အပိုင်း ၁ သို့ အဆုံး

3 0 1
                                    

ကိုယ်အတွက် တစ်နေ့တာ ဖြစ်နေတဲ့ဒီလူကိုလက်လွှတ်ဖို့ဆိုမလွယ်ကူပါဘူး ဖုန်းပြောဖြစ်သည်ဖြစ်စေမပြောဖြစ်သည်ဖြစ်စေ သူကငါအပိုင်ဆိုတာကသိနေသလိုမျိုး နှစ်တွေနဲ့ချီပြီး နေထွက်ချိန်ကစပြီး ညအိပ်ချိန်ထိ ကိုယ့်ဘဝထဲရှိနေသူတစ်ယောက် အသားကျနေပြီးဖြစ်တဲ့ဘဝကနေ ကိုယ့်ဘဝထဲသူမရှိတော့ဘူးဆိုတာကိုမတွေးရဲဖူးဘူး မသိစိတ်မှာ ငါ့ရဲ့တစ်နေ့တာတွေထဲမှာ ဒီလူဆက်တိုက်ပါနေလိမ့်မယ်လို့ပဲထင်ခဲ့တာ

တွေ့တဲ့အခါတိုင်း မလွှတ်တမ်းဆုပ်ကိုင်ပေးထားတဲ့လက်တစ်စုံ ဆေးလိပ်တွေသောက်တာမကြိုက်ပေမဲ့ အတူတွေ့ပြီးပြန်ကြတဲ့ညနေခင်းတိုင်းမှာ တစ်နေကုန်သူကိုင်ထားပေးတဲ့ကိုယ့်လက်မှာစွဲလာတဲ့ စီးကရက်အနံမွှေးမွှေးလေးကို ရူရှိုက်မိတာ သူရဲ့ကိုယ်သင်းနံလိုမှတ်ယူထားတဲ့အနံလေး

သူ‌နဲ့ရန်ဖစ်တိုင်း ကိုယ်မှားတာပါ တောင်းပန်ပါတယ်ပြောတက်တဲ့သူ အားမလိုအားမရဖြစ်ခဲ့ဖူးတယ်အဲ့လိုပြောတိုင်း ကိုယ်ကသူစိတ်ထဲရှိတာတွေကိုယ့်ကိုပြောပြစေချင်ခဲ့ပေမဲ့ ကိုယ်ပြောမိတာ နင့်မှာအာတာကလွှဲပြီးပြောစရာမရှိဘူးလားလို့ သူပြောတာကငယ်မို့လို့ပါတဲ့ အဲ့လိုကောင်လေးမျိုး

ကိုယ်ဘယ်လောက်ရစ်ရစ် လမ်းသွားနေလည်း အတန်းတက်နေလည်း ထမင်းစားနေလည်း ဖုန်းကိုင်ထားပေးလို့ပြောတာနဲ့ VC ခေါ်ထားပေးတဲ့ကောင်လေး ကိုယ်ဘယ်လောက်ဆိုးဆိုး မညိုငြင်တဲ့ရင်ခွင်

ရန်ဖစ်လည်း မျက်ခုံးတစ်စုံက ကျုံ့နေတာကလွှဲရင်ကိုယ့်အပေါ်မာမာထန်ထန်မပြောခဲ့ဘူး ကိုယ်ဘယ်လောက်အော်ဟစ်သောင်းကျန်းနေနေ ကိုယ်မှားတာပါဆိုတဲ့လူ

အရက်မူးမှသာ သူမကျေနပ်တာလေးတွေထုတ်ပြောတက်တဲ့သူ
ကျန်တဲ့ချိန်ဆို ဘာမှမပြောပဲ နေတက်တဲ့လူပေါ့

သူမေးဖူးတယ် သူ့အတွက်ကျရေးထားတဲ့စာမရှိဘူးတဲ့ အမှန်ပြောရရင် ကိုယ့်မှာ ဆွေးတဲ့ခံစားချက်နဲ့သူ့အတွက်ရေးစရာစာမရှိခဲ့ဘူး ရန်ဖစ်လည်း တစ်နေတောင်မနေနိုင်ခဲ့ကြလို့ ကိုယ်ကို ခံစားရအောင်မလုပ်ခဲ့တော့ ရင်ကွဲတဲ့စာတွေချရေးဖို့အချိန်ကမရှိဘူး မရေးရသေးခင်ထဲက ပြန်ရီမောနေရပြီမို

ကိုယ်လမ်းခွဲစကားအမြဲပြောဖြစ်တယ်ရန်ဖစ်တိုင်း ဒါမဲ့ ကိုယ်ပြောတိုင်းသူနောက်ကလိုက်ပြောမဲ့စကားက ကောင်းပြီ လမ်းခွဲရအောင်လို့ပြောမာမဟုတ်ဘူးလို့ယုံကြည်ထားလို့ မပြောပါနဲ့လို့လည်းစိတ်ထဲကြိတ်ဆုတောင်းနေတာ ဘယ်လောက်သူ့ကိုစိတ်ဆိုးဆိုး ဒေါသထွက်ထွက် သူမပါပဲဆက်လျှောက်မယ်လို့မတွေးရဲဘူး

ကိုယ့်မာသူ့ကိုပြောပြလို့မရတဲ့အရာတွေရှိတယ် အာကြောင့်လည်းမလုံခြုံမှုတွေနဲ့ ပြသနာရှာမိတာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပါ သူလိုချင်တာပြောတိုင်း သူနဲ့မပေါင်းဖက်နိုင်တဲ့ကိုယ်က မသိစိတ်မာငြင်းဆန်မိ‌တာ

ကိုယ့်ရဲ့ပြနိုင်တဲ့ချစါခြင်းက သူဗိုက်အောကါ့တက်တာ ပူတက်တာ စသဖြင့်မှတါထားပြီး တွေ့တဲ့အခါသတိတရဆေးဝယ်ပေးတာ အနားမာမရှိနိုင်လို့ လိုမယ်ထင်တဲ့ဟာလေးတွေဝယ်ပေးနိုင်တာပဲရှိတယ်

သူ့လောက်ကိုယ့်အပေါ်ကောင်းမဲ့သူလည်းထက်ရှိနိုင်မာမဟုတ်သလို သူ့လောက်ကိုယ်ချစ်နိုင်မဲ့သူလည်းမရှိနိုင်လောက်တော့ဘူး
နှစ်တွေကြာတဲ့အခါသူ့မာကိုယ်ရှိပြီး ကိုယ့်မာသူရှိခဲ့တယ်ဆ်ုတာမေ့မသွားရလေအောင်
ဒီလူကိုရနိုင်မယ်ဆိုဘယ်ချိန်ဖြစ်ဖြစ်ပြန်လိုချင်မိပါတယ်
အတွေးနဲ့တောင်သဝန်တိုတက်တဲ့ငါက နင့်ကိုမပိုင်ဆိုင်ရတော့တာလောက် နာကျင်ရတာနင်မသိဘူး

တစ်ခါတစ်လေပြောပြချင်မိတယ် ငါနာကျင်ရတဲ့အကြောင်းတွေ

ခုမဟုတ်လည်းတစ်ချိန်မှာနင့်ကိုလက်လွှတ်ပေးရမယ်ဆိုတာသိနေတဲ့ငါက ခုထိဆွဲထားမိတာ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ပါ
နင့်အတွက်မတရားမှန်းသိပေမဲ့တက်နိုင်သလောက်အနားမှာနေချင်ခဲ့တာ

ဘယ်သူမှမမှားတဲ့ဒီဇာတ်လမ်းမှာ ငယ်ရော ကိုရောနာကျင်ခဲ့ရပါတယ်

ငယ်မပိုင်ဆိုင်နိုင်တော့တဲ့လူအတွက်

You've reached the end of published parts.

⏰ Last updated: Jun 05, 2023 ⏰

Add this story to your Library to get notified about new parts!

my boyfriend Where stories live. Discover now