အသက်ပြင်းပြင်းရှူလိုက်တိုင်း အသက်ရှူလမ်းကြောင်းထဲ အလုံးအရင်း ဝင်ရောက်လာတဲ့ မြေအောက်ခန်းရဲ့ အောက်သိုးသိုးအနံ့ကြောင့် သူ့ကလီစာတွေ ဆွဲစုပ်ခံထားရသလို။
ကျောင်းအတွင်း ဤလိုအခန်းမျိုးရှိမှန်း သူတစ်ခါမှ မတွေးမိခဲ့။
နာရီပေါင်းများစွာ မြှောက်ထားရတဲ့လက်ကြောင့် တောင့်ခဲလာတဲ့ သူ့လက်မောင်းကြွက်သားတွေဟာ မကြာခင်ကျိုးကျေမွတော့မယ်တောင် ထင်ရသည်။ကြာမြင့် လှတဲ့အချိန်နဲ့အတူ တဖြည်းဖြည်းခန္ဓာကိုယ်က အားတွေ ဆုတ်လျှော့လာပြီ ။
သူ့ခန္ဓာကိုယ်ပေါ်တွင် အဝတ်နှင့်တူတာဆိုလို့ အတွင်းခံ အရှည်တစ်ထည်သာရှိပြီး ကိုယ်အနှံ့တွင်လဲ အညိုအမဲရာများ အပြည့်။
သူ့နှုတ်ဖျားက ချမ်းသာပေးဖို့ တတွတ်တွတ်တောင်းပန်ပြန်ရင်လဲ သူလက်ထဲက ရေတွေရဲ့ အလေးချိန် တိုးလာဖို့သာရှိသည်။
သူဟာ အခုမလွတ်မြောက်နိုင်တဲ့ ငရဲခန်းထဲမှာ။
ဒီနေရာမှာ တောင်းပန်းခြင်းတွေ ညွတ်တွားခြင်းတွေက အသုံးမဝင် ။
သူတို့ စိတ်ကြိုက်သလောက် ညှင်းဆဲပြီးသွားလို့ စိတ်ကျေနပ်သွားခဲ့ရင် ကံကောင်းထောက်မစွာ သူလွတ်မြောက်ပြီး
စိတ်အနှောက်အယှက် ဖြစ်အောင် ပိုလုပ်မိခဲ့ရင်တော့.........."လက်ကို သေချာမြှောက်ထားလို့ပြောနေတယ်လေ!! နားမပါဘူးလား!!!!"
အပြောနဲ့အတူ နံရိုးဆီကို ပစ်သွင်းလာတဲ့ ကန်ချက်တွေကြောင့် သူ့၏ နာကျင်မှုနဲ့အတူ သူ့ကိုယ်ဟာ ယိမ်းယိုင်သွားရသည်။
ဟန်ချက်ပျက်သွားသော ကိုယ်ကြောင့် ပင့်ကိုင်ထားသည့် ရေပုံးထဲက ရေများဟာ သူ့တစ်ကိုယ်လုံးပေါ် သို့ သွန်ကျ၍ စိုရွှဲသွားစေသည်။
လဲကျသွားသည့် ကိုယ်ကို ကုန်းရုန်းထလို့ ဘေးတွင် မှောက်ကျနေသည့် ရေဗုံးဟာ ရေမကျန်တော့သည့်တိုင် ပြန်၍ပင့်မြှောက်ထားလိုက်သည်။
စိတ်အနှောက်အယှက် တစ်ခုလေးမှ မပေးမိအောင်နေတာကမှ သူ ငရဲခန်းထဲက ထွက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။
ဒီတစ်ခါသာ ထပ်ပြီး အပြစ်ပေးခံရရင် သူ့အသက်အတွက် သူအာမခံနိုင်တော့။
သူ့ရှေ့က လူတွေအကြောင်း သူ အသိဆုံးပင်။
အကြင်နာမဲ့တယ် ။
ရက်စက်တတ်တယ်။
ရမ်းလည်းရမ်းကာလွန်းပြန်တယ်။
ပြီးတော့ အာဏာရှိတယ်။
YOU ARE READING
Forgiving the Unforgivable
Fanfictionyanghoon one shot Big Warning (Top- Yang jungwon Bottom- Park Sunghoon) Disclamation- rated 16+ Read at your own risk Collaboration with Rina_yeol3