The avenge!

973 76 2
                                    

Unicode

ရိပေါ်မျက်လုံးဖွင့်လိုက်တော့ လိုက်ကာစကတစ်ဆင့်အခန်းထဲကိုနေရောင်ခြည်ဝင်ရောက်နေလေပြီ။ လေးလံနေတဲ့ခေါင်းကြောင့်စိတ်မကြည်လင်သလို ခန္ဓာကိုယ်ကလည်းအရမ်းကိုကိုက်ခဲနေသည်။ အားယူပြီးအိပ်ရာကနေထကာ ရေချိုးခန်းထဲဝင်ဖို့ပြင်လိုက်ပေမဲ့ လမ်းတစ်ဝက်မှာပဲခွေကျသွားသည်။ စိုစွတ်မှုကြောင့် ခြေထောက်ကိုငုံ့ကြည့်လိုက်တော့ ဖျင်သားဘောင်းဘီကနေတစ်ဆင့်စီးကျနေတဲ့သွေးတွေကိုတွေ့လိုက်တော့ ရိပေါ်နာကျင်စွာပြုံးလိုက်ပြီးနောက် သတိမေ့မျောသွားတော့သည်။

အတိတ်အချိန်.....

ဒီနေ့ကဝမ်ရိပေါ်အသက်၁၇နှစ်ပြည့်မွေးနေ့အတွက်ပါးနဲ့မားကPartyကျင်းပပေးဖို့အစီစဥ်ဆွဲတဲ့နေ့ ရိပေါ်မွေးနေ့မရောက်ခင်၈ရက်အလိုနေ့။ ကိုကိုကရိပေါ်ကို ချစ်ကြောင်းဝန်ခံထားပြီး နှစ်ဦးသားချစ်သူဖြစ်သည့်၂လပြည့်အထိန်းအမတ်လေး။ ပါးနဲ့မားကအပြင်ကိုသွားနေခဲ့တာကြောင့်ဒီနေ့အိမ်မှာ ရိပေါ်နဲ့ကိုကိုသာကျန်ခဲ့သည်။ ညနေစောင်းရောက်နေပြီမို့ အိမ်စေများကအနောက်ဖက်အိမ်ရှိအိမ်စေတန်းလျားသို့ပြန်သွားကြပြီဖြစ်၍ စံအိမ်ထဲတွင်သူနဲ့ကိုကိုသာကျန်ရစ်နေတော့သည်။ ညစာအတွက်ပြင်ဆင်နေချိန် အနောက်မှကိုကိုကရိပေါ်ခါးကိုသိုင်းဖက်လာပြီးရိပေါ်ပုခုံးပေါ်မေးတင်ကာပါးကိုဖွဖွလေးလာနမ်းသည်။

"ဝမ်လေး ဒီနေ့ကိုကိုတို့ချစ်သူဖြစ်တာနှစ်လပြည့်ပြီနော်"

"ဟုတ်တယ်လေကိုကို"

ရိပေါ်ပြန်ဖြေတော့ကိုကို့ဆီကခပ်ဖွဖွရယ်သံထွက်ပေါ်လာပြီး ရိပေါ်လည်တိုင်ကိုလာနမ်းသည်။ နမ်းရုံတင်မဟုတ်ဘဲ ကိုက်ပါကိုက်လိုက်သည်ကြောင့် ရိပေါ်ကိုယ်လေးတွန့်သွားသည်။

"အာ့ ကိုကို"

"ကိုကိုဝမ်လေးကိုလိုချင်တယ်"

"ကိုကို....."

"ဝမ်လေးကိုချစ်တယ် အပိုင်လိုချင်တယ် ဝမ်လေးရဲ့သက်ဆိုင်သူဖြစ်ချင်တယ်"

"ကိုကို့သဘောပါ ဝမ်လေးကိုကို့ကိုချစ်တယ်"

ထို့နောက်ရိပေါ်အားမီးဖိုခန်းထဲမှပွေ့ချီသွားပြီး အပေါ်ထက်ကရှောင်ကျန့်အခန်းထဲသို့ဦးတည်သွားကြသည်။ နှစ်ယောက်တည်းရှိတဲ့ညနေခင်းလေး တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်မှာ သာယာမှုကြောင့်ညီးသံတို့ထွက်ပေါ်လာပြီး တစ်ယောက်ကိုတစ်​ယောက်အဖော်ပြုကာညနေခင်းရဲ့ပန်းချီကားကိုပိုမိုအသက်ဝင်စေခဲ့ပေသည်။

If The Worst Comes To The WorstWhere stories live. Discover now