💕 - 3

4.7K 213 21
                                    

✍️ Unicode

" ဖေဖေ... သားလဲ ဟိုကြောင်အိမ်ထဲကကြက်သားဟင်းနဲ့ထမင်းစားချင်တယ်...... "

ဟင်းကောင်းရယ်လို့ဟုတ်တိပတ်တိမစားရဘဲ နေ့တိုင်းနီးပါးလောက် ရှင်းသန့်မောင်စားတဲ့အတိုင်းအသီးအရွက်ဟင်းနဲ့သာဖြစ်သလိုစားရတဲ့ သားငယ်ကိုကြည့်ပြီးရှင်းသန့်မောင်စိတ်မကောင်းမိ။

အရင်နေ့တွေကဆိုရင်တော့ အသားဟင်းချက်ရင် သားငယ်မမြင်အောင်ဖွက်ထားလေ့ရှိပေမဲ့ ဒီနေ့တော့ရှင်းသန့်မောင်ကြက်သားဟင်းချက်နေတုန်း သားငယ်ကမီးဖိုထဲကိုရုတ်တရက်ဝင်လာတာမို့ ဖွက်မထားခင်လိုက်။

" နော်ဖေဖေ... သားကိုတစ်တုံးလောက်ပဲကျွေးပါလားဟင်...... "

အသားဟင်းစားချင်သည့်သားငယ်ကို ရှင်းသန့်မောင်အပြစ်မဆိုရက်ပါ။တစ်ခါတစ်ရံအရီးမယ်ခတို့အိမ်နဲ့ မအေးညိုတို့လင်မယားအိမ်ကပေးမှသာအသားဟင်းစားရတာမို့ အခုလဲကလေးပီပီစားချင်ရှာပေမပေါ့။

နောက်မှဘာပဲဖြစ်ဖြစ်ဆိုတဲ့အတွေးနဲ့ သားငယ်ကိုထမင်းကျွေးနေရာကထပြီး ကြောင်အိမ်ထဲမှာထည့်ထားတဲ့ဟင်းခွက်ထဲက ကြက်သားတုံးတစ်တုံးကိုယူလိုက်ချိန်မှာပဲ

" ဒါကဘာလုပ်တာလဲ ရှင်းသန့်မောင်...... "

ရုတ်တရက်ခက်ထန်စွာထွက်လာတဲ့ နေမင်းခန့်ဆီကအသံကြောင့် ရှင်းသန့်မောင်ဆတ်ခနဲတောင်တုန်သွားမိတာပဲ။နောက်ကိုလှည့်ကြည့်လိုက်တော့ ဘယ်အချိန်ကစ မီးဖိုထဲရောက်လာမှန်းမသိတဲ့ နေမင်းခန့်က ရှင်းသန့်မောင်ကိုခါးထောက်ပြီးကြည့်လို့။

သားငယ်ကတော့ထမင်းစားလက်စ လက်နှစ်ဘက်ကိုအောက်ချပြီး ရှင်းသန့်မောင်ဆီကိုမျက်ရည်ဝိုင်းနေတဲ့မျက်လုံးကြီးတွေနဲ့ကြည့်ရင်း နေမင်းခန့်ကိုတော်တော်ကြောက်နေတဲ့ဟန်။အင်္ကျီလက်အနားလေးတွေတောင်တဆတ်ဆတ်တုန်လို့။

" သားငယ်က ကြက်သားဟင်းစားချင်တယ်ဆိုလို့ပါ...... "

" နေစမ်းပါဦး... မင်းတို့သားအဖကဒီအိမ်မှာ ကြက်သားဟင်းစားခွင့်ရှိလို့လား...... ဟမ်... "

" ဒီမှာ နေမင်းခန့်... ဒီကလေးက မင်းရဲ့သားနော်... ဒီလောက်ကလေးတောင်မသထာနိုင်ဘူးလား...... "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now