ep(16)

2.2K 135 0
                                    

🖤CAN'T LOSE  YOU 🖤






ep(16)




"မျက်နှာက အဆင်ပြေရဲ့လား "

"ဘာမှ မဖြစ်ဘူး အေးဆေးဘဲ စိတ်မပူနဲ့နော် "


ကျောင်းအနီးနားရှိ ကော်ဖီဆိုင်တခုရဲ့ ထောင့်ဆုံးဝိုင်းမှာ ထိုင်နေတဲ့ လူနှစ်ဦးဟာ တယောက်ကိုတယောက် ဘယ်လောက်စိတ်ပူနေမှန်း မြင်ရုံနဲ့သိနိုင်သည် ။

ရှောင်ကျန့်တယောက် တစ်ရှူးယူကာ မောင့်မျက်နှာက ညိုမဲနေတဲ့ ဒဏ်ရာကို သန့်ရှင်းပေးဖို့ လုပ်ပေမဲ့  မျက်နှာနား မရောက်ခင် မောင်က သူ့လက်ကို ဖမ်းဆုတ်ထားပြီး သူ့ကို စိတ်မပူဖို့ ပြောလာသည် ။

ငါဘယ်လို စိတ်မပူဘဲ နေနိုင်မှာလဲ မောင်ရယ် ။ မောင်က ငါချစ်သော အမျိုးသားလေ မောင်ထိခိုက်ရင် ကျနော်လည်း နာကျင်တယ်မောင်ရဲ့  ဒါက အချစ်ကြောင့် ဖြစ်တယ်ဆိုရင် ငါမောင့်ကို အရူးမူး ချစ်မိနေပြီ .....

အင်း ထိန်းချုပ်ဖို့ ခက်နေလို့ ရူးမိုက်စွာ ချစ်ခွင့်ပြုပါ

"Babe လေး "

သူ့ကို စိတ်ပူပန်မှု များနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတ​ဲ့ Babe ကို ပါးလေးကို အုပ်ကိုင်ကာ ခေါ်မိတော့ အရည်လဲ့နေတဲ့ ပုလဲသဖွယ် မျက်လုံးလှလှလေးတွေက သူ့ကို ကြည့်လာတယ် ။

"'မောင်ဘာမှ မဖြစ်ဘူးနော် Babe ကိစ္စအရင်ပြော မနေ့က အဆူခံရတယ်ဆို "

" ဟင် မောင်က ဘယ်လိုသိတာလဲ မောင်ရဲ့ အဆောင်မှူးမမ လက်ချက်မှ ဟုတ်ရဲ့လား "

လက်ကြီးကြီးထဲမှ ရုန်းထွက်သွားတဲ့ ကလေးပေါက်စက နှုတ်ခမ်းထော်ကာ မျက်စောင်းထိုးရင်း မေးလာတာမို့ ရိပေါ်မှာ ဟက်ကနဲ ရီချမိသည် ။ အသည်းယားအောင် လုပ်နေပြန်ပြီ


" မောင့်ရဲ့ လို့ မထည့်လို့ ရမလား Babe မောင်က မင်းကြောင့်ပတ်သတ်နေတာမို့လို့ပါဗျ "


"ကျနော့်ကြောင့်ပေါ့လေ "

"ဒါပေါ့ မောင့် Babe လေးက ညက  ဖုန်းမကိုင်တော့ မောင်က သူ့ကို ဆက်မေးရတာလေ babe ဘာဖြစ်လဲဆိုပြီး စိတ်ပူလွန်းလို့ ရူးတော့မလိုဘဲ "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now