Part 8

422 52 2
                                    

ကစားကွင်းကို ဂျီအွန်းနဲ့မက်သရူးတို့အရင်ရောက်ခဲ့ကြသည်။ ၅မိနစ်လောက်အကြာမှာ ဟန်ဘင်းတို့ရောက်လာကြသည်။

" မက်သရူး စောင့်ရတာကြာသွားလား"

"မကြာသေးပါဘူး အကိုဂယူဘင်းရဲ့"

"တော်ပါသေးရဲ့ ဒါဆိုဝင်ရအောင်လေ"

မက်သရူးနဲ့ယူဂျင်းမှာတော့ ၁၀ နှစ်သားကလေးလေးများလို လက်တွဲကခုန်ပေါက်ပြီးတနေရာကိုပြေးသွားလေသည်။ အရုပ်လေးတွေနဲ့ ဘီးကုတ်ဆိုင်ဆီသို့ပြေးသွားခြင်းဖြစ်သည်။

"မက်သရူး ငါတို့အကုန်တူတူတက်မလား ဒါမှမဟုတ်ငါကငါ့ကိုကိုနဲ့ပဲတူတူတက်ရမလား"

"ရား ဟန်ယူဂျင်း အဲ့လိုမလုပ်နဲ့လေ အကုန်တူတူပဲတပ်မယ်😒"

"အေးပါကွာ ဒါဆိုတူတူတပ်မယ်"

"ကိုကို တို့ အမြန်လာ ဘီးကုတ်ဆင်တူတပ်ရအောင်လို့"

"အင်း လာပြီးကလေးလေး"
"အကိုဟန်ဘင်းရေ အဲ့တာတွေတပ်ရမှာတဲ့"

ဂယူဘင်းစိတ်ညစ်သောအသံဖြင့်ဟန်ဘင်းအားတီးတိုးပြောလိုက်သည်။

" စိတ်ညစ်ပေမယ့် တပ်ရတော့မှာပဲလေ လာအမြန်သွားမယ်"

ဟန်ဘင်းတို့သုံးယောက် ဘီးကုတ်ဆိုင်ကိုအမြန်လှမ်းသွားခဲ့လိုက်သည်။

" အကိုဂျီအွန်းရော့"

"ဟင် မက်သရူး အကိုရောတပ်ရမှာလား"

"ဘာလဲ အကိုကမတပ်ချင်လို့လား မတပ်ချင်လဲရတယ်နော်"

"ကို ကတော့တပ်မှာ မက်ချူး"

ဟန်ဘင်းမှ မက်သရူးနဲ့ဂျီအွန်းစကားကြားဝင်ပြောလိုက်သည်။

"ရော့ဒါဆို အကိုဟန်ဘင်းတပ်"

"ကိုလဲမတပ်ဘူးမပြောဘူးနော် တပ်မှာမက်သရူးလေးနဲ့ဆင်တူ ပေးအခုတပ်လိုက်မယ်"

"ဟီး ဘီးကုတ်လေးတွေနဲ့ ၅ယောက်လုံးဆင်တူ sefile ရိုက်မယ်လေ"

📸📸📸

" မက်သရူး အရုပ်လိုချင်လား ကိုကအရုပ်ကောက်တာတော်တယ်နော်"

"တကယ်တော်တာလားအကိုဂျီအွန်း မြေခွေးရုပ်လေးရအောင်ကောက်ပေးပါ့လား"

Restart again ♊️💟Where stories live. Discover now