ep(15)

2.2K 147 0
                                    

🖤CAN'T LOSE YOU 🖤







ep(15)

" ဘယ်က ပြန်လာတာလဲ "

" မမ .. 🥺 "

လေသံမာမာမေးလာတဲ့ မမငယ်ရဲ့ စကားသံကြောင့် ရှောင်ကျန့်တယောက် သူ့မမမီကို အားကိုးတကြီး ကြည့်မိသည် ။

" ကလေးကို အရင် ထိုင်ခိုင်းလိုက်ပါအုံး "

" မလိုဘူး အဲ့တိုင်းရပ်နေ !"

ညီမငယ်က အရမ်းဒေါသထွက်နေတာမို့ မီလည်း ဘာမှ ၀င်မပြောတော့ပေ သူ့က ရပ်နေဆိုတော့လည်း ရပ်နေတော့ပေါ့

အဆောင်မှူးမမမှာလည်း မောင်နှမသုံးယောက်ကို ဘယ်သူ့ကိုကြည့်လို့ ကြည့်ရမှန်းမသိ ကျန့်ကျန့် အမက ကြောက်ဖို့ ကောင်းလိုက်တာ ပြောတော့ သူတို့ မောင်ကို အရမ်းချစ်တာဆို

" ငါမေးနေတယ်လေ ရှောင်ကျန့် ဘယ်က ပြန်လာတာလဲ လို့ "

" ဟို .. သား သား ကျောင်းက ပြန်လာတာပါ "

" ဒါ ကျောင်းဆင်းတဲ့ အချိန်လား လက်က နာရီကို ကြည့်လိုက်စမ်း "

" ညီမလေး စိတ်ကို အရင်လျော့အုံး အဆောင်မှာ တခြားလူတွေလည်း ရှိသေးတယ် "

" မမမြင်တယ် မဟုတ်ဘူးလား ခုက ဘယ်ချိန်တောင် ရှိနေပြီလဲ 10ရီတောင် ထိုးတော့မယ် ဒါက ကျောင်းသားတယောက် ကျောင်းဆင်းရတဲ့ အချ်ိန်လား "

" ကလေးကို မမမေးပေးမှာ မို့လို့ ညီမလေးအရင် စိတ်လျော့လိုက်ပါ "

ရှောင်ကျန့်မှာလည်း ကြောက်လွန်းလို့ ဒူးတွေတောင် တုန်နေပြီ သူ့ကို ဘယ်တုန်းက မှ မမငယ်က အလောက် မအော်ဖူးဘူး 🥺

" သားငယ်လေး ကလေး မမကို ပြော ခုဘယ်က ပြန်လာတာလဲ သူငယ်ချင်းတွေတောင် အဆောင်ပြန်ရောက်နေပြီလေ အတော့ ကလေးက မလိမ်ဘဲ မမငယ်ကို အမှန်တိုင်းပြောပြလိုက် "

" မင်းကို ငါတို့ ဘယ်တုန်းက လိမ်ပြောဖို့ သင်ပေးဖူးလို့လဲ ရှောင်ကျန့် "

Somaya က အရမ်း ဒေါသ ထွက်နေပုံပါဘဲ အဆိုးဆုံးက သူ့ကို လိမ်ပြောလိုက်တာကို သူဒေါသ အထွက်ဆုံးဘဲ ။

" သား မလိမ်ပါဘူး🥺 သား သားက အကိုရိပေါ်နဲ့ လျှောက်လည်နေတာ "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now