုံပြန်လာတဲ့အခါ ကျွန်တော် နမ်းနေရင်းနဲ့ဘဲ ပြုံးမိသွားတယ်။ ထိုနေ့က ကျွန်တော်တို့ နှစ်ဦးကြား လှပတဲ့ ကတိတရားလေးတွေ ပြုလုပ်ပြီး Hyung ကိုလည်းကျွန်တော့်အိမ်မှာဘဲ အတူတူ လာနေစေတယ်။

ကျွန်တော်တို့ အချင်းချင်း ပွေ့ဖက်တယ်၊ အတူတူရုပ်ရှင်ကြည့်တယ်၊ စကားတွေ ပြောတယ် စတဲ့ ရင်ခုန် မှုလေးတွေနဲ့ တစ်နေ့တာကို ဖြတ်သန်းတယ်။ကျွန်တော့်အတွက် သူတစ်ယောက်ထဲနဲ့ လုံလောက်တယ်။ကျွန်တော် Hyung ရဲ့ နှလုံးသားကို အပိုင်ရချင်တာမလို့ Hyung က ကျွန်တော့်ကို အများကြီးခ်စ်ပေးပါ။

"Hyung ဘာလို့ အဲ့နေ့က ကျွန်တော့်ကို ငြင်းခဲ့တာလဲ"

"ငါ့ အချစ်တွေကို မင်းကစားသွားမှာ စိုးလို့ ...မင်း..ငါ့ကို အသုံးချသွားမှာကို ကြောက်နေခဲ့တာ"

ကျွန်တော် သက်ပြင်းဖွဖွ ချရင်း Hyung ကို ရင်ခွင်ထဲ ထည့်ထားပြီး နဖူးကို အနမ်းပေးမိတယ်။ပြီးတော့ Hyung စိတ်အေးစေဖို့ သီချင်းအေးအေးလေးတစ်ပုဒ်ကို ဆိုပြဖြစ်တယ်။Hyung က တဖြည်းဖြည်းနဲ့ မျက်လုံးတွေ မှေးစင်းပြီး ကျွန်တော့်ရဲ့ လက်မောင်းပေါ်မှာဘဲ အိပ်ပျော်သွားတယ်။အခန်းထဲကို ပွေ့ချီ ခေါ်သွားလိုက်ပြီး နှစ်ယောက်အတူတူ အိပ်စက်ခြင်းဆီသို့။ Hyung က ကျွန်တော်ရဲ့ ပျောက်ဆုံးနေတဲ့ puzzle pieces လိုဘဲ ။Hyung ရှိနေမှ ကျွန်တော့်ရဲ့ ပန်းချီကားချပ်ကလေးက ပြည့်စုံသွားမှာမျိုး။

.................

ဒီနေ့ Hyung ရဲ့ သဘောအတိုင်း နှစ်ယောက်သား Date ဖြစ်ကြတယ်။ရုပ်ရှင်သွားကြည့်ကြတယ်။ Cotton candy လည်း စားဖြစ်ကြသေးတယ်။ပြီးတော့ ပန်းခြံ ထဲမှာလည်း လမ်းလျှောက်ဖြစ်ခဲ့တယ်။

He (သူ)Where stories live. Discover now