မှားသောရင်ခွင် 💔

1.3K 109 0
                                    

မှားသောရင်ခွင် 💔 (8)

''စွယ် နင်ဒီမှာ ခနေနခဲ့ ငါနဲ့ Tae ရေခဲ့မုန့်သွားဝယ်မလို့...''

''အင်း.... သွားသွား..''

''Jeon jimin စွယ်နဲ့ခနနေခဲ့နော်....
မောင် ရေခဲမုန့်သွားယူပေးမယ်...''

နေ့လယ်ခင်းကြီး နေအပူရှိန် ရဲ့ အမြင့်ဆုံးအချိန်မှာ
Hoodie လက်ရှည်ကြီး အပြင် ခေါင်းစွပ်ပါဝတ်ထားရတာမို့
ပူလာလေပြီ...

မောင်ကလဲ သိတယ်ထင်..
နှဖူးမှာ သီးနေတဲ့ချွေးစက်ကလေးတွေကို လက်ခုံဖြင့်
အသာသုတ်ပေးကာ
အမြန်ပြေး၍ ရေခဲမုန့်ပြေးယူသည်....

Hoseok နဲ့ မာန်ကလဲ ရုပ်ရှင်လက်မှတ်ပြေးဖြတ်တာမို့
စွယ်နဲ့ Jimin နှစ်ယောက်သာ ကျန်ခဲ့လေသည်....

''Jimin နင်ဒီမှာ ခနလေးနေနော်...
ငါ အိမ်သာ ခနသွားမလို့.... ဒါမှ မဟုတ်လိုက်ခဲ့မလား..''

''မလိုက်တော့ဘူး သွားလေ... ငါမောလို့ ခနနားဦးမယ်''

''အေး ပြီးရော ဘယ်မှ လျောက်သွားမနေနဲ့
ငါပြန်လာခဲ့မယ်...ခနပဲ...''

''အင်း...''

အိမ်သာခနဟူ၍ ပြေးထွက်သွားသော
စွယ့်ကိုကြည့်နေရင်းမှ နောက်သို့ခြေတလှမ်း ဆုတ်လိုက်မိစဉ်
ဝင်၍ တိုက်မိသော ရင်ခွင်တစုံကြောင့်
လန့်သွားမိသည်....

''အာ...ဆောရီးပါ...
ကျနော် မမြင်လိုက်မိလို့...''

''ရပါတယ်...ကျနော်ကြည့်နေတာကြာပီ...
သူက အရမ်းချစ်ဖို့ကောင်းတယ်နော်..ဖုန်းနံပါတ်လေး
ပေးလို့ရမလား ဗျ....''

''ဟို...မ..မရဘူးဗျ...''

''ဘာလို့လဲ ဗျာ ချစ်စရာကောင်းလို့ ခင်ချင်ရုံလေးပါ...
အဲ့ဒီဘက်ကမပေးချင်လဲ ကျနော့်လိပ်စာကဒ်လေး
လက်ခံပေးပါလား....''

''ယူချင်မယူချင်ဘူး...ပေးလဲ မပေးပါနဲ့နော်...
သွားပါတော့ မောင်ပြန်လာတော့မယ်...''

''လုပ်ပါဗျာ.... ယူပါ...''

''ဟေ့ကောင်!!!''

''ဟင်...မောင်...''

အမျှင်တန်းနေသော ရှေ့ကလူကြောင့် စိတ်ရူပ်နေဆဲ
မောင်နဲ့ ပတ်ပင်းတိုးတော့
လန့်သွားကာ မောင့်ရင်ခွင်ထဲ
ဝင်လိုက်မိသည်.....

မှားသောရင်ခွင် 💔Where stories live. Discover now