Forgiving the Unforgivable (uni)

831 55 11
                                    


​အသက်ပြင်းပြင်းရှူလိုက်တိုင်း  အသက်ရှူလမ်းကြောင်းထဲ  အလုံးအရင်း ဝင်​ရောက်လာတဲ့   ​မြေ​အောက်ခန်းရဲ့    အောက်သိုးသိုးအနံ့​ကြောင့်  သူ့ကလီစာ​တွေ ဆွဲစုပ်ခံထားရသလို။
​ကျောင်းအတွင်း   ဤလိုအခန်းမျိုးရှိမှန်း သူတစ်ခါမှ မ​တွေးမိခဲ့။
​နာရီ​ပေါင်းများစွာ     မြှောက်ထားရ​တဲ့လက်ကြောင့်  ​တောင့်ခဲလာတဲ့    သူ့လက်​မောင်း​ကြွက်သားတွေဟာ    မကြာခင်ကျိုးကျေမွ​တော့မယ်​တောင်     ​ထင်ရသည်။

ကြာမြင့် လှတဲ့အချိန်နဲ့အတူ   တဖြည်းဖြည်းခန္ဓာကိုယ်က  အား​တွေ ဆုတ်​​​လျှော့လာပြီ ။
သူ့ခန္ဓာကိုယ်​ပေါ်တွင်  အဝတ်နှင့်တူတာဆိုလို့   အတွင်းခံ အရှည်တစ်ထည်သာရှိပြီး  ကိုယ်အနှံ့တွင်လဲ  အညိုအမဲရာများ အပြည့်။
သူ့နှုတ်ဖျားက  ချမ်းသာ​ပေးဖို့ တတွတ်တွတ်​​​တောင်းပန်ပြန်ရင်လဲ   သူ​လက်ထဲက  ​ရေ​တွေရဲ့ အ​လေးချိန်  တိုးလာဖို့သာရှိသည်။
သူဟာ အခုမလွတ်​မြောက်နိုင်တဲ့ ငရဲခန်းထဲမှာ။
​ဒီ​နေရာမှာ   တောင်းပန်းခြင်း​တွေ ညွတ်တွားခြင်း​တွေက အသုံးမဝင် ။
သူတို့ စိတ်ကြိုက်သ​လောက် ညှင်းဆဲပြီးသွားလို့  စိတ်​ကျေနပ်သွားခဲ့ရင်​  ကံ​ကောင်း​ထောက်မစွာ   သူလွတ်​မြောက်ပြီး
စိတ်အ​နှောက်အယှက် ဖြစ်​အောင် ပိုလုပ်မိခဲ့ရင်​တော့..........

"လက်ကို  ​​သေချာ​မြှောက်ထားလို့​ပြော​နေတယ်​လေ!!   နားမပါဘူးလား!!!!"

  အ​ပြောနဲ့အတူ   နံရိုးဆီကို  ပစ်သွင်းလာတဲ့    ကန်ချက်​တွေ​ကြောင့်    သူ့၏ နာကျင်မှုနဲ့အတူ  သူ့ကိုယ်ဟာ ယိမ်းယိုင်သွားရသည်။
ဟန်ချက်ပျက်သွား​သော  ကိုယ်​ကြောင့်   ပင့်ကိုင်ထားသည့်    ​ရေပုံးထဲက ​ရေ​များဟာ  သူ့တစ်ကိုယ်လုံး​ပေါ် သို့    သွန်ကျ၍   စိုရွှဲသွား​စေ​သည်။
လဲကျသွားသည့် ကိုယ်ကို ကုန်းရုန်းထလို့    ​ဘေးတွင် ​မှောက်ကျ​နေသည့်     ​ရေဗုံးဟာ  ​​ရေမကျန်​တော့သည့်တိုင်    ပြန်၍ပင့်​မြှောက်ထားလိုက်သည်။
စိတ်အ​နှောက်အယှက် တစ်ခု​​လေးမှ မ​ပေးမိ​အောင်​နေတာကမှ   သူ ငရဲခန်းထဲက  ထွက်နိုင်မယ့် တစ်ခုတည်း​သော နည်းလမ်းပဲ။
ဒီတစ်ခါသာ  ထပ်ပြီး အပြစ်​ပေးခံရရင် သူ့အသက်အတွက်   သူအာမခံနိုင်​တော့။
သူ့​​​ရှေ့က လူ​တွေအ​ကြောင်း သူ အသိဆုံးပင်။
အကြင်နာမဲ့တယ်  ။
ရက်စက်တတ်တယ်။
ရမ်းလည်းရမ်းကာလွန်းပြန်တယ်။
ပြီးတော့  အာဏာရှိတယ်။

  Forgiving the UnforgivableWhere stories live. Discover now